ရွှေတောင်မြို့နယ်တွင် ၂၀၂၅ ခုနှစ်၊ မတ်လအတွင်းစာမေးပွဲဖြေဆိုမည့် အခြေခံပညာကျောင်းများအား မီးဘေးလုံခြုံရေး စစ်ဆေးခြင်းများဆောင်ရွက်

ရွှေတောင် ဖေဖော်ဝါရီ ၁၇

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ရွှေတောင်မြို့နယ်တွင် ၂၀၂၅ ခုနှစ်၊ မတ်လအတွင်းစာမေးပွဲဖြေဆိုမည့် အခြေခံပညာကျောင်းများအား မီးဘေးလုံခြုံရေး စစ်ဆေးခြင်းများလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အဆိုပါ စစ်ဆေးရာတွင် ပြည်ခရိုင်၊ ရွှေတောင်မြို့နယ်မီးသတ်စခန်းမှ ဒုတိယမီးသတ်ဦးစီးမှူး ဦးဆောင်၍ တပ်ဖွဲ့၀င်များမှ မြို့ပေါ်ရပ်ကွက်များရှိ အခြေခံပညာကျောင်းများနှင့် ကျေးရွာအုပ်စုများရှိ အခြေခံပညာကျောင်းများအား မယားမံနယ်မြေမီးသတ်စခန်းမှ လက်ထောက်မီးသတ်ဦးစီးမှူးဦးဆောင်၍ နယ်မြေမီးသတ်စခန်း တပ်ဖွဲ့၀င်များမှ ဖြေဆိုမည့် ကျောင်းများတွင် မီးလောင်မှု၊ မီးလန့်မှုများမဖြစ်ပွားစေရေးအတွက် မီးဘေးလုံခြုံရေးစစ်ဆေးခြင်း၊ မီးဘေးကြိုတင်ကာကွယ်ရေး ပစ္စည်းများစစ်ဆေးခြင်း၊ မီးသတ်အုတ်ရေကန်များအားစစ်ဆေး၍ လိုအပ်သည့် အကြံပြုခြင်းများအား ပြုလုပ်ဆောင်ရွက်ခဲ့ကြကြောင်း ရွှေတောင်မြို့နယ်မီးသတ်ဦးစီးမှူးရုံးမှ သိရသည်။

ကိုကိုမင်း (ပြန်/ဆက်)