ဝေါမြို့နယ်၌ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး ကွင်းဆင်းစစ်ဆေး
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ဝေါမြို့နယ်တွင် မြို့နယ်မီးသတ်ဦးစီးဌာနမှကြီးမှူး၍ ယနေ့နံနက်ပိုင်း (၁၁) နာရီအချိန်က အေးချမ်းသာယာရပ်ကွက်အတွင်းရှိ နေအိမ်များအား မီးဘေးကြိုတင်ကာကွယ်ရေးဆောင်ရွက်ထားရှိမှုများနှင့် မီးလောင်မှုများမဖြစ်ပွားစေရေးအတွက် တစ်အိမ်တက်/ဆင်း လိုက်လံစစ်ဆေးခြင်းလုပ်ငန်းများကို ဆောင်ရွက်ခဲ့သည်။