ပဲခူးတိုင်းဒေသကြီး

မင်းလှမြို့နယ်တွင် (ဒုတိယအကြိမ်) မဲရုံမှူး၊ ဒုမဲရုံမှူးသင်တန်းဖွင့်လှစ်

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မင်းလှမြို့နယ်တွင် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးအတွက်(ဒုတိယအကြိမ်)မဲရုံမှူး၊ ဒုမဲရုံမှူးသင်တန်း ဖွင့်လှစ်ပို့ချခြင်းကို ဒီဇင်ဘာ ၂၆ ရက်နံနက် ၉ နာရီခွဲချိန်က အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ပြုလုပ်ခဲ့သည်။

မင်းလှမြို့နယ်တွင် (ဒုတိယအကြိမ်) မဲရုံမှူး၊ ဒုမဲရုံမှူးသင်တန်းဖွင့်လှစ်

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မင်းလှမြို့နယ်တွင် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးအတွက်(ဒုတိယအကြိမ်)မဲရုံမှူး၊ ဒုမဲရုံမှူးသင်တန်း ဖွင့်လှစ်ပို့ချခြင်းကို ဒီဇင်ဘာ ၂၆ ရက်နံနက် ၉ နာရီခွဲချိန်က အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ပြုလုပ်ခဲ့သည်။

ပေါက်ခေါင်းမြို့နယ်၌ “(၇၈)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် အားကစားပြိုင်ပွဲ”များ စတင်ဖွင့်လှစ်ခြင်းအခမ်းအနားကျင်းပ

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပေါက်ခေါင်းမြို့နယ်တွင် “(၇၈)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် အားကစားပြိုင်ပွဲ” များ စတင်ဖွင့်လှစ်ခြင်းအခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက မြို့နယ်အားကစားခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

သဲကုန်းမြို့နယ်တွင် ဆောင်းသီးနှံစိုက်ပျိုးရာသီ၌ စိုက်ပျိုးထားသော မတ်ပဲနှင့် ပဲတီစိမ်းစိုက်ခင်းများ အောင်မြင်ဖြစ်ထွန်းလျက်ရှိ

ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ သဲကုန်းမြို့နယ်ရှိ ဒေသခံတောင်သူများအနေဖြင့် ပဲမျိုးစုံသီးနှံ စိုက်ပျိုးထုတ်လုပ်မှုကဏ္ဍ ဖွံ့ဖြိုးတိုးတက်စေရန်၊ ဒေသတွင်း စားနပ်ရိက္ခာ ဖူလုံစေရန်နှင့် ဝင်ငွေတိုးပွားစေရန်အတွက် ယခုနှစ်ဆောင်းသီးနှံစိုက်ပျိုးရာသီ၌ စိုက်ပျိုးထားသော မတ်ပဲနှင့် ပဲတီစိမ်းစိုက်ခင်းများအောင်မြင်ဖြစ်ထွန်းလျက်ရှိသည်။

တောင်ငူမြို့နယ်အတွင်း ခရိုင်/ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီအဖွဲ့ဝင်များ၊ ခရိုင်နှင့် မြို့နယ်ကော်မရှင်အဖွဲ့ခွဲ အဖွဲ့ဝင်များ၊ မဲရုံမှူး၊ ဒုတိယမဲရုံမှူးများအား ပေါင်းစပ်ညှိနှိုင်းခြင်း ဆောင်ရွက်

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင်၊ ပဲခူးတိုင်းဒေသကြီး တာဝန်ခံ ဦးအောင်မြင့်လွင်သည် တောင်ငူမြို့နယ်အတွင်း ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပပြုလုပ်နိုင်ရေးအတွက် ခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီအဖွဲ့ဝင်များ၊ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီအဖွဲ့ဝင်များ၊ ခရိုင်နှင့်မြို့နယ်ကော်မရှင်အဖွဲ့ခွဲအဖွဲ့ဝင်များ၊ ရပ်ကွက်/ကျေးရွာအုပ်စုအုပ်ချုပ်ရေးအဖွဲ့များ၊ မဲရုံအလိုက်တာဝန်ထမ်းဆောင်ကြမည့် မဲရုံမှူး၊ ဒုတိယမဲရုံမှူးများအား ယနေ့နံနက် (၉)နာရီအချိန်က တောင်ငူမြို့၊ ခပေါင်းခန်းမ၌ တွေ့ဆုံ၍ပေါင်းစပ်ညှိနှိုင်းခြင်း ဆောင်ရွက်သည်။

လက်ပံတန်း၌ နိုင်ငံသားစိစစ်ရေးကတ်ပြား ပျောက်ဆုံးပျက်စီးသူများအား ပန်းခင်း(၃)စီမံချက်အရ One Stop Service ဖြင့်ဆောင်ရွက်ပေး

ပဲခူးတိုင်းဒေသကြီး၊ လက်ပံတန်းမြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနမှ နိုင်ငံသားစိစစ်ရေးကတ်ပြား ပျောက်ဆုံးပျက်စီးသူများအား ပန်းခင်း(၃)စီမံချက်အရ One Stop Service ဖြင့် ကတ်ပြားအသစ်ပြုလုပ်ခြင်းကို ယမန်နေ့နံနက်ပိုင်းက (၂)လမ်း မြို့နယ်ခန်းမ၌ ဆောင်ရွက်ပေးခဲ့သည်။

နတ်တလင်းမြို့နယ်တွင် တတိယအကြိမ် မဲဆန္ဒရှင်စာရင်းများအား ရပ်ကွက်/ကျေးရွာများအတွင်း ကပ်ထားကြေညာ

ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ နတ်တလင်းမြို့နယ်တွင် ၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် သက်ဆိုင်ရာရပ်ကွက်ကျေးရွာရှိ ကော်မရှင်အဖွဲ့ခွဲရုံးများတွင် တတိယအကြိမ်မဲဆန္ဒရှင်စာရင်းများကို ယမန်နေ့က စတင် ကပ်ထားကြေညာလျက်ရှိရာ ပြည်သူများ လာရောက်ကြည့်ရှုလျက်ရှိကြောင်း သိရသည်။

နတ်တလင်းမြို့နယ်အတွင်း နိုင်ငံသားစိစစ်ရေးကတ်များ ကိုင်ဆောင်ခဲ့ခြင်းမရှိသူများနှင့် (ပျောက်ဆုံး၊ ပျက်စီး၊ လဲလှယ်)တို့အား One Stop Service ဖြင့် နေ့ချင်းပြီး ဆောင်ရွက်ပေး

နတ်တလင်းမြို့နယ်အတွင်း နိုင်ငံသားစိစစ်ရေးကတ်များ ကိုင်ဆောင်ခဲ့ခြင်းမရှိသူများနှင့် (ပျောက်ဆုံး၊ ပျက်စီး၊ လဲလှယ်)တို့အား One Stop Service ဖြင့် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ နတ်တလင်းမြို့နယ်ရုံးမှ မြို့နယ်ဦးစီးမှူး ဦးမောင်မောင်ကြိုင်နှင့် ဝန်ထမ်းများက ဆောင်ရွက်ပေးလျက်ရှိသည်။

သာယာဝတီမြို့နယ်တွင် မဲရုံများ မီးဘေးလုံခြုံရေး ကွင်းဆင်းဆောင်ရွက်

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ သာယာဝတီမြို့နယ်တွင် မဲရုံများ မီးဘေးလုံခြုံရေး ယနေ့နံနက် ၉ နာရီက ကွင်းဆင်းဆောင်ရွက်ကြသည်။

ပေါင်းတည်မြို့၌ ပြန်ကြား‌ရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လုပ်ငန်းများဆိုင်ရာ ဆင့်ပွားသင်တန်းများ ဖွင့်လှစ်ပို့ချ

ပဲခူးတိုင်းဒေသကြီး၊ ပေါင်းတည်မြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရှိ လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လုပ်ငန်းများဆိုင်ရာ ဆင့်ပွားသင်တန်းများ ဖွင့်လှစ်ပို့ချ‌ပေးလျက်ရှိသည်။
Subscribe to ပဲခူးတိုင်းဒေသကြီး