ပဲခူးတိုင်းဒေသကြီး

ရွှေတောင်မြို့နယ်အတွင်း ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများအား ကွင်းဆင်းကြည့်ရှုစစ်ဆေး

ပဲခူးတိုင်းဒေသကြီး ၊ပြည်ခရိုင်၊ ရွှေတောင်မြို့နယ်အတွင်း ပြည်ခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ ခရိုင်စိုက်ပျိုးရေးမွေးမြူရေးကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ ဦးသိန်းအောင်နှင့်အဖွဲ့ဝင်များ၊ ရွှေတောင် မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ   ဦးဟံဝင်းအောင်နှင့် အဖွဲ့ဝင်များ၊ ပြည်ခရိုင်၊ ဆည်မြောင်းဦးစီးဌာန၊ ခရိုင်ဦးစီးမှူးနှင့် တာဝန်ရှိသူများ၊ မြို့နယ်စိုက်ပျိုးရေးမွေးမြူရေးကြီးကြပ်မှု ကော်မတီပါအဖွဲ့ဝင်များမှ ယမန်နေ့နံနက်ပိုင်းက ဒေသဖွံဖြိုးရေးလုပ်ငန်းများအား ကွင်းဆင်း ကြည့်ရှုစစ်ဆေးခဲ့ကြသည်။

ဖြူးမြို့နယ်၌ ကျေးရွာဖွံဖြိုးရေး စီမံကိန်း VDP ရေးဆွဲနည်းသင်တန်းဖွင့်လှစ်

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ဖြူးမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း(VDP) စီမံချက်ရေးဆွဲနည်းသင်တန်း(AVIP) သင်တန်းဖွင့်ပွဲကို  ယမန်နေ့နံနက် ၉ နာရီအချိန်က အဆိုပါဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။

မိုးညိုမြို့၌ မိုးရာသီသစ်ပင်စိုက်ပျိုးပွဲတော် ကျင်းပ

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မိုးညိုမြို့၊ ရွှေပြည်သာရပ်ကွက်ရှိ အ.လ.က (ခွဲ) ကျွန်းကလေး ကျောင်းဝင်းအတွင်း၌ မိုးရာသီသစ်ပင်စိုက်ပျိုးပွဲတော်ကို ယနေ့ နံနက် ၇ နာရီအချိန်က ကျင်းပပြုလုပ်ခဲ့သည်။

တောင်ငူခရိုင် လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌  စာဖတ်ဝိုင်းကျင်းပ

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင် လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌  ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် စာအုပ်စာစောင်ချစ်မြတ်နိုးသူများအသင်း (Book Club)တို့ပူးပေါင်း၍ ယမန်နေ့နံနက်ပိုင်းက စာရေးသူ  ဓမ္မဒူတ ဒေါက်တာအရှင်ဆေကိန္ဒ ရေးသားထားသည့် ခေါင်းဆောင်ကောင်းတို့၏ အရည်အချင်းစာအုပ်ဖြင့် စာဖတ်ဝိုင်းကျင်းပသည်။

သနပ်ပင်မြို့နယ် မြန်မာ့စီးပွားရေးဘဏ်တွင် အငြိမ်းစားဝန်ထမ်းများ၏ ပင်စင်လစာများ စတင်ထုတ်ပေးလျက်ရှိ

ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ သနပ်ပင်မြို့နယ်၊ မြန်မာ့စီးပွားရေးဘဏ်၌ အငြိမ်းစားဝန်ထမ်းများ၏ ပင်စင်လစာငွေများကို မေလ ၂၁ ရက်နေ့ နံနက်(၇)နာရီက စတင်ထုတ်ပေးလျက်ရှိကြောင်း သိရသည်။

ရေတာရှည်မြို့နယ်၌ "ကျောင်းနေအရွယ် ကလေးများအားလုံး စဉ်ဆက်မပြတ်ပညာသင်ယူဖို့ ကျောင်းအပ်နှံကြပါစို့" ဆိုင်းဘုတ်စိုက်ထူ

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ရေတာရှည်မြို့နယ်၌ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ ကျောင်းနေအရွယ်ကလေးများအားလုံး စဉ်ဆက်မပြတ်ပညာသင်ယူနိုင်ရန်အတွက် ၂၀၂၅ - ၂၀၂၆ ပညာသင်နှစ် ပညာရေးဝန်ကြီးဌာန၏ "ကျောင်းနေအရွယ် ကလေးများအားလုံး စဉ်ဆက်မပြတ် ပညာသင်ယူဖို့ ကျောင်းအပ်နှံကြပါစို့" ဆိုင်းဘုတ်အား မေလ ၂၁ ရက်နေ့ နံနက် ၉ နာရီအချိန်က အ-ထ-က (ရေတာရှည်) ကျောင်းရှေ့၌ စိုက်ထူခဲ့သည်။

ကြို့ပင်ကောက်မြို့နယ် ပညာရေးမှူးရုံးရှေ့တွင် ကျောင်းအပ်နှံရေးနေ့အထိမ်းအမှတ် ဆိုင်းဘုတ်စိုက်ထူ

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ ကြို့ပင်ကောက်မြို့နယ်၊ ပညာရေးမှူးရုံးရှေ့တွင် ၂၀၂၅ -၂၀၂၆ ပညာသင်နှစ် “ကျောင်းနေအရွယ်ကလေးအားလုံး စဉ်ဆက်မပြတ်ပညာသင်ယူဖို့ ကျောင်းအပ်နှံကြပါစို့” အထိမ်းအမှတ် ဆိုင်းဘုတ်စိုက်ထူခြင်းကို မေလ ၂၁ ရက်နံနက် ၁၀ နာရီချိန်က ပြုလုပ်ခဲ့ကြောင်း သိရသည်။

ပေါင်းတည်၌ အငြိမ်းစားနိုင်ငံ့ဝန်ထမ်းများအား အခမဲ့ကျန်းမာရေးစောင့်ရှောက်မှု ဆက်လက်ဆောင်ရွက်

ပဲခူးတိုင်းဒေသကြီး၊ ပေါင်းတည်မြို့နယ်၌ အငြိမ်းစားနိုင်ငံ့ဝန်ထမ်းများအား  အခမဲ့ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းကို လစဉ်ဆောင်ရွက်ပေးလျက်ရှိရာ မေ ၂၁ ရက်နေ့နံနက် ၇ နာရီမှစ၍ မြို့နယ်ပြည်သူ့ဆေးရုံတွင် ကျန်းမာရေးဝန်ထမ်းများက ဆောင်ရွက်ပေးကြသည်။

ပေါင်းတည်၌ မိုးစပါးအထွက်နှုန်းတိုးတက်ရေးနှင့် တောင်သူအသိပညာပေးဆွေးနွေး

ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ ပေါင်းတည်မြို့နယ်၌ မေလ ၂၁ ရက်နေ့နံနက် ၁၀ နာရီက မိုးစပါးအထွက်နှုန်းတိုးတက်ရေး ဆွေးနွေးညှိနှိုင်းခြင်းနှင့် တောင်သူအသိပညာပေးဆွေးနွေးပွဲကို မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ နဝရတ်ခန်းမတွင် ကျင်းပပြုလုပ်သည်။

ညောင်လေးပင်မြို့၌ အငြိမ်းစားနိုင်ငံ့ဝန်ထမ်းများအား ကျန်းမာရေးစောင့်ရှောက်မှုပေးလျက်ရှိ

ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ညောင်လေးပင်မြို့နယ်၊ ပြည်သူ့ဆေးရုံတွင် ယနေ့နံနက် (၉)နာရီအချိန်က မြို့နယ်အတွင်းရှိ အငြိမ်းစားနိုင်ငံ့ဝန်ထမ်းများအား ကျန်းမာရေးစောင့်ရှောက်မှုပြုလုပ်ပေးကြောင်း သိရသည်။
Subscribe to ပဲခူးတိုင်းဒေသကြီး