တောင်ငူခရိုင် လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌  စာဖတ်ဝိုင်းကျင်းပ

တောင်ငူ မေ ၂၄

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင် လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌  ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် စာအုပ်စာစောင်ချစ်မြတ်နိုးသူများအသင်း (Book Club)တို့ပူးပေါင်း၍ ယမန်နေ့နံနက်ပိုင်းက စာရေးသူ  ဓမ္မဒူတ ဒေါက်တာအရှင်ဆေကိန္ဒ ရေးသားထားသည့် ခေါင်းဆောင်ကောင်းတို့၏ အရည်အချင်းစာအုပ်ဖြင့် စာဖတ်ဝိုင်းကျင်းပသည်။

ရှေးဦးစွာ တောင်ငူခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ဆွေဆွေမိုးက စာဖတ်ဝိုင်းကျင်းပရခြင်း၏ ရည်ရွယ်ချက်ကို ဆွေးနွေးရှင်းလင်းပြောကြားပြီး စာအုပ်စာစောင်ချစ်မြတ်နိုးသူများအသင်း (Book Club) နာယက ဦးမြသိန်းက စာအုပ်ပါအကြောင်းအရာများအား ဦးဆောင်ဆွေးနွေးပြီး (Book Club)ဥက္ကဋ္ဌ ဦးစောဂျရုန်း (မောင်ယဥ်ထွေးတက္ကသိုလ်)က နောက်လိုက်ကောင်း ခေါင်းစဥ်ပါ အကြောင်းအရာများ၊ (Book Club) အဖွဲ့ဝင် ပန်းချီဆရာ ဦးစိုးမြင့်လေး (တောင်ငူ)က  ဘူးသီးနှင့်  ဂေါ်ရခါးသီးလိုလူ ခေါင်းစဥ်ပါအကြောင်းအရာများဖြင့် ဆွေးနွေးပြောကြားသည်။ ထို့နောက် စာဖတ်ဝိုင်းသို့  တက်ရောက်လာကြသူများက ၎င်းတို့၏ အတွေးအမြင်များကို ပြန်လည်ဆွေးနွေးကြကာ  (Book Club) နာယက ဦးမြသိန်းက ဆွေးနွေးချက်များအပေါ် ပြန်လည်သုံးသပ်ဆွေးနွေးသည်။

တောင်ငူခရိုင် လူထုအခြေပြုဗဟိုဌာန၌ ပြည်သူများအသိပညာဗဟုသုတရရှိစေရန်နှင့် စာပေချစ်မြတ်နိုးသူများ တစ်ဦးနှင့်တစ်ဦး ရင်းနှီးကျွမ်းဝင်လာစေရန်ရည်ရွယ်၍ စာဖတ်ဝိုင်းများ လစဥ်ကျင်းပလျက်ရှိကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)