သဲကုန်းမြို့နယ်တွင် (၇၉) နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် နိုင်ငံတော်အလံတင်အခမ်းအနားနှင့် သဝဏ်လွှာဖတ်ကြားပွဲအခမ်းအနား ကျင်းပ
ပဲခူးတိုင်းဒေသကြီး နတ်တလင်းခရိုင် သဲကုန်းမြို့နယ် ရဲတပ်ဖွဲ့မှူးရုံး၊ စစ်ရေးပြကွင်းတွင် ၂၀၂၆ ခုနှစ် ဖေဖော်ဝါရီလ (၁၂) ရက်၊ နံနက် ၅ နာရီ ၃၀ မိနစ်အချိန်က (၇၉) နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် နိုင်ငံတော်အလံတင်အခမ်းအနား ကျင်းပပြုလုပ်ခဲ့ပြီး နံနက် ၇ နာရီအချိန်တွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ (၇၉) နှစ်မြောက် ပြည်ထောင်စုနေ့သဝဏ်လွှာဖတ်ကြားပွဲအခမ်းအနားကို ကျင်းပပြုလုပ်ခဲ့သည်။