ရွှေကျင်မြို့နယ်တွင် စာအုပ်စာစောင်နှင့် နံရံကပ်စာစောင်ပြပွဲ ကျင်းပ

ရွှေကျင် ဖေဖော်ဝါရီ ၁၁

ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ရွှေကျင်မြို့နယ် ညောင်ဝိုင်းရပ်ကွက်အတွင်းရှိ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံ‌ရေးဦးစီးဌာန လူအခြေပြုဗဟိုဌာန Community Centre ခန်းမတွင် ယနေ့ နံနက် (၁၁) နာရီအချိန်က စာအုပ်စာစောင်နှင့် နံရံကပ်စာစောင်ပြပွဲ ကျင်းပခဲ့ကြောင်း သိရသည်။

အဆိုပါ စာအုပ်စာစောင်နှင့် နံရံကပ်စာစောင်ပြပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့နယ်ဦးစီးအရာရှိ ဒေါ်သဲစုအောင်က စာကြည့်တိုက္များကို ပိုမိုအသုံးချတတ်လာပြီး စာပေများကို လေ့လာဖတ်ရှုကာ စာပေအသိပညာဗဟုသုတများ မြှင့်မားလာစေရန်ရည်ရွယ်၍ ကျင်းပရခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။ ထိုနောက် ရွှေကျင်မြို့နယ် စာပေချစ်မြတ်နိုးသူ(Woman Club) အဖွဲ့များက ပြသထားသည့် အသိပညာဗဟုသုတများစွာ ရရှိစေမည့် သုတ ရသစာအုပ်စာစောင်များ၊ ကလေးအလုပ်သမားပပျောက်‌ရေး အသိပညာပေး နံရံကပ်စာစောင်နှင့် ကလေးအလုပ်သမားဟူသည် အဘယ်နည်း သိကောင်းစရာအသိပညာပေး နံရံကပ်စာစောင်များကို ပြသခဲ့ရာ စိတ်ဝင်တစား လေ့လာကြည့်ရှုကြကြောင်း သိရသည်။

ထွန်းထွန်းဇော်(ပြန်/ဆက်)