ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ ပေါင်းတည်မြို့နယ်၌ စိုက်ပျိုးရေးထုတ်ကုန်ကဏ္ဍမှ မိုးသီးနှံစိုက်ပျိုးထုတ်လုပ်မှု တိုးတက်မြင့်မားရေးအတွက် မြို့နယ်စိုက်တိုးမြှင့်အဖွဲ့နှင့် တောင်သူများ ပူးပေါင်းကြိုးပမ်းလျက်ရှိကြောင်း သိရပြီး ယခု ၂၀၂၅ ခုနှစ်၊ မိုးရာသီသီးနှံစိုက်ပျိုးရာသီတွင် မိုးစပါး ၇၃၅၁၄ ဧကအပါအဝင် မိုးရာသီ သီးနှံစုစုပေါင်း ၁၁၆၆၉၀ ဧက စိုက်ပျိုးထုတ်လုပ်နိုင်ရန် လျာထားကာ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်း သိရှိရသည်။