ပဲခူးတိုင်းဒေသကြီး အမျိုးသမီးအားကစားအဖွဲ့ နာယကဖလားမြို့နယ်ပေါင်းစုံ အမျိုးသမီးကိုယ်ကာယကြံ့ခိုင်မှုလေ့ကျင့်ခန်း (အေရိုးဗစ်) ပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကျင်းပ

ပဲခူး ဩဂုတ် ၂၀

၂ဝ၂၅ ခုနှစ်၊ ပဲခူးတိုင်းဒေသကြီး အမျိုးသမီးအားကစားအဖွဲ့နာယကဖလား မြို့နယ်ပေါင်းစုံ အမျိုးသမီးကိုယ်ကာယကြံ့ခိုင်မှု လေ့ကျင့်ခန်း (အေရိုးဗစ်) ပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့က ပဲခူးမြို့ တိုင်းဒေသကြီးအားကစားဥယျာဉ်၊ မိုးလုံလေလုံအားကစားရုံ၌ ကျင်းပပြုလုပ်ခဲ့ရာ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ လူမှုရေးရာဝန်ကြီး ဦးမျိုးအောင်က အမှာစကားပြောကြားခဲ့သည်။

ထို့နောက် ပြိုင်ပွဲဝင် အားကစားသမားများက အားကစားသစ္စာအဓိဌာန် ချက်ရွတ်ဆိုကြပြီး ပဲခူးတိုင်းဒေသကြီး အမျိုးသမီးအားကစားအဖွဲ့ နာယကဒေါ်စိုးစိုးသက်၊ လူမှုရေးရာဝန်ကြီး ဦးမျိုးအောင်နှင့် တာဝန်ရှိသူများက ပြိုင်ပွဲဝင်အသင်းများအား လိုက်လံနှုတ်ဆက်ခဲ့ကြသည်။ 

အဆိုပါပဲခူးတိုင်းဒေသကြီးအမျိုးသမီးအားကစားအဖွဲ့ နာယကဖလား မြို့နယ်ပေါင်းစုံ အမျိုးသမီးကိုယ်ကာယကြံ့ခိုင်မှုလေ့ကျင့်ခန်း (အေရိုးဗစ်) ပြိုင်ပွဲအာဩဂုတ်လ(၁၉)ရက်နေ့မှ (၂၂)ရက်နေ့အထိ ကျင်းပပြုလုပ်မည်ဖြစ်ပြီး ပဲခူးတိုင်းဒေသကြီးအတွင်းရှိ မြို့နယ်(၂၈)မြို့နယ်မှ ပြိုင်ပွဲဝင်အသင်း(၂၈)သင်းက တစ်ဦးချင်းပြိုင်ပွဲ၊ သုံးယောက်တွဲအသင်းလိုက်ပြိုင်ပွဲနှင့် ကိုးယောက်တွဲအသင်းလိုက် ပြိုင်ပွဲများ ပါဝင်ယှဉ်ပြိုင်ကစားကြမည်ဖြစ်ကြောင်း သတင်းရရှိသည်။

သက်ဖြိုးကြိုင် (ပြန်/ဆက်)