ပဲခူးတိုင်းဒေသကြီး

သဲကုန်းမြို့နယ်တွင် ရပ်ကွက်/ကျေးရွာ စာကြည့်တိုက်များ စာကြည့်တိုက်အင်္ဂါရပ်နှင့်အညီ ပြန်လည်ဖွင့်လှစ်နိုင်ရေးဆွေးနွေး

နိုင်ငံတော်အစိုးရက ပြည်သူများ စာပေလေ့လာဖတ်ရှု‌စေရေး၊ အသိပညာဗဟုသုတတိုးပွား‌စေရေးနှင့် စာအုပ်စာစောင်များကို လက်လှမ်းမီစွာထားရှိပေးနိုင်ရန်အတွက် စာကြည့်တိုက်အသစ်များ ဖွင့်လှစ်ထားရှိနိုင်ရေး ရပ်ကွက်/ကျေးရွာအတွင်းရှိ စာကြည့်တိုက်များ အဆင့်မြှင့်တင်နိုင်‌ရေးတို့ကို အလေးထားစီစဉ်ဆောင်ရွက်လျက်ရှိရာ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ 'မ' တည်ငွေဖြင့် စာကြည့်တိုက်အင်္ဂါရပ်များနှင့်အညီ ပြန်လည်ဖွင့်လှစ်နိုင်ရေးဆောင်ရွက်မည့် နတ်တလင်းခရိုင်၊ သဲကုန်းမြို့နယ်၊ ရပ်ကွက်(၄)တပ်မြောက်စုဆင်စွယ်ရလမ်း "ပြည်သူ့မျက်ပွင့်" စာကြည့်တိုက်ကော်မတီများနှင့် ယမန်နေ့ နံနက် ၁၀ နာရီက တွေ့ဆုံဆွေးနွေးခဲ့ကြောင်း သိရသည်။

ကျောက်တံခါးမြို့နယ်၌ (၇၈)နှစ်မြာက် အာဇာနည်နေ့အကြောင်း အသိပညာပေးဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြပွဲ ကွင်းဆင်းဆောင်ရွက်

ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ကျောက်တံခါးမြို့နယ်၌ ဇူလိုင်လ (၁၉)ရက်နေ့တွင်ကျရောက်မည့် (၇၈)နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် အသိပညာပေးဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြပွဲကို ယမန်နေ့နံနက်(၉)နာရီအချိန်က အခြေခံပညာမူလတန်း(လွန်)(ဂနက်)ကျောင်း၌ ကွင်းဆင်းဆောင်ရွက်ခဲ့သည်။

နတ်တလင်းမြို့၌ အခွန်အသိပညာပေး ရှင်းလင်းဆွေးနွေးပွဲကျင်းပ

ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ နတ်တလင်းမြို့၌၊ အခွန်အသိပညာပေးရှင်းလင်းဆွေးနွေးပွဲကို ယမန်နေ့ နေ့လယ် ၂ နာရီက မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေး ခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။

အပြည်ပြည်ဆိုင်ရာသမဝါယမနေ့ကို ဂုဏ်ပြုသောအားဖြင့် သာယာဦးငွေစုငွေချေးသမဝါယမလီမီတက်မှ အမြတ်ငွေများပေးအပ်

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီမြို့နယ်တွင် (၁၀၃)ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာသမဝါယမနေ့ကို ဂုဏ်ပြုသောအားဖြင့် ဇူလိုင် ၄ ရက် မွန်းလွဲ ၁ နာရီက သာယာဝတီမြို့နယ်၊ သမဝါယမအသင်းလီမီတက်မှ အမြတ်ငွေများပေးအပ်ခဲ့ကြောင်း သိရသည်။

ကဝမြို့နယ်၌ (၇၈) နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် အသိပညာပေးဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြသဆောင်ရွက်

ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ကဝမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ၂၀၂၅ ခုနှစ်၊ ဇူလိုင်လ(၁၉)ရက်နေ့တွင် ကျရောက်မည့် (၇၈) နှစ်မြောက် အာဇာနည်‌နေ့အထိမ်းအမှတ် အသိပညာပေးဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြသခြင်းကို ယမန်နေ့ နံနက်(၁၀)နာရီကအ.မ.က(မူလွန်)ဘူးကုန်းကျောင်းတွင် ကျင်းပပြုလုပ်ခဲ့သည်။

ပေါက်ခေါင်းမြို့နယ်တွင် မြို့တွင်း၊ မြို့ပြင်စိမ်းလန်း စိုပြည်ရေးအတွက် ပျိုးပင်များ လှည့်လည်စိုက်ပျိုး

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပေါက်ခေါင်း မြို့နယ်တွင် မြို့နယ်စည်ပင်သာယာရေးဦးစီးဌာနမှ ပေါက်ခေါင်းမြို့နယ်အတွင်း စိမ်းလန်းစိုပြည်သာယာရေးကို ရှေးရှု၍ ဇူလိုင် ၄ ရက်နေ့ နံနက်ပိုင်းက ပျိုးပင်များကို မြို့တွင်း၊ မြို့ပြင် လှည့်လည်စိုက်ပျိုးခဲ့ကြောင်းသိရသည်။

အုတ်ဖိုမြို့၌ ကျောင်းပြင်ပမူလတန်းပညာရေး (NFPE) ဖွင့်ပွဲအခမ်းအနား ကျင်းပ

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ အုတ်ဖိုမြို့နယ်၊ မိုးညိုတန်းရပ်ကွက်၊ ချမ်းမြသာမြေမြို့သစ်၊ (အ.လ.က) ချမ်းမြသာမြေတွင် ယမန်နေ့မွန်းလွဲပိုင်းက ၂၀၂၅- ၂၀၂၆ ပညာသင်နှစ်၊ ကျောင်းပြင်ပမူလတန်းပညာရေး (NFPE) ဖွင့်ပွဲအခမ်းအနားကို ကျင်းပခဲ့သည်။

မင်းလှမြို့နယ်၌ အမှိုက်အမျိုးအစားအလိုက် ခွဲခြားစွန့်ပစ်နည်း သရုပ်ပြဆောင်ရွက်

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မင်းလှမြို့နယ်တွင် မြို့နယ်စည်ပင်သာယာရေးအဖွဲ့ရုံးက ဦးဆောင်၍ အမှိုက်များစွန့်ပစ်ရာတွင် စနစ်တကျခွဲခြားစွန့်ပစ်တတ်စေရန် ရည်ရွယ်၍ အမှိုက်အမျိုးအစားခွဲခြားစွန့်ပစ်နည်းသရုပ်ပြခြင်းကို ယမန်နေ့ နံနက် ၁၀ နာရီအချိန်က အ.ထ.က မင်းလှ (မြို့ပြင်)ကျောင်း၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

မင်းလှမြို့နယ်တွင် ကျောင်းပြင်ပမူလတန်းပညာရေး (NFPE) ကျောင်းသားများကို ဗလာစာအုပ်များ ပေးအပ်လှူဒါန်း

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မင်းလှမြို့နယ်၊ အမှတ်(၅)ရပ်ကွက်၊ ဝေဠုဝန်ဘုန်းတော်ကြီးကျောင်း၌ ဖွင့်လှစ်သင်ကြား‌နေသည့် ကျောင်းပြင်ပမူလတန်းပညာရေး (NFPE) ကျောင်းသားများကို ဗလာစာအုပ်များပေးအပ်လှူဒါန်းခြင်းကို ဇူလိုင် ၄ ရက် မွန်းလွဲ ၂ နာရီက‌ ဆောင်ရွက်ခဲ့သည်။

ပန်းတောင်းမြို့နယ်၌ ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေးဟောပြောပွဲ ပြုလုပ်

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ် အ.လ.ကကျောင်း ဥသျှစ်ပင်တွင် ယနေ့နံနက် ၉:၀၀ နာရီက ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေးဟောပြောပွဲကို ကျင်းပပြုလုပ်ခဲ့သည်။
Subscribe to ပဲခူးတိုင်းဒေသကြီး