ဧရာဝတီတိုင်းဒေသကြီး

လပွတ္တာမြို့၌ မြန်မာအမျိုးသမီးများနေ့အထိမ်းအမှတ်(အကြို) သွေးလှူဒါန်းပွဲကျင်းပ

ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ လပွတ္တာ(၃)မိုင်မြို့၊ ခုတင်(၂၀၀) ပြည်သူ့ဆေးရုံကြီးတွင် မြန်မာအမျိုး သမီးများနေ့အထိမ်းအမှတ် (အကြို) သွေးလှူဒါန်းပွဲအခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက ကျင်းပပြုလုပ်ခဲ့သည်။

အင်္ဂပူမြို့နယ် အခြေခံပညာအထက်တန်းကျောင်း(ဇောင်းတန်း)တွင် လူငယ်ရေးရာ‌ဟောပြောပွဲနှင့် လူငယ်စကားဝိုင်းကျင်းပ

ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ အင်္ဂပူမြို့နယ်တွင် ကျောင်းသား/သူများ၊ လူငယ်၊ လူရွယ်များ အသိပညာဗဟုသုတတိုးပွားစေရန်နှင့် ဗလငါးတန်ပြည့်စုံပြီး ဘက်စုံထူးချွန်ထက်မြက်သော အနာဂတ်လူငယ်လူရွယ်များ ပေါ်ထွက်လာစေရန်ရည်ရွယ်၍ အင်္ဂပူမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာန အ.ထ.က (ဇောင်းတန်း)တို့ပူးပေါင်းကျင်းပသည့် လူငယ်ရေးရာဟောပြောပွဲနှင့် လူငယ်စကားဝိုင်းဆွေးနွေးပွဲကို ယမန်နေ့‌နေ့လယ်ပိုင်းက အ.ထ.က (ဇောင်းတန်း) ကျောင်းခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

မိုးရာသီ သစ်စိမ်းမြေသြဇာ(ပိုက်ဆံလျှော်) ထွန်ယက်ထည့်သွင်းခြင်းနှင့် မျိုးစေ့ချကိရိယာ (Drum Seeders)ဖြင့် ကွင်းသရုပ်ပြသ

ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ဟင်္သာတမြို့နယ်၌ မိုးစပါးရာသီ သစ်စိမ်းမြေသြဇာ (ပိုက်ဆံလျှော်)ထွန်ယက်ထည့်သွင်းခြင်းနှင့် မျိုးစေ့ချကိရိယာ (Drum Seeders)ဖြင့် လက်တွေ့စိုက်ပျိုးခြင်း ကွင်းသရုပ်ပြအသိပညာပေးခြင်းကို ယမန်နေ့နံနက်ပိုင်းက တလုတ္ထော်ကျေးရွာအုပ်စု၊ တလုတ္ထော်ကျေးရွာ၊ ကွင်းအမှတ်(၁၂၆၅)၊ ဦးပိုင်အမှတ်(၁၆၆)တောင်သူ ဦးညွန့်ဝင်းလှိုင်၏ လယ်မြေ (၁၅.၀၀)ဧကေပါ်တွင် ကျင်းပခဲ့သည်။

သာပေါင်းမြို့နယ် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှကြီးမှူး၍ သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုအခြေခံသင်တန်း (၁/၂၀၂၆) ဖွင့်လှစ်

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှကြီးမှူး၍ သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုအခြေခံသင်တန်း (၁/၂၀၂၆) ကို ယမန်နေ့နံနက် ၉ နာရီက အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရှိ ပြည်အေးခန်းမ၌ ဖွင့်လှစ်ခဲ့ကြသည်။

ဟင်္သာတမြို့တွင် ကျောင်းစာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေး လူငယ်စကားဝိုင်းကျင်းပ

ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတမြို့တွင် ကျောင်းစာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေး လူငယ်စကားဝိုင်းကို ယနေ့နံနက် ၉ နာရီက အမှတ် (၃) အခြေခံပညာအထက်တန်းကျောင်း ပြည်ထောင်စုခန်းမတွင် ကျင်းပပါသည်။

ဒေးဒရဲမြို့နယ် မြင်းကကုန်းကျေးရွာ အခြေခံပညာအလယ်တန်းကျောင်း(ခွဲ)၌ လူငယ်ရေးရာအသိပညာပေးဟောပြောပွဲ ကျင်းပ

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ကျောင်းသား၊ ကျောင်းသူများ အသိပညာဗဟုသုတများ တိုးပွားစေရေး၊ စာကြည့်တိုက်များနှင့် ရင်းနှီးကျွမ်းဝင်မှု ပိုမိုရရှိစေရန်ရည်ရွယ်၍ လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲနှင့် စာအုပ်စာစောင်များ၊ အသိပညာပေး နံရံကပ်စာစောင်များ ပြသခြင်းလုပ်ငန်းများကို ယမန်နေ့မွန်းလွဲ(၂)နာရီက မြင်းကကုန်းကျေးရွာ၊ အခြေခံပညာ အလယ်တန်းကျောင်း(ခွဲ)တွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ဖျာပုံမြို့၌ ကျောင်းသား/သူများ လက်ဝယ်အရောက် နိုင်ငံသားစိစစ်ရေးကတ်နှင့် UID နံပါတ်များ ပြုလုပ်ပေး

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ‌ဖျာပုံမြို့၊ အမှတ်(၁၂)ရပ်ကွက်၊ အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်းတွင် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန ဖျာပုံမြို့နယ်ဦးစီးမှူးရုံးမှ လမင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့် UID နံပါတ်များ ဆောင်ရွက်ပေးခြင်းကို ယမန်နေ့နံနက်(၉) နာရီခွဲအချိန်က အဆိုပါကျောင်း ရာပြည့်ဆောင်ခန်းမ၌ ပြုလုပ်ပေးအပ်ခဲ့ကြသည်။

ဖျာပုံမြို့ အ.ထ.က (၃) ကျောင်းတွင် မှုခင်းအသိပညာပေးဟောပြောပွဲကျင်းပ

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဖျာပုံမြို့ အ.ထ.က(၃)ကျောင်းတွင် ကျောင်းသား၊ ကျောင်းသူ၊ လူငယ်လူရွယ်များ အသိပညာဗဟုသုတတိုးပွားလာစေရန်၊ မူးယစ်ဆေးဝါး၏ ဆိုးကျိုးအန္တရာယ်များကို သိရှိစေရန်၊ ကျောင်းသား၊ ကျောင်းသူ၊ လူငယ်လူရွယ်များ လူကုန်ကူးခြင်းမှ ရှောင်ရှားနိုင်စေရန်နှင့် ယာဥ်စည်းကမ်းလမ်းစည်းကမ်းကို သိရှိလိုက်နာတတ်စေရန်ရည်ရွယ်၍ ဖျာပုံခရိုင်ရဲတပ်ဖွဲ့မှူး ဦးဆောင်သော တာဝန်ရှိသူများမှ မှုခင်းအသိပညာပေးဟောပြောပွဲကို ယမန်နေ့ နံနက်ပိုင်းအချိန်က ဖျာပုံမြို့ အ.ထ.က(၃)ကျောင်း ​မြမဥ္ဇူခန်းမ၌ ကျင်းပပြုလုပ်သည်။

အိမ်မဲမြို့နယ်တွင် အသက်မွေးဝမ်းကျောင်း အထောက်အကူပြု အဆင့်မြင့်အပ်ချုပ်စက် သင်တန်းဆင်းပွဲကျင်းပ

သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ထိန်ငူကျေးရွာအုပ်စု၊ ကျောင်းစုကျေးရွာ၌ ၂၀၂၆-၂ဝ၂၇ ခု၊ ဘဏ္ဍာရေးနှစ်၊ ရက် ၁ဝဝ စီမံချက်ဖြင့် ဆောင်ရွက်သည့် အသက်မွေးဝမ်းကျောင်း အထောက်အကူပြု အဆင့်မြင့်အပ်ချုပ်စက် သင်တန်းဆင်းပွဲကို အဆိုပါကျေးရွာဓမ္မာရုံ၌ ယနေ့နံနက် (၁၀) နာရီအချိန်က ကျင်းပခဲ့သည်။

သာပေါင်းမြို့နယ်၌ ကမ္ဘာ့သဲကန္တာရဖြစ်ထွန်းမှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် ၂၀၂၆ ခုနှစ်၊ မိုးရာသီ စုပေါင်းသစ်ပင်စိုက်ပျိုးပွဲတော်ကျင်းပ

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ်၌ ကမ္ဘာ့သဲကန္တာရဖြစ်ထွန်းမှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်အနေဖြင့် ၂၀၂၆ ခုနှစ်၊ မြို့နယ်အဆင့် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲတော်ကို ယနေ့နံနက် ၇ နာရီခွဲအချိန်က အခြေခံပညာအထက်တန်းကျောင်း (သာပေါင်း)တွင် သစ်ပင်စိုက်ပျိုးကြသည်။
Subscribe to ဧရာဝတီတိုင်းဒေသကြီး