လပွတ္တာ ဇွန် ၁၈
ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ လပွတ္တာ(၃)မိုင်မြို့၊ ခုတင်(၂၀၀) ပြည်သူ့ဆေးရုံကြီးတွင် မြန်မာအမျိုး သမီးများနေ့အထိမ်းအမှတ် (အကြို) သွေးလှူဒါန်းပွဲအခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက ကျင်းပပြုလုပ်ခဲ့သည်။
အခမ်းအနားတွင် ခရိုင်အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌ ဒေါ်တင်ပပဝင်း ၊မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌ ဒေါ်အိအိနွယ်နှင့် အဖွဲ့ဝင်များသည် သွေးလှူဒါန်းနေကြသော အမျိုးသမီးများအား သွေးပေါင်ချိန်တိုင်းတာခြင်းနှင့် သွေးစစ်ရာတွင် ပူးပေါင်းပါဝင်ကူညီပြီး သွေးလှူဒါန်းသည့် အမျိုးသမီးများအား ကြည့်ရှူအားပေးကာ ကြက်ဥ၊ Royal-D၊ ဓာတ်ဆားနှင့် အားဆေးများ လှူဒါန်းပေးအပ်ခဲ့ကြောင်း သိရှိရသည်။
ခရိုင်(ပြန်/ဆက်)