ဧရာဝတီတိုင်းဒေသကြီး

သာပေါင်းမြို့နယ်၌ အပြည်ပြည်ဆိုင်ရာ ရာသီဥတုပြောင်းလဲမှုနေ့ အထိမ်းအမှတ် ၂၀၂၆ ခုနှစ်၊ မိုးရာသီသစ်ပင်စိုက်ပျိုးပွဲတော် ဒုတိယအကြိမ်ကျင်းပ

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ်၌ ၂၀၂၆ ခုနှစ်၊ မြို့နယ်အဆင့် အပြည်ပြည်ဆိုင်ရာ ရာသီဥတုပြောင်းလဲမှုနေ့ အထိမ်းအမှတ် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲတော်ကို ဇွန်လ ၂၁ ရက်နေ့၊ နံနက် ၇ နာရီအချိန်က လှေကြီးတက် ကျေးရွာအုပ်စု၊ ဘုရားဦးပေါက် ကျေးရွာ၊ အခြေခံပညာမူလတန်းကျောင်း(ဘုရားဦးပေါက်) တွင် ကျင်းပကြသည်။

ငပုတောမြို့နယ်တွင် (၂၇)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး၊ ပြိုင်ပွဲများအောင်မြင်စွာ ကျင်းပဆောင်ရွက်နိုင်‌ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငပုတောမြို့နယ်တွင် (၂၇)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး၊ ပြိုင်ပွဲများ အောင်မြင်စွာ ကျင်းပဆောင်ရွက်နိုင်‌ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကိုယနေ့နံနက်ပိုင်းက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ရုံးအစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်သည်။

ကန်ကြီးထောင့်မြို့နယ်၌ အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေး‌နေ့အထိမ်းအမှတ် သတင်းစကားလက်ကမ်းစာစောင်များဖြန့်ဝေပေး

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ကန်ကြီးထောင့်မြို့နယ်၌ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများအနေဖြင့် အများပြည်သူများအား အသိပညာဗဟုသုတများရရှိစေရန် ရည်ရွယ်၍ အသိပညာလက်ကမ်းစာစောင်များအား စဉ်ဆက်မပြတ် ဖြန့်ဝေပေးလျက်ရှိသည်။

သာပေါင်းမြို့နယ် အစားအသောက်နှင့် ဆေးဝါးကြီးကြပ်မှု ကော်မတီမှ စားသောက်ဆိုင်များ စစ်ဆေး

ဧရာဝတီတိုင်း‌ဒေသကြီး၊ ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ် အစားအသောက်နှင့် ဆေးဝါးကြီးကြပ်မှုကော်မတီမှ ယနေ့ ဇွန်လ ၂၂ ရက်နေ့၊ နံနက် ၉ နာရီအချိန်က စားသောက်ဆိုင်များအား စစ်ဆေးဆောင်ရွက်ခဲ့ကြသည်။

သာပေါင်းမြို့နယ် စားသုံးသူရေးရာဦးစီးဌာနမှ နိုင်ငံ့ဝန်ထမ်းအငြိမ်းစား ပင်စင်စားများအား သက်သာဈေးနှုန်းဖြင့် စားအုန်းဆီ ရောင်းချပေး

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ သာပေါင်မြို့နယ် စားသုံးသူရေးရာဦးစီးဌာနမှ နိုင်ငံ့ဝန်ထမ်းအငြိမ်းစား ပင်စင်စားများအား ယနေ့ဇွန်လ ၂၂ ရက်နေ့၊ နံနက် ၉ နာရီအချိန်က စားအုန်းဆီသက်သာဈေးနှုန်းဖြင့် ရောင်းချပေးခဲ့သည်။

သာပေါင်းမြို့နယ်တွင် နိုင်ငံ့ဝန်ထမ်းအငြိမ်းစား (၁၁၉၀) ဦးတို့၏ ပင်စင်လစာငွေများထုတ်ပေး

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ သာပေါင်မြို့နယ် မြန်မာ့စီးပွားရေးဘဏ်မှ နိုင်ငံ့ဝန်ထမ်းအငြိမ်းစားများ၏ ပင်စင်လစာငွေများကို ဇွန်လ ၂၂ ရက်နေ့၊ နံနက် ၉ နာရီအချိန်က ထုတ်ပေးလျက်ရှိသည်။

ကြံခင်းမြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ အသက်မွေးဝမ်း ကြောင်းအထောက်အကူပြု ကောက်ရိုးမှို လက်တွေ့စိုက်ပျိုး

ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ ကြံခင်းမြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ အသက်မွေးဝမ်းကြောင်း အထောက်အကူပြု ကောက်ရိုးမှိုလက်တွေ့စိုက်ပျိုးပြသခြင်းလုပ်ငန်းကို ယမန်နေ့က စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေးအထက်တန်းကျောင်း(ချင်းမြောင်)နှင့် ဘက်ရဲအမှတ်၂ ဧက(၁၀၀) စံပြကွက် ရှင်းလင်းဆောင်ဘေးတွင် ပြုလုပ်ခဲ့ကြသည်။

ရွှေသောင်ယံမြို့ သဘော့ကန်ကျေးရွာအုပ်စု၊ ငှက်ပျောချောင်းကျေးရွာ၌ ကျန်းမာရေးဌာနမှ ဆေးစိမ်ခြင်ထောင်များ အခမဲ့သွားရောက်ဖြန့်ဝေ

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ရွှေသောင်ယံမြို့၊ သဘော့ကန်ကျေးရွာအုပ်စု၊ ငှက်ပျောချောင်းကျေးရွာ၌ ယမန်နေ့နေ့လယ်ပိုင်းက ရွှေသောင်ယံမြို့၊ သဘော့ကန်ကျေးလက် ကျန်းမာရေးဌာနမှ ကျန်းမာရေးမှူး ဒေါ်အိအိခိုင် ဦးဆောင်သော ကျန်းမာရေးဝန်ထမ်းများ သွားရောက်၍ ဆေးစိမ်ခြင်ထောင် (၆၈) လုံးအား အခမဲ့ဖြန့်ဝေပေးခဲ့ကြကြောင်း သိရသည်။ အဆိုပါ ငှက်ပျောချောင်းကျေးရွာသည် ရွှေသောင်ယံမြို့၊ သဘော့ကန်ကျေးရွာအုပ်စုအတွင်း၌တည်ရှိပြီး လှေနှင့်တစ်ဆင့်သွားရောက်ရသည့် အစွန်အဖျားကျေးရွာတစ်ခုဖြစ်သည့်အတွက် ကျန်းမာရေးစောင့်ရှောက်မှု အလှမ်းဝေသောဒေသတစ်ခုဖြစ်သည်။

၂၀၂၆ ခုနှစ်၊ အပြည်ပြည်ဆိုင်ရာ ရာသီဥတုပြောင်းလဲမှုနေ့ အထိမ်းအမှတ် မိုးရာသီစုပေါင်းသစ်ပင်စိုက်ပျိုးပွဲကျင်းပ

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ်တွင်မြို့နယ်သစ်တောဦးစီးဌာန၏ စီစဥ်ဆောင်ရွက်မှုဖြင့် သဘာဝပတ်ဝန်းကျင်စိမ်းလန်းစိုပြေရေး၊ ရာသီဥတုကောင်းမွန်မျှတရေး၊ သစ်တောသစ်ပင်များ ထိန်းသိမ်းခြင်းနှင့် ဒေသအပူချိန်လျှော့ချနိုင်စေရန်ရည်ရွယ်၍ ၂၀၂၆ ခုနှစ်၊ အပြည်ပြည်ဆိုင်ရာ ရာသီဥတုပြောင်းလဲမှုနေ့ အထိမ်းအမှတ် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲကို ဇွန်လ ၂၁ ရက်နေ့နံနက် ၈ နာရီက စက္ကော့တောင်ကျေးရွာအုပ်စု၊ အုန်းပင်စုကျေးရွာ၌ စုပေါင်းစိုက်ပျိုးခဲ့သည်။

မြန်အောင်မြို့နယ် နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် ၂၀၂၆-၂၀၂၇ ခုနှစ် မိုးစပါးတွင် ပါဝင်ဆောင်ရွက်သည့် တောင်သူများအား သွင်းအားစုပေးအပ်ပွဲကျင်းပ

ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ မြန်အောင်မြို့နယ် မျှင်ဝါး‌တောင်ကျေးရွာတွင် နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် ၂၀၂၆-၂၀၂၇ ခုနှစ် မိုးစပါးတွင်ပါဝင်ဆောင်ရွက်သည့် တောင်သူများအား သွင်းအားစုပေးအပ်ပွဲအခမ်းအနားကို ယမန်နေ့နံနက်က ကျင်းပခဲ့သည်။
Subscribe to ဧရာဝတီတိုင်းဒေသကြီး