ဧရာဝတီတိုင်းဒေသကြီး

ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးအေးကျော် ပုသိမ်မြို့၊ ကမ်းနားလမ်းကျောက်ထီးအနီး လူသွားလမ်းပလက်ဖောင်းနှင့် ရင်ပြင်အက်ကွဲမှုအား ကြည့်ရှုစစ်ဆေး

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့၊ ကမ်းနားလမ်း ကျောက်ထီးအနီး ငဝန်မြစ်ကမ်းဘေးတွင် အများပြည်သူအပန်းဖြေ အနားယူနိုင်ရန်နှင့် ကျန်းမာရေးအတွက် ကိုယ်လက်လှုပ်ရှားလေ့ကျင့်ခန်းများ ပြုလုပ်နိုင်ရန်အတွက် ပြုလုပ်ထားသော ပလက်ဖောင်းနှင့် ရင်ပြင်ပေါ်တွင် ငဝန်မြစ်ရေစီးကြောင့် အလျားပေ ၁၃၀ ခန့် အက်ကွဲကြောင်းဖြစ်ပေါ်ခဲ့သဖြင့် တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးအေးကျော်သည် ယမန်နေ့နံနက်ပိုင်းက အဆိုပါနေရာသို့ ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ပြီး တိုင်းဒေသကြီးဌာနဆိုင်ရာတာဝန်ရှိသူများ၏ ရှင်းလင်းတင်ပြမှုအပေါ် ဝန်ကြီးချုပ်က အများပြည်သူ အန္တရာယ်မဖြစ်စေရေးအတွက် လိုအပ်သည့်အစီအမံများ ချက်ချင်းဆောင်ရွက်ရန်နှင့် အမြန်ဆုံးပြန်လည်ပြုပြင်နိုင်ရေး ဆောင်ရွက်သွားရန် မှာကြားခဲ့ကာ လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့သည်။

ဘိုကလေးမြို့နယ်၌ မိုးစပါးရာသီ သွင်းအားစုဓါတ်မြေဩဇာများ ထောက်ပံ့ပေးအပ်ပွဲ ကျင်းပ

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ်၌ ၂၀၂၆-၂၀၂၇ ခုနှစ် မိုးစပါစိုက်ပျိုးရာသီ၊ နိုင်ငံ့စီးပွါးမြှင့်တင်ရေး ရန်ပုံငွေအစီအစဉ်ဖြင့် ပါဝင်ဆောင်ရွက်သည့် တောင်သူများအား သွင်းအားစု ဓါတ်မြေဩဇာများ ထောက်ပံ့ပေးအပ်ပွဲကို ယနေ့နံနက်ပိုင်းက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပခဲ့ပါသည်။

ကြံခင်းမြို့နယ် မြန်မာ့စီးပွားရေးဘဏ်၌ ပင်စင်လစာလာရောက်ထုတ်ယူကြသော နိုင်ငံဝန်ထမ်းအငြိမ်းစားများအား ဆီ၊ ဆန်နှင့် ကြက်ဥများကို သက်သာသောဈေးနှုန်းများဖြင့် ရောင်းချ

ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ ကြံခင်းမြို့နယ် မြန်မာ့စီးပွားရေးဘဏ်(ခွဲ)၌ ပင်စင်လစာထုတ်ယူကြသော နိုင်ငံဝန်ထမ်းအငြိမ်းစားများအား ဆီ၊ ဆန်နှင့် ကြက်ဥများကို အဆိုပါ ဘဏ်ရှေ့တွင် ယနေ့နံနက် ၈ နာရီက သက်သာသောဈေးနှုန်းဖြင့် ရောင်းချပေးလျက်ရှိသည်။

ဟင်္သာတမြို့ အမှတ်(၅) အခြေခံပညာအထက်တန်းကျောင်းတွင် ကျောင်းကျန်းမာရေးဆိုင်ရာ အသိပညာပေး ဟောပြောပွဲကျင်းပ

ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ဟင်္သာတမြို့ အမှတ်(၅)အခြေခံပညာအထက်တန်းကျောင်းရှိ အမျိုးသားခန်းမတွင် ခရိုင်နှင့်မြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှကြီးမှူး၍ ယမန်နေ့မွန်းလွဲပိုင်းက ကျောင်းကျန်းမာရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲကို ကျင်းပခဲ့သည်။

ကျောင်းကုန်းမြို့၌ လူငယ်ရေးရာအသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်

ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊ ကျောင်းကုန်းမြို့နယ် အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း၊ ပညာ့ဗိမာန်ခန်းမ၌ လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲကို ယမန်နေ့နံနက် ၁၀ နာရီအချိန်ခန့်က ကျင်းပပြုလုပ်ခဲ့သည်။

ပုသိမ်မြို့နယ် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌဖလား ဘောလုံးပြိုင်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်မည့် ငွေဆောင် U-21 အမျိုးသားဘောလုံးအသင်း စတင်စခန်းသွင်းလေ့ကျင့်

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငွေဆောင်မြို့၌ ၂၀၂၆ ခုနှစ်၊ ပုသိမ်မြို့နယ် စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌဖလား အသက် (၂၁) နှစ်အောက် အမျိုးသားဘောလုံးပြိုင်ပွဲအား ဝင်ရောက်ယှဥ်ပြိုင်မည့် ငွေဆောင်မြို့ကိုယ်စားပြုအသင်း ရွေးချယ်နိုင်ရေးအတွက် ရည်ရွယ်၍ အလားအလာရှိသော လူငယ်များအား စခန်းသွင်းလေ့ကျင့်ပေးခြင်းကို ယမန်နေ့ညနေပိုင်းကစတင်၍ ငွေဆောင်မြို့၊ Hotel @ The Sea ၌ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ကျုံပျော်၌ သစ်စိမ်းမြေဩဇာ (ပိုက်ဆံလျှော်) ထည့်သွင်း‌ မြေမြုပ်ပွဲကျင်းပ

မြေဆီလွှာပျက်စီးမှုမှ ကာကွယ်ရန်နှင့် မြေဆီဩဇာ ထက်သန်ကောင်းမွန်စေရန်အတွက် လယ်ယာမြေအတွင်းသို့ ၂၀၂၆ ခုနှစ် ၊ မိုးစပါးရာသီ သစ်စိမ်းမြေဩဇာ (ပိုက်ဆံလျှော်) ထည့်သွင်း‌မြေမြုပ်ပွဲကို ဧရာဝတီတိုင်းဒေသကြီး ကျုံပျော်မြို့နယ် အင်းမကျေးရွာအုပ်စု တောင်သူဦးအေးသိန်း၏ လယ်မြေ၌ ဇွန်လ ၂၁ ရက် နံနက် ၈ နာရီက ပြုလုပ်သည်။

ရေကြည်မြို့နယ်၌ ဆန်စက်များ မီးဘေးလုံခြုံရေးအတွက် မီးဘေးကြိုတင်ကာကွယ်ရေး ကွင်းဆင်းစစ်ဆေး

ဧရာဝတီတိုင်းဒေသကြီး ကျုံပျော်ခရိုင် ရေကြည်မြို့နယ် မီးသတ်ဦးစီးဌာနမှ မြို့နယ်အတွင်း ရှိဆန်စက်များ မီးဘေးလုံခြုံရေးအတွက် မီးဘေးလုံခြုံရေး စစ်ဆေးခြင်းနှင့်မီးဘေးကြိုတင်ကာ ကွယ်ရေး ကွင်းဆင်းစစ်ဆေးခြင်းကို ယမန်နေ့နံနက်ပိုင်းက ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ရွှေသောင်ယံမြို့တွင် ၂၀၂၆ ခုနှစ်အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါး အလွဲသုံးမှုနှင့် တရားမဝင် ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့အထိမ်းအမှတ် သတင်းစကား လက်ကမ်းစာစောင်များဖြန့်ဝေ

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ရွှေသောင်ယံမြို့တွင် ယနေ့နံနက်(၈)နာရီက ၂၀၂၆ ခုနှစ်၊ အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါး အလွဲသုံးမှုနှင့်တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့အထိမ်းအမှတ် သတင်းစကားလက်ကမ်းစာစောင်များကို ရွှေသောင်ယံမြို့ရှိ အ.ထ.က စာသင်ကျောင်းများ၌ ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများအား ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများမှ သွားရောက်ဖြန့်ဝေပေးခဲ့ကြသည်။

မြောင်းမြမြို့တွင် အရန်မီးသတ်တပ်ဖွဲ့ဝင်များ အကြိုအခြေခံမီးသတ်ပညာသင်တန်းဖွင့်လှစ်

ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ မြောင်းမြမြို့တွင် မြို့နယ်မီးသတ်ဦးစီးဌာနမှ အရန်မီးသတ်တပ်ဖွဲ့ဝင်များ အကြိုအခြေခံမီးသတ်ပညာသင်တန်းကို ယမန်နေ့နံနက်(၉း၀၀) နာရီအချိန်က ကွမ်းခြံကြီးကျေးရွာ၊ အုပ်ချုပ်‌ရေးမှူးရုံး၌ ကျင်းပပြုလုပ်ခဲ့သည်။
Subscribe to ဧရာဝတီတိုင်းဒေသကြီး