ကျုံပျော်မြို့၌ နွေနှမ်းသရုပ်ပြစိုက်ပျိုးပွဲပြုလုပ်

ကျုံပျော် ဖေဖော်ဝါရီ ၁၈

ပြည်တွင်းစားသုံးဆီ ဖူလုံစွာရရှိနိုင်ရေးအတွက် ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင် ကျုံပျော်မြို့နယ် ပျဉ်ချဆိပ်ကျေးရွာအုပ်စု ကွင်းအမှတ်(၉၉၉) တောင်သူဦးကြည်ဝင်း၏ လယ်မြေ ၄ ဧက၌ ဆီထွက်သီးနှံ နွေနှမ်း(ဆင်းရတနာ-၃) စမ်းသပ်စိုက်ခင်း စိုက်ပျိုးခြင်းအခမ်းအနားကို ယမန်နေ့နံနက်က ပြုလုပ်သည်။

ဦးစွာ ခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးစောထွန်းဝင်းက ယခုကဲ့သို့ ဆီထွက်သီးနှံ နွေနှမ်းစိုက်ပျိုးခြင်းဖြင့် ဒေသတွင်း စားသုံးဆီဖူလုံလာမည်ဖြစ်ကြောင်း၊ နှမ်းအပြင် ဆီထွက်သီးနှံများဖြစ်သော နေကြာ၊ ပဲပုတ်စသော သီးနှံများအား ပန်းတိုင်အထွက်နှုန်း ပြည့်မှီရေး အလေးထားဆောင်ရွက်ကြရန် လိုအပ်ပါကြောင်းဖြင့် အမှာစကားပြောကြားသည်။ ထို့နောက် စိုက်ပျိုးရေးဦးစီးဌာန ဝန်ထမ်းများက နွေနှမ်းစိုက်ပျိုးရေး နည်းပညာပေးလက်ကမ်းစာစောင်များအား တက်ရောက်လာသော တောင်သူများထံ ဖြန့်ဝေပေးအပ်ခဲ့သည်။

ယင်းနောက် ခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးစောထွန်းဝင်းနှင့် ခရိုင်စိုက်တိုးမြင့် အဖွဲ့ဝင်များ၊ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးမြင့်ထွန်းနှင့် အဖွဲ့ဝင်များ၊ မြို့နယ်စိုက်ပျိုးရေးဦးစီးမှူး ဦးသန်းဇော်ထိုက်နှင့် ဝန်ထမ်းများ၊ တောင်သူများက စိုက်ခင်းအတွင်းသို့ နွေနှမ်းသီးနှံများအား စုပေါင်းကြဲပက်စိုက်ပျိုးခဲ့ကြကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)