ဧရာဝတီတိုင်းဒေသကြီး

ကြံခင်းမြို့နယ် လူထုအခြေပြုဗဟိုဌာန၌ စာပေချစ်မြတ်နိုးသူများနှင့်ပူးပေါင်း၍ စာရေးဆရာ ချစ်နိုင်(စိတ်ပညာ)ရေးသားသောစာအုပ်ဖြင့် စာဖတ်ဝိုင်းပြုလုပ်

ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ ကြံခင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ အောက်တိုဘာလ ၁၆ ရက်နေ့၊ မွန်းလွဲ(၁)နာရီက စာပေချစ်မြတ်နိုးသူများအဖွဲ့ Book Club ၊ Women Club ၊ Youth Club အဖွဲ့ဝင်များနှင့် ပူးပေါင်း၍ စာရေးဆရာ ချစ်နိုင်(စိတ်ပညာ) ရေးသားသော “လူငယ်ဆိုတာ လန်းရမယ်” စာအုပ်ဖြင့် စာဖတ်ဝိုင်း ပြုလုပ်ခဲ့သည်။

လပွတ္တာမြို့နယ်တွင် ရွှံကဏန်းမျိုးစိုက်ထည့်ခြင်းအခမ်းအနား ကျင်းပ

ကဏန်းမျိုးများ ရေရှည်တည်တံ့ပွားများစေရန်နှင့် စဉ်ဆက်မပြတ် ဖမ်းဆီးထုတ်လုပ်နိုင်ရန်ရည်ရွယ်၍ ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်နှင့် လပွတ္တာမြို့နယ် ငါးလုပ်ငန်းဦးစီးဌာနမှကြီးကြပ်မှုဖြင့် လပွတ္တာမြို့နယ်အတွင်းရှိ ကဏန်းလုပ်ငန်းရှင်များစုပေါင်း၍ ရွှံကဏန်းမျိုးစိုက်ထည့်ခြင်းအခမ်းအနားကို ယနေ့နံနက် ၉ နာရီက သာခရမ်းချောင်း ဒီရေတော၌ ကျင်းပခဲ့သည်။

ဒေးဒရဲမြို့နယ်၌ ကျောင်းသား၊ ကျောင်းသူများ ဗလငါးတန်ဖွံ့ဖြိုးစေရေးလူငယ်စကားဝိုင်းဆွေးနွေး

ဧရာဝတီတိုင်းဒေသကြီး ဖျာပုံခရိုင် ဒေးဒရဲမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း၍ မြို့နယ်အတွင်းရှိ ကျောင်းသား၊ ကျောင်းသူများဗလငါးတန်ပြည့်စုံပြီး အသိပညာဗဟုသုတများတိုးပွားစေရန်၊ နှုတ်မှုစွမ်းရည်များ ထက်မြက်လာစေရန်၊ စဥ်းစားတွေးခေါ်မှု စွမ်းရည်များ ရင့်သန်လာစေရန်နှင့် ကိုယ်ကျင့်တရားကောင်းမွန်သည့် လူတော်၊ လူကောင်းများ ပေါ်ထွက်လာစေရန်ရည်ရွယ်၍ လူငယ်စကားဝိုင်းဆွေးနွေးပွဲကို ယနေ့နံနက် ၁၀နာရီက သံဖက်ကျေးရွာ အခြေခံပညာ အထက်တန်းကျောင်း (ခွဲ)ရှိ အစည်းအဝေးခန်းမတွင် ကျင်းပသည်။

ကျိုက်လတ်မြို့နယ်၌ ၂၀၂၅-၂၀၂၆ ခုနှစ်၊ ကော်ဖီပျိုးပင်ပေးအပ်ပွဲနှင့် စိုက်ပျိုးနည်းသရုပ်ပြ

ဧရာဝတီတိုင်းဒေသကြီး ဖျာပုံခရိုင် ကျိုက်လတ်မြို့နယ် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေး ကော်မတီဥက္ကဋ္ဌ၏ဦးဆောင်မှုဖြင့် စိုက်ပျိုးရေးဦးစီးဌာနမှ ၂၀၂၅-၂၀၂၆ ခုနှစ် ကော်ဖီပျိုးပင် ပေးအပ်ပွဲနှင့် စိုက်ပျိုးနည်းသရုပ်ပြပွဲ အခမ်းအနားကို ယနေ့နံနက် ၉ နာရီက ရုံးဒေါင့်ကျေးရွာရှိ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးတွင် စိုက်ပျိုးသရုပ်ပြခဲ့ကြောင်း သိရသည်။

ဒေးဒရဲမြို့နယ် (Community Centre)ခန်းမ၌ ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေးဟောပြောပွဲ ကျင်းပ

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်အတွင်းရှိ ကျောင်းသား၊ ကျောင်းသူ၊ လူငယ်များ အသိပညာတိုးပွားစေရေး၊ စာအုပ်စာပေလေ့လာဖတ်ရှုမှုတိုးပွားစေရေးရည်ရွယ်၍ ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေးဟောပြောပွဲနှင့် အခြေခံပညာမူလတန်းအဆင့် ဉာဏစွမ်းရည်ပြိုင်ပွဲအား အောက်တိုဘာ ၁၃ ရက် နံနက် (၁၀) နာရီက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ဓနုဖြူမြို့နယ်တွင် မြို့နယ်အဆင့် အင်္ဂလိပ်စာစွမ်းရည်ပြိုင်ပွဲနှင့် သင်္ချာစွမ်းရည်ပြိုင်ပွဲ ကျင်းပ

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ဓနုဖြူမြို့နယ်တွင် မြို့နယ်အဆင့် အင်္ဂလိပ်စာစွမ်းရည်ပြိုင်ပွဲနှင့် သင်္ချာစွမ်းရည်ပြိုင်ပွဲကို အောက်တိုဘာလ ၁၄ ရက်နေ့ နံနက်ပိုင်းက အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းနှင့် အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်းတို့၌ ကျင်းပခဲ့သည်။

အိမ်မဲမြို့နယ်တွင် မြို့နယ်ကော်မရှင်အဖွဲ့ခွဲအဖွဲ့ဝင်များနှင့် ရပ်ကွက်၊ ကျေးရွာအုပ်ချုပ်ရေးမှူးများ၊ စာရေးများ တွေ့ဆုံဆွေးနွေးပွဲ ကျင်းပ

ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ရွှေပြည်တန်ခန်းမ၌ မြို့နယ်ကော်မရှင်အဖွဲ့ခွဲအဖွဲ့ဝင်များနှင့် ရပ်ကွက်၊ ကျေးရွာ အုပ်ချုပ်ရေးမှူးများ၊ စာရေးဝန်ထမ်းများ တွေ့ဆုံဆွေးနွေးပွဲကို အောက်တိုဘာ ၁၃ ရက် နံနက် (၁၁) နာရီအချိန်က ကျင်းပခဲ့သည်။

ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ စီးပွားရေးရာဝန်ကြီး ဦးမောင်မောင်ဦး ဆန်စက်လုပ်ငန်းရှင်များ၊ ဆီစက်လုပ်ငန်းရှင်များနှင့် တွေ့ဆုံဆွေးနွေး

ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ စီးပွားရေးရာဝန်ကြီး ဦးမောင်မောင်ဦးသည် ဟင်္သာတခရိုင်အထွေထွေအုပ်ချုပ်ရေးမှူးရုံး အစည်းအဝေးခန်းမ၌ အောက်တိုဘာ ၁၄ ရက်နေ့ ညနေပိုင်းက မြို့နယ်အတွင်းရှိ ဆန်စက်လုပ်ငန်းရှင်များ၊ ဆီစက်လုပ်ငန်းရှင်များနှင့် တွေ့ဆုံဆွေးနွေးခဲ့သည်။

ကြံခင်းမြို့နယ် ကျေးလက်လမ်းဖွံ့ဖြိုးရေးဉီးစီးဌာနမှ ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ်အတွင်း တိုင်းဒေသကြီးနှင့် ပြည်ထောင်စုငွေလုံးငွေရင်းရန်ပုံငွေဖြင့် ဆောင်ရွက်လျက်ရှိသော လုပ်ငန်းများအား တာဝန်ရှိသူများမှ ကွင်းဆင်းကြည့်ရှု

ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ ကြံခင်းမြို့နယ်အတွင်း ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်၊ တိုင်းဒေသကြီးနှင့်ပြည်ထောင်စု ငွေလုံးငွေရင်းဖြင့် ဆောင်ရွက်မည့် လုပ်ငန်းများအား အောက်တိုဘာလ ၁၆ ရက်နေ့နံနက်ပိုင်းက ကျေးလက်လမ်းဖွံ့ဖြိုးရေးဉီးစီးဌာနမှ တာဝန်ရှိသူများက ကွင်းဆင်းစစ်ဆေး ကြည့်ရှုခဲ့သည်။

ဟင်္သာတမြို့နယ်အတွင်းရှိ တက္ကသိုလ်ဝင်တန်း(Grade-12) တက်ရောက်လျက်ရှိသော ကျောင်းသား၊ သူများအား ဟင်္သာတတက္ကသိုလ်တွင် သင်ကြားပို့ချလျက်ရှိသော ဘာသာရပ်များနှင့် မိတ်ဆက်ဟောပြောပွဲ ပြုလုပ်

ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ဟင်္သာတမြို့နယ်အတွင်းရှိ အခြေခံပညာအထက်တန်းကျောင်းများနှင့် ကိုယ်ပိုင်အထက် တန်းကျောင်းများမှ တက္ကသိုလ်ဝင်တန်း(Grade-12) တက်ရောက်လျက်ရှိသော ကျောင်းသား၊ သူများအား ဟင်္သာတ တက္ကသိုလ်တွင် သင်ကြားပို့ချလျက်ရှိသော ဘာသာရပ်များနှင့် မိတ်ဆက် ဟောပြောပွဲကို အောက်တိုဘာ ၁၄ နေ့နံနက် ၉ နာရီက မြို့ပေါ်ကျောင်းများတွင် ပြုလုပ်ခဲ့သည်။
Subscribe to ဧရာဝတီတိုင်းဒေသကြီး