ဧရာဝတီတိုင်းဒေသကြီး

ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် အင်္ဂပူမြို့နယ်၊ ကွင်းကောက်တောင်ကျေးရွာအုပ်စုတွင် တည်ထားကိုးကွယ်တော်မူမည့် ဝိဇယသိဒ္ဓိကျောက်စိမ်းစေတီတော် ဘက်စုံတည်ဆောက်ရေးလုပ်ငန်းများအတွက် အလှူငွေပေးအပ်ပွဲအခမ်းအနား တက်ရောက်

ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ အင်္ဂပူမြို့နယ်၊ ကွင်းကောက်တောင်ကျေးရွာအုပ်စုတွင် တည်ထားကိုးကွယ်တော်မူမည့် ဝိဇယသိဒ္ဓိကျောက်စိမ်းစေတီတော် ဘက်စုံတည်ဆောက်ရေးလုပ်ငန်းများအတွက် အလှူငွေပေးအပ်ပွဲအခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက အဆိုပါကျေးရွာရှိ သက်ရှည်ရတနာသာသနာ့ဗိမာန်တော်တွင် ကျင်းပခဲ့ရာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်းသည် တာဝန်ရှိသူများနှင့်အတူ တက်ရောက်၍ အလှူငွေများ ပေးအပ်ခဲ့သည်။

ကျောင်းကုန်းမြို့ အ.ထ.က(ခွဲ) ဝက်ချောင်းကျောင်း၌ စာဖတ်ရှိန်မြှင့်တင်ရေး လူငယ်စကားဝိုင်းကျင်းပ

ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊ ကျောင်းကုန်းမြို့နယ်၊ ဝက်ချောင်းအုပ်စု၊ ဝက်ချောင်းကျေးရွာအခြေခံပညာအထက်တန်းကျောင်း (ခွဲ)၌ စာဖတ်ရှိန်မြှင့်တင်ရေးအတွက် လူငယ်စကားဝိုင်းကို အောက်တိုဘာ ၂၁ ရက်နေ့ နံနက် ၁ဝ နာရီက ကျင်းပပြုလုပ်ခဲ့သည်။

ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဖျာပုံမြို့နယ်၊ သပြေကန်သိမ်ကုန်းဧရိယာအတွင်း နွေစပါးစိုက်ပျိုးရေလုံလောက်စွာ တိုးတက်ပေးဝေနိုင်ရေး လုပ်ငန်းဆောင်ရွက်နေမှုများကို ကြည့်ရှုစစ်ဆေး

ဧရာဝတီတိုင်း‌ဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်းသည် ယမန်နေ့မွန်းလွဲပိုင်းက တာဝန်ရှိသူများနှင့်အတူ ဖျာပုံခရိုင်၊ ဖျာပုံမြို့နယ်၊ သပြေကန်သိမ်ကုန်း ဧရိယာအတွင်း နွေစပါး စိုက်ပျိုးရေလုံလောက်စွာ တိုးတက်ပေးဝေနိုင်ရေး လုပ်ငန်းဆောင်ရွက်နေမှုများကို ကြည့်ရှု စစ်ဆေးခဲ့ကြောင်း သိရသည်။

မြန်အောင်ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်းမှ စားအုန်းဆီ၊ ဆန်နှင့် ကြက်ဥများကို သက်သာသော စျေးနှုန်းဖြင့် ရောင်းချပေး

ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ မြန်အောင်မြို့နယ်ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်းမှ စားအုန်းဆီဝယ်ယူခွင့်စာအုပ်ဖြင့် အမှတ်(၁)ရပ်ကွက်၌ ယနေ့နံနက်က အိမ်ထောင်စု တစ်စုလျှင် ၅၀ ကျပ်သားနှုန်းဖြင့် စားအုန်းဆီရောင်းချပေးခဲ့ကြောင်း သိရသည်။

ရွှေသောင်ယံမြို့ကမ်းခြေတွင် ဧရာဝတီလင်းပိုင်ဟုခန့်မှန်းရသည့် ရေသတ္တဝါ တစ်ကောင် ကမ်းတင်သေဆုံးလျက်တွေ့ရှိ

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ရွေသောင်ယံမြို့ အမှတ်(၁)ရပ်ကွက်ကမ်းခြေတွင် အောက်တိုဘာ ၁၉ ရက်နေ့ နံနက် (၇)နာရီခွဲအချိန်က ဧရာဝတီလင်းပိုင် ဟု ခန့်မှန်းရသည့် ရေသတ္တဝါတစ်ကောင် ကမ်းတင်သေဆုံးလျက်ရှိသည်ကို တွေ့ရသည်။  

ကြံခင်းမြို့နယ် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်၌ ၂၀၂၅ ခုနှစ်၊ ဆောင်းရာသီအတွက် စိုက်ပျိုးစရိတ်ချေးငွေများ စတင်ထုတ်ချေးပေးလျက်ရှိ

ဧရာဝတီတိုင်းဒေသကြီး၊ ကြံခင်းမြို့နယ်၊ မြို့နယ်မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်(ခွဲ)၌ စိုက်ပျိုးစရိတ်များကို အတိုးနှုန်းသက်သာစွာဖြင့် ရာသီအလိုက်ထုတ်ချေးပေးလျက်ရှိရာ ၂၀၂၅ ခုနှစ်၊ ဆောင်းရာသီအတွက် စိုက်ပျိုးစရိတ်ချေးငွေများကို အောက်တိုဘာ ၁၇ ရက် နံနက်ပိုင်းမှ စတင်၍ ထုတ်ချေးပေးလျက်ရှိသည်။

အိမ်မဲမြို့တွင်  စာဖတ်ရှိန်မြှင့်တင်ရေးဟောပြောပွဲနှင့် ပြပွဲ၊ ပြိုင်ပွဲများကျင်းပ

ဧရာဝတီတိုင်းဒေသကြီး၊​ မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community Centre ခန်းမတွင် စာဖတ်ရှိန်မြှင့်တင်ရေးဟောပြောပွဲနှင့် ပြပွဲ၊ ပြိုင်ပွဲများကို  အောက်တိုဘာ ၁၇ ရက်နေ့ နံနက် (၁၀) နာရီကကျင်းပခဲ့သည်။

ငွေဆောင်မြို့၌ ဆေးလိပ်ငွေ့ကင်းစင်သော ငွေဆောင်ကမ်းခြေဒေသဖော်ဆောင်ရေး အသိပညာပေးဆွေးနွေးပွဲကျင်းပ

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငွေဆောင်မြို့၊ မြို့အုပ်ချုပ်ရေးမှူးရုံး၊ အစည်းအဝေးခန်းမ၌ အောက်တိုဘာ ၁၇ ရက်နံနက်(၁၀း၃၀)အချိန်က ဆေးလိပ်ငွေ့ကင်းစင်သော ငွေဆောင်ကမ်းခြေဒေသဖော်ဆောင်ရေး အသိပညာပေးဆွေးနွေးပွဲ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ရွှေသောင်ယံမြို့ သဘော့ကန်ကျေးရွာအုပ်စုတွင် ကျန်းမာရေးအသိပညာပေး ဟောပြောပွဲနှင့် ကျန်းမာရေးဆိုင်ရာ လုပ်ငန်းများဆောင်ရွက်

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ရွှေသောင်ယံမြို့၊ သဘော့ကန်ကျေးရွာအုပ်စု၊ အလယ်ချောင်းကျေးရွာတွင် ယမန်နေ့နေ့လည်ပိုင်းက သဘော့ကန်ကျေးလက်ကျန်းမာရေးဌာနမှ ကျန်းမာရေးမှူးးဦးဆောင်၍ ဆရာမများမှ ကျန်းမာရေးအသိပညာပေးဟောပြောပွဲနှင့် ကျန်းမာရေးဆိုင်ရာလုပ်ငန်းများကို ဆောင်ရွက်ပေးခဲ့ကြကြောင်း သိရသည်။

ကြံခင်းမြို့နယ် မဲကုန်းအုပ်စုတွင် ကော်ဖီပျိုးပင်ပေးအပ်ပွဲနှင့် စုပေါင်းစိုက်ပျိုးပွဲကျင်းပ

ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ ကြံခင်းမြို့နယ်၊ မဲကုန်းအုပ်စု တောင်သူ ဦးဇော်မင်းဦး ဥယျာဉ်ခြံ၊ (၁)ဧကအတွင် ယမန်နေ့နံနက်ပိုင်းက ကော်ဖီပျိုးပင်ပေးအပ်ပွဲနှင့် စုပေါင်း စိုက်ပျိုးပွဲ ကျင်းပခဲ့ရာ ခရိုင်စိုက်ပျိုးထုတ်လုပ်မှု တိုးတက်မြင့်မားရေး ကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ ဦးမျိုးလှိုင်နှင့်အဖွဲ့ဝင်များ၊ မြို့နယ်စိုက်ပျိုးထုတ်လုပ်မှု တိုးတက်မြင့်မားရေးကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ ဦးဝင်းလှိုင်နှင့်အဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများနှင့် မြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှဝန်ထမ်းများ၊ ဒေသခံပြည်သူများ တက်ရောက်ကြကြောင်း သိရသည်။
Subscribe to ဧရာဝတီတိုင်းဒေသကြီး