မဟာလောကရန်နှိမ် အောင်တော်မူမြတ်စွာဘုရား၌ (၁၄၁)ကြိမ်မြောက် ဗုဒ္ဓပူဇနိယပွဲတော်ကျင်းပ
ချမ်းအေးသာစံမြို့နယ်၊ ပြည်ကြီးမျက်မှန်ရပ်ကွက်ရှိ မဟာလောကရန်နှိမ် အောင်တော်မူမြတ်စွာဘုရား၌ (၁၄၁)ကြိမ်မြောက် ဗုဒ္ဓပူဇနိယပွဲတော်နှင့် သံဃာတော်အပါး (၅၅၀) ဆွမ်းဆန်စိမ်းလောင်းလှူပူဇော်ပွဲအခမ်းအနားကို ဒီဇင်ဘာ ၈ ရက်က ကျင်းပပြုလုပ်ခဲ့သည်။