မဟာအောင်မြေမြို့နယ်အတွင်းရှိ ရပ်ကွက်နေပြည်သူများအနေဖြင့် ၂၀၂၅ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် မဲပေးပိုင်ခွင့်မဆုံးရှုံးစေရေးနှင့် ရပ်ကွက်များရှိ မဲရုံများအဆင်ပြေ ချောမွေ့မှုရှိစေရေး တာဝန်ရှိသူများ သွားရောက်ကြည့်ရှု
မဟာအောင်မြေမြို့နယ်အတွင်းရှိ ရပ်ကွက်နေပြည်သူများအနေဖြင့် ၂၀၂၅ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် မဲပေးပိုင်ခွင့်မဆုံးရှုံးစေရေးနှင့် ရပ်ကွက်များရှိ မဲရုံများအဆင်ပြေချောမွေ့မှုရှိစေရေး ဒီဇင်ဘာ ၈ ရက်နံနက်ပိုင်းက ခရိုင်/မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှ တာဝန်ရှိသူများက သံလျှက်မှော်အရှေ့ရပ်ကွက်၊ သံလျှက်မှော်အနောက်ရပ်ကွက်၊ စိန်ပန်းရပ်ကွက်၊ ဒေးဝန်းအရှေ့ရပ်ကွက်သို့ သွားရောက်ကြည့်ရှုကြောင်း သိရသည်။