တံတားဦးမြို့နယ်၌ ၂၀၂၆-၂၀၂၇ မိုးရာသီ သီးနှံမျိုးစုံ ၁၅၅,၁၅၄ ဧကကျော် လျာထားစိုက်ပျိုးမည်

တံတားဦး ဇွန် ၂၀

မန္တလေးတိုင်းဒေသကြီး၊ တံတားဦးခရိုင်၊ တံတားဦးမြို့နယ် ဒေသခံပြည်သူများသည် အသက်မွေးဝမ်းကျောင်းလုပ်ငန်းအဖြစ် စိုက်ပျိုးရေးကို အဓိကအားထား လုပ်ကိုင်သူများဖြစ်ပြီး နွေ၊ မိုး၊ ဆောင်းရာသီ အလိုက်သီးနှံများကို စိုက်ပျိုးကြကြောင်းသိရသည်။ ယခုနှစ် မိုးရာသီတွင် ဆည်ရေသောက်၊ ကန်ရေသောက်၊ လျှပ်စစ်မြစ်ရေတင်နှင့်   မိုးကောင်းသောက်စနစ်များဖြင့် တံတားဦးမြို့နယ်တွင် မိုးရာသီ သီးနှံမျိုးစုံ ၁၅၅,၁၅၄ ဧက ကို လျာထားစိုက်ပျိုးသွားမည်ဖြစ်ကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှသိရသည်။

တံတားဦးမြို့နယ်တွင် မိုးစပါး ၁၄,၅၇၅ ဧကနှင့် နှံစားပြောင်း ၃,၁၃၀ ဧက၊ မိုးပဲမျိုးစုံ ၁၀,၆၂၄ ဧက၊ မိုဆီထွက်သီးနှံစုံ ၆၅,၃၂၃ ဧက၊ မိုးစားဖိုဆောင် ၁,၀၀၆ ဧက၊ မိုးအခြားသီးနှံဖြစ်သည့်၊ ကျွဲနွားစာအဖြစ် ၄၈,၅၃၈ ဧကနှင့် ပဲမြစ် ၂,၁၄၅ ဧက၊ စားသုံးခြင်းမပြုသီးနှံ ၈၆၁ ဧက၊ မိုးဟင်းသီးဟင်းရွက်(၉၉၃)ဧက၊ မိုးဝါမျိုးစုံ ၁,၄၃၀ ဧက၊ ကြံ ၁၀၀ ဧက၊ သစ်သီးနှစ်ရှည်ပင် ၆,၄၂၉ ဧက၊  စိုက်ပျိုးမည်ဖြစ်ကြောင် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီးအရာရှိ ဦးအောင်ဆန်းလင်းထံမှ သိရသည်။

မိုးရာသီရာတွင် သီးနှံမျိုးစုံ ထွက်တိုးရေးနှင့် အောင်မြင်သောသီးနှံမျိုးစုံရရှိရေးအတွက် သက်ဆိုင်ရာဌာနများနှင့် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ ဝန်ထမ်းများက စိုက်ပျိုးရေးလုပ်ငန်း ပိုမိုအောင်မြင် ဖြစ်ထွန်းရေးအဆင့်ဆင့်တာဝန်ခွဲဝေဆောင်ရွက်မည်ဖြစ်ပြီး ဒေသခံတောင်သူများနှင့်ပူးပေါင်း၍ ပိုးမွှားရောဂါကာကွယ်ရေးလုပ်ငန်းများကို မျက်ခြည်မပြတ် စနစ်တကျ စောင့်ကြည့်ဆောင်ရွက်ကာ ရာသီဥတု ရေ၊ မြေဒေသနှင့် ကိုက်ညီသည့်  အထွက်နှုန်းကောင်းမျိုးများ၊ အရည်အသွေးကောင်း မျိုးများ၊ တိုးချဲ့ စိုက်ပျိုးနိုင်ရေး၊ နည်းပညာ၊ နည်းစနစ်ကောင်းများ ဖြန့်ဝေပေးနိုင်ရေးအတွက်လည်း  ဆောင်ရွက်သွားမည်ဖြစ်ကြောင်းသိရသည်။

ရဲတင့်(ပြန်/ဆက်)