မန္တလေးတိုင်းဒေသကြီး

မြစ်သားမြို့နယ် ပြည်သူ့စာကြည့်တိုက်၌ ကာယ၊ ဉာဏ စွမ်းရည်ပြိုင်ပွဲများ ကျင်းပ

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ်၌ ကလေးငယ်များ ကာယ၊ ဉာဏစွမ်းရည်များ ဖွံ့ဖြိုးတိုးတက်စေရန်နှင့် စာကြည့်တိုက်သို့ လာရောက်သည့် အလေ့အကျင့်များရှိစေရန် ရည်ရွယ်၍ ဧပြီ ၂ ရက် နံနက် ၁၀ နာရီက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ပြည်သူ့စာကြည့်တိုက်၌ ကာယ၊ ဉာဏစွမ်းရည်ပြိုင်ပွဲ ကျင်းပသည်။

ညောင်ဦးမြို့ မြန်မာ့ရိုးရာလမ်းလျှောက်သင်္ကြန်တွင် ဖျော်ဖြေမည့် တီဝိုင်းအဖွဲ့များ သတ်မှတ်ရက်အလိုက် တီးခတ်နိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပ

မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့နယ်၊ ပုဂံမြို့ဟောင်းအတွင်း ကျင်းပပြုလုပ်မည့် မြန်မာ့ရိုးရာလမ်းလျှောက်သင်္ကြန်တွင် ပါဝင်ဖျော်ဖြေတီးခတ်နိုင်ရေး၊ အလှည့်ကျရက်များတွင် ဖျော်ဖြေတီးခတ်နိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ဧပြီ ၂ ရက်၊ နံနက် ၁၀ နာရီက ညောင်ဦးမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်အုပ်ချုပ်ရေးမှူး ရုံးခန်းတွင် ကျင်းပခဲ့ကြောင်း သိရသည်။

မြစ်သားမြို့နယ်၌ ရေဆေးပန်းချီရေးဆွဲနည်းသင်တန်း ဖွင့်ပွဲအခမ်းအနား ကျင်းပ

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း၍ နွေရာသီကျောင်းပိတ်ရက်များတွင် အချိန်ကိုအကျိုးရှိရှိအသုံးချတတ်စေရန်နှင့် ရေဆေးပန်းချီရေးဆွဲတတ်စေရန် ရည်ရွယ်၍ ရေဆေးပန်းချီရေးဆွဲနည်းသင်တန်းဖွင့်ပွဲ အခမ်းအနားကို ဧပြီလ ၁ ရက် နံနက် ၉ နာရီက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ပြည်သူ့စာကြည့်တိုက်၌ ကျင်းပပြုလုပ်သည်။  

ငါန်းဇွန်မြို့၌ နွေရာသီအေရိုးဗစ်(အခမဲ့)သင်တန်း ဖွင့်ပွဲအခမ်းအနားကျင်းပ

မန္တလေးတိုင်းဒေသကြီး ငါန်းဇွန်မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနလူထုအခြေပြုဗဟိုဌာန၌ ယနေ့နံနက် ၈နာရီက နွေရာသီအေရိုးဗစ်(အခမဲ့)သင်တန်း ဖွင့်ပွဲအခမ်းအနား ကျင်းပသည်။

ကျောက်ဆည်မြို့နယ် တိုက်နယ် ၈ အတွင်းမှ ကျေးရွာအုပ်စု ၇ အုပ်စု ၌ မိုးနှောင်းဝါသီးနှံ ၁၅၃၅ ဧက စိုက်ပျိုးပြီးဖြစ်

မန္တလေးတိုင်းဒေသကြီး ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့နယ်တွင် တိုက်နယ် ၁၂ ခုရှိပြီး တိုက်နယ် ၈ အတွင်းမှ ကျေးရွာအုပ်စု ၇ အုပ်စုသည် ယာမြေအများအပြားရှိသည့်အတွက် မိုးနှောင်းရာသီ၌ ဝါသီးနှံများ အဓိကထားစိုက်ပျိုးကြကြောင်း သိရှိရကာ ယခုအခါ အဆိုပါကျေးရွာအုပ်စု ၈ အုပ်စု၌ မိုးနှောင်းဝါသီးနှံ ၁၅၃၅ ဧက စိုက်ပျိုးပြီးဖြစ်ကြောင်း မြို့နယ်မြေစာရင်းဦးစီးဌာနမှ သိရသည်။

ညောင်ဦးခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဒေသန္တရပြတိုက်ငယ်အတွင်း ပြသထားနိုင်ရန် ဦးဘငြိမ်းယွန်းထည်လုပ်ငန်းက ယွန်းဆွမ်းချိုင့်နှင့်ယွန်းပန်းအိုး လှူဒါန်း

မန္တလေးတိုင်းဒေသကြီး ညောင်ဦးခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ရှိ ဒေသန္တရပြတိုက်ငယ်အတွင်း ပြသထားနိုင်ရန် ပုဂံဒေသထွက် ယွန်းသုံးဆင့်ဆွမ်းချိုင့်နှင့် ယွန်းပန်းအိုးကို ဧပြီ ၂ ရက် နံနက် ၈ နာရီက ဦးဘငြိမ်းယွန်းအရောင်းဆိုင်က လှူဒါန်းသည်။

မြစ်သားမြို့နယ်၌ ၂၀၂၆ ခုနှစ်၊ ပါဠိပထမပြန်စာမေးပွဲ (စတုတ္ထနေ့)ဆက်လက်ဖြေဆို

မန္တလေးတိုင်းဒေသကြီး ကျောက်ဆည်ခရိုင် မြစ်သားမြို့နယ်သာသနာရေးဦးစီးဌာနက ကျင်းပသည့် ၂၀၂၆ ခုနှစ်၊ ပါဠိပထမပြန်စာမေးပွဲကို ဧပြီ ၁ ရက် မွန်းတည့် ၁၂ နာရီက  ရွှေမုဋ္ဌောစေတီတော်မြတ်ကြီးအတွင်းရှိ နန်းအိမ်သူဓမ္မဗိမာန်၌ ကျင်းပ‌သည်။

တတိယအကြိမ် မန္တလေးတိုင်းဒေသကြီးလွှတ်တော် ပထမပုံမှန်အစည်းအဝေး စတုတ္ထနေ့ ကျင်းပ

တတိယအကြိမ် မန္တလေးတိုင်းဒေသကြီးလွှတ်တော် ပထမပုံမှန်အစည်းအဝေး (စတုတ္ထနေ့)ကို ယမန်နေ့နံနက် ၁၀ နာရီအချိန်က မန္တလေး၊ အောင်မြေသာစံမြို့နယ်ရှိ၊ တိုင်းဒေသကြီးလွှတ်တော်ရုံး အစည်းအဝေးခန်းမ၌ ကျင်းပရာ တက်ရောက်ခွင့်ရှိသည့် လွှတ်တော်ကိုယ်စားလှယ် (၇၂)ဦး တက်ရောက်ကြသည်။

သာစည်မြို့ လူထုအခြေပြုဗဟိုဌာန၌ အခြေခံပန်းချီရေးဆွဲနည်းနှင့် အင်္ဂလိပ်စာအခြေခံသင်တန်းဆင်းပွဲ ပြုလုပ်

မန္တလေးတိုင်းဒေသကြီး၊ သာစည်မြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာနခန်းမ၌ ယမန်နေ့နံနက်ပိုင်းက အခြေခံပန်းချီရေးဆွဲနည်းနှင့် အင်္ဂလိပ်စာအခြေခံသင်တန်းဆင်းပွဲ ပြုလုပ်ကြောင်း သိရသည်။

ပြင်ဦးလွင်မြို့တွင် ၂၀၂၆ ခုနှစ်၊ နွေရာသီအခြေခံ အားကစား သင်တန်းဆင်းပွဲ အခမ်းအနားကျင်းပ

၂၀၂၆ ခုနှစ်၊ ပြင်ဦးလွင်ခရိုင်/ မြို့နယ် အားကစားနှင့်ကာယပညာဦးစီးဌာနနှင့် အားကစားနှင့်ကာယပညာ ဆပ်ကော်မတီတို့ ပူးပေါင်းဖွင့်လှစ်သော နွေရာသီအခြေခံ အားကစား သင်တန်းဆင်းပွဲကို မတ်လ ၃၁ ရက်နေ့ နံနက် ၈ နာရီက ပြင်ဦးလွင်ခရိုင်အားကစားကွင်းအတွင်း၌ ကျင်းပပြုလုပ်ရာ တာဝန်ရှိသူများ၊ အားကစားဆပ်ကော်မတီဥက္ကဋ္ဌများနှင့် အဖွဲ့ဝင်များ၊ ခရိုင်/မြို့နယ်အားကစားနှင့် ကာယပညာ ဦးစီး ဌာနမှ တာဝန်ရှိသူများ၊ ဖိတ်ကြားထားသော ဧည့်သည်တော်များ၊ သင်တန်းနည်းပြ ဆရာ/ဆရာမများ၊ သင်တန်းသား၊ သင်တန်းသူများ တက်ရောက်ကြသည်။  
Subscribe to မန္တလေးတိုင်းဒေသကြီး