လှည်းကူးမြို့နယ် အခြေခံပညာအလယ်တန်းကျောင်း(မေဃဝတီ)၌ ကျောင်းကျန်းမာရေး လုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်
ရန်ကုန်တိုင်းဒေသကြီး၊ လှည်းကူးခရိုင်၊ လှည်းကူးမြို့နယ်တွင် ကျောင်းကျန်းမာရေးလှုပ်ရှားမှုအဖြစ် မြို့နယ်ကုသရေးဦးစီးဌာနမှ သွားဘက်ဆိုင်ရာ ဆရာဝန်၊ မြို့နယ်ကျောင်းကျန်းမာရေးဌာနမှ THN တို့ ဦးဆောင်သောအဖွဲ့နှင့် မိခင်နှင့်ကလေးကျန်းမာရေးဌာနမှ ကျန်းမာရေးဝန်ထမ်းများက ယမန်နေ့ နံနက်ပိုင်းက အခြေခံပညာအလယ်တန်းကျောင်း(မေဃဝတီ)၌ ကွင်းဆင်းဆောင်ရွက်ခဲ့သည်။