ရှမ်းပြည်နယ်

မူဆယ်မြို့တွင် (၆၁) နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ အခမ်းအနားကျင်းပ

ရှမ်းပြည်နယ်(မြောက်ပိုင်း) မူဆယ်မြို့၌ (၆၁)နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ အခမ်းအနားကို အောက်တိုဘာလ ၁ ရက်နေ့ နံနက် (၉) နာရီက မူဆယ်မြို့ မြို့တော်ခန်းမတွင် ကျင်းပခဲ့ကြောင်း သိရသည်။

မိုင်းတုံမြို့၌ မြို့နယ်ကော်မရှင်အဖွဲ့ဝင်များ ပူးပေါင်းညှိနှိုင်းအစည်းအဝေး ကျင်းပ

ရှမ်းပြည်နယ်(အရှေ့ပိုင်း) မိုင်းတုံခရိုင်၊ မိုင်းတုံမြို့နယ်ကော်မရှင်မှ မြို့နယ်ကော်မရှင်အဖွဲ့ဝင်များ ပူးပေါင်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ နံနက်ပိုင်းအချိန်က မြို့နယ်‌ကော်မရှင်ရုံးတွင် ကျင်းပခဲ့သည်။

ရှမ်းပြည်နယ်အတွင်း ၂၀၂၅ ခုနှစ်၊ အထွေထွေရွေးကောက်ပွဲအတွက် ပထမအကြိမ် မဲဆန္ဒရှင်စာရင်းများ စတင်ကြေညာ

၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ ၂၈ ရက်နေ့တွင် ကျင်းပပြုလုပ်မည့် အထွေထွေရွေးကောက်ပွဲတွင် လွှတ်တော်မဲဆန္ဒနယ်အသီးသီးရှိ မဲပေးပိုင်ခွင့်ရှိသည့် မဲဆန္ဒရှင်စာရင်းများကို ပထမအကြိမ်အဖြစ် ယမန်နေ့ နံနက်ပိုင်းမှစ၍ ရှမ်းပြည်နယ်၊ တောင်ကြီးမြို့တွင် ရပ်ကွက်/ကျေးရွာ အုပ်စုကော်မရှင်အဖွဲ့ခွဲရုံးများ၊ တပ်ရင်းတပ်ဖွဲ့များတွင် ကြေညာထားကြောင်း သိရသည်။

ရှမ်းပြည်နယ်ဝန်ကြီးချုပ်ဦးအောင်အောင်၊ တောင်ကြီးမြို့နယ်၊ လွယ်တော်ကျေးရွာအုပ်စု နားဟစ်ကျေးရွာတွင် ဒေသဖွံ့ဖြိုးလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်​ပေး

ရှမ်းပြည်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်အောင်သည် ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်၊ ခရိုင်၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ တာဝန်ရှိသူများနှင့်အတူ ယမန်နေ့ နံနက် (၉) နာရီခွဲက တောင်ကြီးမြို့၊ လွယ်တော်ကျေးရွာအုပ်စု၊ နားဟစ်ကျေးရွာ၌ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်ပေးခဲ့ကြကြောင်း သိရသည်။

မိုင်းယန်းမြို့နယ်၌ ၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ၌ ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ မဲဆန္ဒရှင်စာရင်းများ စတင်ကပ်ထားကြေငြာ

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယန်းခရိုင်၊ မိုင်းယန်းမြို့နယ်တွင် ၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ၌ ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ မဲဆန္ဒရှင်စာရင်းများကို ယမန်နေ့နံနက် (၇)နာရီမှစတင်၍ မြို့ပေါ် (၁၁)ရပ်ကွက်နှင့် ကျေးရွာအုပ်စု (၂)စုရှိ သက်ဆိုင်ရာရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးများနှင့် ကျေးရွာအုပ်ချုပ်ရေးမှူးရုံးများတွင် ပထမအကြိမ် ကပ်ထားကြေညာလျက်ရှိသည်။

မိုင်းဆတ်မြို့၌ မဲဆန္ဒရှင်စာရင်းများ ထုတ်ပြန်ကြေညာ

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်မြို့နယ်၌ မကြာမီကျင်းပပြုလုပ်မည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် အသက် ၁၈ နှစ်ပြည့်ပြီးသူတိုင်း ဆန္ဒမဲ‌ပေးနိုင်ခွင့်ရှိစေရန်နှင့် မဲဆန္ဒရှင်စာရင်းများ မှန်ကန်စေရန်ရည်ရွယ်၍ မြို့နယ်အတွင်းရှိ မဲဆန္ဒရှင်စာရင်းများကို ယမန်နေ့ နံနက် ၇ နာရီမှစ၍ သက်ဆိုင်ရာ ရပ်ကွက်/ကျေးရွာကော်မရှင်အဖွဲခွဲရုံးများတွင် ထုတ်ပြန်ကြေညာထားကြောင်း သိရသည်။

မိုင်းပျဉ်းမြို့နယ်၌ မဲဆန္ဒရှင်စာရင်းများ ထုတ်ပြန်ကြေညာ

၂၀၂၅ ခုနှစ်၊ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် အသက် ၁၈ နှစ်ပြည့်ပြီးသူတိုင်း ဆန္ဒမဲ‌ပေးနိုင်ခွင့်ရှိစေရန်နှင့် မဲဆန္ဒရှင်စာရင်းများ မှန်ကန်စေရန် ရည်ရွယ်၍ ရှမ်းပြည်နယ် (အ‌ရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းပျဉ်းမြို့နယ်၌ ယနေ့တွင် မဲဆန္ဒရှင်စာရင်းများကို သက်ဆိုင်ရာ ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးရုံးများတွင် ထုတ်ပြန်ကြေညာထားလျက်ရှိသည်။

မိုင်းယုမြို့၌ ၂၀၂၅ ခုနှစ် အထွေထွေရွေးကောက်ပွဲအတွက် မဲဆန္ဒရှင်စာရင်းများ ထုတ်ပြန်ကြေညာ

ရှမ်းပြည်နယ်(အ‌ရှေ့ပိုင်း)၊ မိုင်းယောင်းခရိုင်၊ မိုင်းယုမြို့ရှိ ရပ်ကွက်/ကျေးရွာ ကော်မရှင်အဖွဲ့ခွဲရုံးများ၌ ယနေ့က မဲဆန္ဒရှင်စာရင်းများကို ထုတ်ပြန်ကြေညာ ပေးလျက်ရှိကြောင်း သိရသည်။

မိုင်းရှူးမြို့နယ်တွင် ၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ၌ ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ မဲဆန္ဒရှင်စာရင်းများ စတင်ကပ်ထားကြေညာ

ရှမ်းပြည်နယ်တောင်ပိုင်း၊ မိုင်းရှူးခရိုင်၊ မိုင်းရှူးမြို့နယ်တွင် ၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ၌ ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ မဲဆန္ဒရှင်စာရင်းများကို ယနေ့နံနက်(၇)နာရီမှစတင်၍ မြို့နယ်အတွင်းရှိ ရပ်ကွက်နှင့် ကျေးရွာအုပ်စု ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးများနှင့် ကျေးရွာများတွင် ပထမအကြိမ် ကပ်ထားကြေညာခဲ့သည်။

တာချီလိတ်မြို့နယ်၌ မဲဆန္ဒရှင်စာရင်းများ ထုတ်ပြန်ကြေညာ

၂၀၂၅ ခုနှစ်၊ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် အသက် ၁၈ နှစ်ပြည့်ပြီးသူတိုင်း ဆန္ဒမဲ‌ပေးနိုင်ခွင့်ရှိစေရန်နှင့် မဲဆန္ဒရှင်စာရင်းများ မှန်ကန်စေရန် ရည်ရွယ်၍ ရှမ်းပြည်နယ် (အ‌ရှေ့ပိုင်း)၊ တာချီလိတ်မြို့၌ ယနေ့တွင် မဲဆန္ဒရှင်စာရင်းများကို သက်ဆိုင်ရာ ရပ်ကွက်/ကျေးရွာ အုပ်စုအုပ်ချုပ်ရေးမှူးရုံးများတွင် ထုတ်ပြန်ကြေညာထားလျက်ရှိသည်။
Subscribe to ရှမ်းပြည်နယ်