လားရှိုးမြို့ လူငယ်သင်တန်းကျောင်းရှိ ကျောင်းသား၊ ကျောင်းသူများအတွက် အလှူငွေများ ပေးအပ်လှူဒါန်း
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးမြို့တွင် ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ၏ကြီးကြပ်မှုဖြင့် ခရိုင်အဆင့်ဌာနဆိုင်ရာများပူးပေါင်း၍ လားရှိုးမြို့ လူငယ်သင်တန်းကျောင်းရှိ ကျောင်းသားကျောင်းသူများအတွက် အလှူငွေများပေးအပ်လှူဒါန်းခြင်းကို ယနေ့ညနေပိုင်းက အဆိုပါကျောင်း၌ ကျင်းပခဲ့ကြောင်း သိရသည်။