မိုင်းယန်း ဖေဖော်ဝါရီ ၃
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယန်းခရိုင်၊ မိုင်းယန်းမြို့နယ် မီးသတ်ဦးစီးဌာနမှ ရည်မှန်းချက်တာဝန်ကြီး (၄)ရပ်နှင့်အညီ မြို့နယ်အတွင်း မီးလောင်မှုမဖြစ်ပေါ်စေရေးတို့အတွက် မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးဆိုင်ရာ လုပ်ငန်းများနှင့် မီးဘေးလုံခြုံရေးစစ်ဆေးခြင်းများကို ဆောင်ရွက်လျက်ရှိရာ ယမန်နေ့ နေ့လယ် ၂ နာရီက မြို့မဈေးအတွင်း မီးဘေးလုံခြုံရေးစစ်ဆေးခြင်းနှင့် လက်တွေ့မီးငြှိမ်းသတ် သရုပ်ပြသခြင်း ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထိုသို့ ဆောင်ရွက်ရာတွင် မြို့နယ်အတွင်းရှိ မီးဘေးလုံခြုံရေးနှင့်စပ်လျဉ်း၍ မိမိကွပ်ကဲမှုအောက်ရှိ မြို့နယ်ဒေသအတွင်း မီးလောင်မှုများမဖြစ်ပေါ်စေရေးနှင့် မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးလုပ်ငန်းများကို လုပ်ငန်းစဉ် (၇)ရပ်နှင့်အညီ စက်ရုံ၊ အလုပ်ရုံ၊ စက်သုံးဆီဆိုင်၊ ဆေးဆိုင်များနှင့် ရပ်ကွက်များရှိ ကုန်စုံဈေးဆိုင်များ မီးလောင်မှုမဖြစ်ပေါ်စေရန် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ဉပဒေ၊ နည်းဉပဒေများ၊ မီးဘေးလုံခြုံရေး ကြိုတင်ကာကွယ်ရေးဆိုင်ရာ အကြံပြုချက်များအား လိုက်နာဆောင်ရွက်ရေးအသိပညာပေးခြင်းများ ဆောင်ရွက်ခဲ့ပြီး မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်ဇင်ဦး၊ မြို့နယ်မီးသတ်ဦးစီးမှူး ဦးဇော်မော်၊ မြို့နယ်စည်ပင်သာယာရေးဌာန အမှုဆောင်အရာရှိ ဦးကျော်စိုးလွင်၊ မြို့မစည်ပင်သာယာရေးအထောက်အကူပြုအဖွဲ့၊ မြို့မဈေးကော်မတီဝင်များနှင့် မီးသတ်တပ်ဖွဲ့ဝင်များတို့မှ ဈေးအတွင်းရှိ မီးသတ်ဆေးဘူးများစစ်ဆေးခြင်း၊ မီးသတ်ယာဉ်၊ မီးသတ်ဆေးဘူးများဖြင့် မီးငြှိမ်းသတ်ခြင်း လက်တွေ့သရုပ်ပြသကာ မြို့နယ်စည်ပင်သာယာရေးဝန်ထမ်းများနှင့် ဈေးသူ၊ ဈေးသားများအား လက်တွေ့မီးငြှိမ်းသတ်ခြင်းများ ဆောင်ရွက်ခဲ့ပြီး မြို့မဈေးအတွင်း မီးဘေးလုံခြုံရေးနှင့် ကြိုတင်ကာကွယ်ရေးဆိုင်ရာ လုပ်ငန်းများဆောင်ရွက်ရန် တာဝန်ရှိသူများက ပေါင်းစပ်ညှိနှိုင်း ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
ထွန်းထွန်းထူး