ရှမ်းပြည်နယ်

ညောင်ရွှေမြို့နယ်အတွင်း ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်

ရှမ်းပြည်နယ်(တောင်ပိုင်း) ညောင်ရွှေမြို့နယ် ရေပူကျေးရွာအုပ်စုအတွင်း ဒေသခံပြည်သူများနှင့် တွေ့ဆုံ၍ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်ခြင်းကို ယမန်နေ့ နံနက်ပိုင်းက ရေပူကျေးရွာဘုန်းတော်ကြီးကျောင်း၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ကျိုင်းလပ်မြို့၌ စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေးဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြပွဲများ ဆောင်ရွက်

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ ကျိုင်းလပ်မြို့၌ ကျောင်းသား/ကျောင်းသူများ စာဖတ်သည့် အလေ့အကျင့်ကောင်းများရရှိစေရန် စာဖတ်ရှိန်မြှင့်တင်ရေး၊ အသိပညာပေး နယ်လှည့်ဟောပြောပွဲကို ယမန်နေ့မွန်းလွဲ(၂)နာရီက အခြေခံပညာမူလတန်းကျောင်း(ဝမ်မီးမိုင်)သို့  ကွင်းဆင်းဆောင်ရွက်ခဲ့သည်။

ကျိုင်းလပ်မြို့ အခြေခံပညာမူလတန်းကျောင်း(ကျက)၌ စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေးဟောပြောပွဲ၊ နံရံကပ်စာစောင်ပြပွဲ ကျင်းပ

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ ကျိုင်းလပ်မြို့၌ ကျောင်းသား/ကျောင်းသူများ ဗလငါးတန်နှင့်ပြည့်စုံစေရန်ရည်ရွယ်၍ စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေးဟောပြောပွဲကို ယနေ့ နံနက် (၁၀)နာရီက အခြေခံပညာမူလတန်းကျောင်း(ကျက)၌ ကျင်းပပြုလုပ်ခဲ့သည်။

(၇၈)နှစ်မြောက် လွပ်လပ်ရေးနေ့အကြို မြို့နယ်အဆင့် ထက်၊ လယ်၊ မူ စာစီစာကုံးပြိုင်ပွဲ ကျင်းပ

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နောင်ချိုမြို့နယ်တွင် (၇၈)နှစ်မြောက် လွပ်လပ်ရေးနေ့အကြို မြို့နယ်အဆင့် အထက်တန်း၊ အလယ်တန်း၊ မူလတန်း စာစီစာကုံးပြိုင်ပွဲကို ယနေ့နံနက် ၉ နာရီအချိန်က မြို့နယ်ပညာရေးမှူးရုံး၌ ကျင်းပပြုလုပ်ခဲ့သည်။

ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဟိုပုံးမြို့နယ်၌ လူသုံးကုန်ထုတ်လုပ်မှုနည်းပညာသင်တန်း ဖွင့်ပွဲအခမ်းအနား ကျင်းပ

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့နယ်၌ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှဖွင့်လှစ်သည့် လူသုံးကုန်ထုတ်လုပ်မှုနည်းပညာသင်တန်းဖွင့်ပွဲကို ယမန်နေ့က နောင်လိုင်မူဖိတ်ကျေးရွာအုပ်စု၊ ထီတန်းလိတ်‌ကျေးရွာတွင် ပြုလုပ်သည်။

ကလောမြို့နယ်၊ ‌သရက်ပုကျေးရွာအခြေခံပညာအလယ်တန်းကျောင်း၌ လူငယ်ရေးရာအသိပညာပေးဟောပြောပွဲ ကွင်းဆင်းဆောင်ရွက်

ရှမ်းပြည်နယ်တောင်ပိုင်း၊ ကလောမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ ယနေ့ နံနက် ၁၀ နာရီက သရက်ပုကျေးရွာ၊ အခြေခံပညာအလယ်တန်းကျောင်း၌ လူငယ်ရေးရာအသိပညာပေးဟောပြောပွဲ ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။

မိုင်းရှူးမြို့တွင် (၇၈)နှစ်‌မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ်အကြို ကာယစွမ်းရည်ပြိုင်ပွဲ ကျင်းပ

ရှမ်းပြည်နယ်(‌တောင်ပိုင်း)၊ မိုင်းရှူးမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမတွင် ယနေ့မွန်းလွဲ(၁)နာရီအချိန်က (၇၈)နှစ်‌မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ်အကြို ကာယစွမ်းရည်ပြိုင်ပွဲ ကျင်းပခဲ့သည်။

ကွန်ဟိန်းမြို့၌ ရွေးကောက်ပွဲဆိုင်ရာ အသိပညာပေး နံရံကပ်စာစောင်ပြသ

၂၀၂၅ ခုနှစ်၊ အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးအတွက်  ရှမ်းပြည်နယ် (တောင်ပိုင်း) နမ့်စန်ခရိုင်၊ ကွန်ဟိန်းမြို့၊ ပြန်ကြားရေးနှင်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးဘေး မြေစိုက်နံရံကပ်ပြဘုတ်တွင် ရွေးကောက်ပွဲဆိုင်ရာ အသိပညာပေး နံရံကပ်စာစောင်ပြသခြင်းကို ယနေ့နံနက် ၁၀ နာရီခန့်က ပြသခဲ့ကြောင်း သိရသည်။

မန်ကန်မြို့ လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမတွင် လူငယ်ရေးရာအသိပညာပေးဟောပြောပွဲ ပြုလုပ်ဆောင်ရွက်

ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ “ဝ”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း ၊ မက်မန်းခရိုင်၊ မန်ကန်မြို့ လူငယ်များအားဗလငါးတန်နှင့်ပြည့်စုံပြီး အတွေးအခေါ်မှန်ကန်စေရေး၊ နိုင်ငံတော်အတွက်အားထား ရမည့် နိုင်ငံ့သားကောင်းရတနာများဖြစ်ပေါ်လာစေရေးအတွက် လူငယ်ရေးရာအသိပညာပေးဟောပြောပွဲကို ဒီဇင်ဘာလ ၇ ရက်နေ့က မန်ကန်မြို့ လူထုအခြေပြုဗဟိုဌာနခန်းမ Community Centre ခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။

တာချီလိတ်မြို့၌ မြန်မာ-လာအို ချစ်ကြည်ရေးအသင်း(တာချီလိတ်ရုံးခွဲ)ဖွင့်ပွဲအခမ်းအနား ကျင်းပ

‎ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်မြို့၌ မြန်မာ-လာအို ချစ်ကြည်ရေးအသင်း(တာချီလိတ်ရုံးခွဲ)ဖွင့်ပွဲအခမ်းအနားကို ယနေ့ နံနက် ၉ နာရီက ဗိုလ်ချုပ်လမ်း၊ ဆန်ဆိုင်း(ခ)ရပ်ကွက်တွင် ကျင်းပခဲ့သည်။
Subscribe to ရှမ်းပြည်နယ်