ရှမ်းပြည်နယ်

နောင်ချိုမြို့နယ်၌ ကျန်းမာရေးအဆင့်မြှင့်ကျောင်း မြို့နယ်အဆင့် ဆင့်ပွားသင်တန်းဖွင့်လှစ်

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နောင်ချိုမြို့နယ်၌ ကျန်းမာရေး အဆင့်မြှင့်ကျောင်း မြို့နယ်အဆင့် ဆင့်ပွားသင်တန်းဖွင့်ပွဲကို ယမန်နေ့ နံနက် ၉ နာရီအချိန်က မြို့နယ်ပညာရေးမှူး ရုံးခန်းမ၌ ကျင်းပပြုလုပ်သည်။

ပင်လောင်းမြို့နယ်၌ ကိုယ်ထူကိုယ်ထ ကျေးရွာချင်းဆက်ကျောက်ချောလမ်းနှင့် သံကူကွန်ကရစ် တံတားဖွင့်ပွဲ အခမ်းအနားကျင်းပ

ရှမ်းပြည်နယ်တောင်ပိုင်း၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပင်လောင်းမြို့နယ် မြောက်ထီဗွာကျေးရွာအုပ်စု၊ ကောင်ထိန်ကျေးရွာတွင် ကောင်ထိန်-သိန်းလာပြား-ဝါးပြုံး ကျေးရွာချင်းဆက် ကိုယ်ထူကိုယ်ထ ကျောက်ချောလမ်းနှင့် ဘီလူးချောင်းကူး သံကူကွန်ကရစ် တံတားဖွင့်ပွဲ အခမ်းအနားကို ယနေနံနက်ပိုင်းတွင် အဆိုပါ တံတား၌ ကျင်းပပြုလုပ်သည်။

မိုင်းဆတ်မြို့၌ ခရိုင်အဆင့် အမျိုးသမီးကော်မတီအစည်းအဝေး ကျင်းပ

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်မြို့၌ ခရိုင်အဆင့်အမျိုးသမီးကော်မတီအစည်းအဝေးကို ယနေ့နံနက် ၁၁ နာရီက ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပခဲ့ကြောင်းသိရသည်။

ပင်းတယမြို့Community Centre ခန်းမ၌ Book Club ဝင်များဖြင့်စာဖတ်ဝိုင်း ပြုလုပ်

‎ရှမ်းပြည်နယ်တောင်ပိုင်း၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်းတယမြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအဆင့်ရုံး(ပင်းတယ)၊ Community Centre ခန်းမ၌ ယနေ့နံနက်ပိုင်းက Book Club အဖွဲ့ဝင်များဖြင့် စာဖတ်ဝိုင်းပြုလုပ်ခဲ့ကြောင်း သိရသည်။

ရှမ်းပြည်နယ် သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီး ကျိုင်းတုံမြို့နယ်အတွင်း သစ်တောပျိုးဥယျာဉ်များအား ကြည့်ရှုစစ်ဆေး

ရှမ်းပြည်နယ် (အရှေ့ပိုင်း) အတွင်း သစ်တောပြုန်းတီးမှုလျော့နည်းစေရေးနှင့် သစ်တော်ဖုံးလွှမ်းမှုတိုးတက်စေရေးအတွက် ရှမ်းပြည်နယ်သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီး ဦးစိုင်းဝမ်းလှိုင်းတစ်ပ်နှင့် တာဝန်ရှိသူများသည် ကျိုင်းတုံမြို့နယ်၊ ပန်ကြူကြိုးပြင်ကာကွယ်တော၊ ရေဝေရေလဲ (ထင်းရှူး၊ ခါတော်မီ)စိုက်ခင်းနှင့် ကျိုင်းဖောင်းအမြဲတမ်းပျိုးဥယျာဉ်တို့အား ဇွန် ၃ ရက်က ကြည့်ရှုစစ်ဆေးသည်။

ကျိုင်းတုံမြို့နယ်တွင် မိုးသည်းထန်စွာရွာသွန်းပြီး လေပြင်းတိုက်ခတ်မှုကြောင့် သစ်ပင်များလဲကျခြင်းနှင့် အဆောက်အဦအချို့ အမိုးလန်ပျက်စီး

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့နယ်အတွင်း ယမန်နေ့ ညနေ ၃ နာရီခွဲခန့်က မိုးသည်းထန်စွာရွာသွန်းပြီး လေပြင်းတိုက်ခတ်မှုကြောင့် သစ်ပင်များအမြစ်လန်လဲကျမှုများ ဖြစ်ပွားခဲ့ကြောင်း သိရသည်။

မိုင်းဖြတ်မြို့နယ်၌ အသက်မွေးဝမ်းကျောင်းအထောက်အကူပြု ပန်းရံသင်တန်း ဖွင့်လှစ် 

ရှမ်းပြည်နယ်(အရှေ့ပိုင်း) မိုင်းဖြတ်မြို့နယ်တွင်အသက်မွေးဝမ်းကျောင်းအထောက်အကူပြု ပန်းရံသင်တန်းဖွင့်ပွဲအခမ်းအနားကို ဇွန်လ ၃ ရက် နံနက်ပိုင်းက နမ့်လန်းကျေးရွာရှိ မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာရုံး၌ ကျင်းပသည်။  ရှေးဦးစွာ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးညွန့်ဝင်းက အဖွင့်အမှာစကား ပြောကြားသည်။

မိုင်းခုတ်မြို့၌ ဌာနဆိုင်ရာရုံးသို့ နယ်လှည့်စာကြည့်တိုက်စနစ်ဖြင့် စာအုပ်စာစောင်များ ငှားရမ်းပေး

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်ခရိုင်၊ မိုင်းခုတ်မြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနသည် စာဖတ်ရှိန်မြှင့်တင်ရေး နယ်လှည့်စာကြည့်တိုက်စနစ်ဖြင့် စာဖတ်ပရိသတ်ထံ လက်ဝယ်အရောက် စာအုပ်၊ စာစောင်များ လှည့်လည်ငှားရမ်းပေးခြင်းကို ယနေ့နံနက် ၉ နာရီခွဲအချိန်က ဌာနဆိုင်ရာရုံးသို့ ကွင်းဆင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ပင်လောင်းမြို့နယ်တွင် ရက် ၁၀၀ စီမံချက်ဖြင့် ကျွဲနွားလည်ချောင်းကွဲရောဂါကာကွယ်ဆေးများ ကွင်းဆင်းထိုးနှံပေး

ရှမ်းပြည်နယ်တောင်ပိုင်း၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်လောင်းမြို့နယ်တွင် နိုင်ငံတော်အစိုးရ၏ ရက် ၁၀၀ စီမံချက်လုပ်ငန်းအရ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊ မြို့နယ်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ ကျွဲနွားလည်ချောင်းကွဲရောဂါကာကွယ်ဆေးများအား ဇွန် ၂ရက်နေ့ နံနက်ပိုင်းက ကွင်းဆင်းထိုးနှံပေးခဲ့ကြောင်း သိရသည်။

ပင်းတယမြို့နယ်တွင် ၂၀၂၆ ခုနှစ်၊ ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့အထိမ်းအမှတ် သစ်ပင်စိုက်ပျိုးပွဲတော်နှင့် အသိပညာပေးဟောပြောပွဲ ဆောင်ရွက်

‎ရှမ်းပြည်နယ်တောင်ပိုင်း၊‌ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်းတယမြို့နယ် ရွှေပုထိုးတောင်ကျေးရွာအုပ်စု ရွှေပုထိုးတောင်ကျေးရွာရှိ အခြေခံပညာအထက်တန်းကျောင်းတွင် ယမန်နေ့ နံနက်ပိုင်းက ၂၀၂၆ ခုနှစ်၊ ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့အထိမ်းအမှတ်အဖြစ် စုပေါင်းသစ်ပင်စိုက်ပျိုးပွဲတော်ကိုကျင်းပပြုလုပ်ခဲ့ရာ ဌာနဆိုင်ရာမှတာဝန်ရှိသူများ၊ ကျောင်းဆရာ၊‌ ဆရာမများနှင့် ကျောင်းသား/ကျောင်းသူများပူးပေါင်း၍ ရွှေပုထိုးတောင်အခြေခံပညာအထက်တန်းကျောင်းအတွင်းအပြင် ခါတော်မှီ၊ ခရေ၊ ကံ့ကော်၊ မာတာကွတ်အပင်များကို စုပေါင်းစိုက်ပျိုးကြသည်။
Subscribe to ရှမ်းပြည်နယ်