ရှမ်းပြည်နယ်

အောင်ပန်း-အင်းလေးကန်ကြားရှိ ရေဝေရေလဲတောင်ကုန်းတောင်တန်းများတွင် သစ်တောစိုက်ပျိုးပြုစုထိန်းသိမ်းရေး အသိပညာပေးဆွေးနွေးဟောပြောပွဲကျင်းပ

သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်း‌ရေးဝန်ကြီးဌာန၊ သစ်တောဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်နှင့်အဖွဲ့ဝင်များသည် ရှမ်းပြည်နယ်တောင်ပိုင်း၊ကလောမြို့နယ်၊ငုံးသုံကျေးရွာနှင့်‌ ဘော်နင်းကျေးရွာအုပ်စု ၊ညောင်ကုန်းကျေးရွာတို့ရှိ ဘုန်းတော်ကြီးကျောင်းတို့တွင် ယမန်နေ့မွန်းလွဲ ၂ နာရီခန့်အချိန်တွင် အောင်ပန်း-အင်းလေးကန်ကြားရှိ ရေဝေရေလဲ တောင်ကုန်းတောင်တန်းများတွင်သစ်တောစိုက်ပျိုးပြုစုထိန်းသိမ်းရေးအတွက် ရည်ရွယ်၍ အသိပညာပေးဆွေးနွေး ဟောပြောပွဲကျင်းပပြုလုပ်ခဲ့သည်။ ရှေးဦးစွာ က‌လောမြို့နယ်၊ ငုံးသုံကျေးရွာ၊ သိရီမင်္ဂလာအောင် ဇမ္ဗူဒီပ‌အေးဓမ္မာရုံကျောင်းတိုက်တွင် နေပြည်တော်သစ်တော ဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်ဒေါက်တာ သောင်းနိုင်ဦးက သစ်တောများမှ ပံ့ပိုးပေးနေသော အကျိုးကျေးဇူးအကြောင်း၊ သစ်တောသစ်ပင်များစိုက်ပျိုးခြင်းကြောင့် ရရှိလာမည့်အကျိုးကျေး‌ဇူး နှင့် သဘာဝပတ်ဝန်းကျင်စိမ်းလန်းစို‌ပြည်စေရေးအတွက် ဒေသခံပြည်သူများအနေဖြင့် ပူးပေါင်း ပါဝင်ထိန်းသိမ်းကြ‌စေလိုကြောင်း ဆွေးနွေးဟောပြောခဲ့သည်။

ဆီဆိုင်မြို့နယ်၌ ပန်းခင်းစီမံချက်အဆင့်(၃)ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြား ကွင်းဆင်းဆောင်ရွက်ပေး

လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဆီဆိုင်မြို့နယ်ဦးစီးမှူးရုံးမှ ဝန်ထမ်းများသည် ပန်းခင်းစီမံချက်အဆင့်(၃)ဖြင့် နိုင်ငံသားစိစစ်ရေး ကတ်ပြားများကို မေလ (၂၃)ရက်နေ့ နံနက် (၉)နာရီအချိန်က ပါလောပါကယ်ကျေးရွာအုပ်စု၊ ဆိုက်ခေါင်ကျေးရွာရှိ ကျေးရွာအုပ်စု အုပ်ချုပ်မှူးရုံး၌ ကွင်းဆင်းဆောင်ရွက်ခဲ့ကြသည်။

လွိုင်လင်ခရိုင် မြို့နယ်အဆင့် ကျောင်းအပ်နှံရေးနေ့အခမ်းအနား ကျင်းပ

၂၀၂၅ - ၂၀၂၆ ပညာသင်နှစ် ကျောင်းအပ်နှံရေးနေ့အခမ်းအနားကို ရှမ်းပြည်နယ်(တောင်ပိုင်း)  လွိုင်လင်မြို့ အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း ခန်းမ၌ ယနေ့နံနက်ပိုင်းက ပြုလုပ်ပါသည်။

မိုင်းခုတ်မြို့နှင့် အမှတ် (၃)ရပ်ကွက် (ဟိုခန့်)သွားလမ်းအား ပြုပြင်ဆောင်ရွက်

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်ခရိုင်၊ မိုင်းခုတ်မြို့တွင် ယနေ့နံနက်ပိုင်းက မိုင်းခုတ်မြို့နှင့် အမှတ် (၃)ရပ်ကွက်အား ဆက်သွယ်ဖောက်လုပ်ထားသည့် လမ်းကိုပြုပြင် ထိန်းသိမ်းခြင်းလုပ်ငန်း ဆောင်ရွက်ခဲ့သည်။

မိုင်းရှူးမြို့၌ ၂၀၂၅-၂၀၂၆ပညာသင်နှစ်၊ ကျောင်းအပ်နှံရေးနေ့အခမ်းအနား ကျင်းပ

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ မိုင်းရှူးခရိုင်၊ မိုင်းရှူးမြို့နယ်တွင် ခရိုင်အဆင့်၊မြို့နယ်အဆင့် ၂၀၂၅-၂၀၂၆ ပညာသင်နှစ်၊ ကျောင်းအပ်နှံရေးနေ့အခမ်းအနားကို ယနေ့နံနက်(၉)နာရီခွဲ အချိန်က အခြေခံပညာအထက်တန်းကျောင်း၊ ခရေဆောင်ခန်းမ၌ ကျင်းပခဲ့သည်။

မိုင်းယောင်း၌ မိုးရာသီအကြို စုပေါင်းသစ်ပင်စိုက်ပျိုးပွဲ ကျင်းပ

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယောင်းမြို့နယ် ဝမ်ဘိုးကျေးရွာအုပ်စု၊ ဝမ်ဘိုးကျေးရွာ၌ ယနေ့နံနက်ပိုင်းက သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ မြို့နယ်သစ်တောဦးစီးဌာနက ကြီးမှူး၍ သဘာဝပတ်ဝန်းကျင်စိမ်းလန်းစိုပြည်ရေး၊ ရာသီဥတုကောင်းမွန်မျှတစေရေး၊ အပူဒဏ်ကာကွယ်နိုင်ရေးနှင့် သစ်တော၊ သစ်ပင်တန်ဖိုးများအား အလေးထားသိရှိနိုင်စေရန် ရည်ရွယ်၍ ၂၀၂၅ ခုနှစ်၊ မိုးရာသီအကြိုစုပေါင်းသစ်ပင်စိုက်ပျိုးပွဲ ပြုလုပ်ခဲ့ကြောင်း သိရသည်။

သစ်တောဦးစီးဌာနညွှန်ကြားရေးမှူးချုပ် ဒေါက်တာသောင်းနိုင်ဦး ညောင်ရွှေမြို့နယ် ရေပယ်ကျေးရွာနှင့် ပတ်ဝန်းကျင်ရှိ ဒေသခံပြည်သူများနှင့်တွေ့ဆုံ

သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ သစ်တောဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာသောင်းနိုင်ဦး ဦးဆောင်သောအဖွဲ့သည် ရှမ်းပြည်နယ်၊ ညောင်ရွှေမြို့နယ် ရေပယ်ကျေးရွာနှင့် ပတ်ဝန်းကျင်တွင်နေထိုင်ကြသည့် ဒေသခံပြည်သူများနှင့်တွေ့ဆုံခြင်းအခမ်းအနားကို ယမန်နေ့ညနေပိုင်းက ရေပယ်(အောက်)ကျေးရွာ အခြေခံပညာမူလတန်းကျောင်းခန်းမ၌ ပြုလုပ်ခဲ့သည်။

မိုင်းယောင်းမြို့၌ ပြည်သူများ၏ လိုအပ်ချက်များကို ဖြည့်ဆည်းဆောင်ရွက်

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယောင်းခရိုင်၊ မိုင်းယောင်းမြို့နယ်၌ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ လုပ်ဆောင်ပေးနိုင်ရန် မိုင်းယောင်းခရိုင်အုပ်ချုပ်ရေးမှူး ဦးထွန်းထွန်းနိုင် ဦးဆောင်သော ခရိုင် စစ်ကြောင်းကြီး(၅)ကြောင်းအဖွဲ့သည်  ယမန်နေ့ မွန်းလွဲ ၃နာရီတွင် ဟောင်ကြန့်ကျေးရွာအုပ်စု၊ ဟောင်ကြန့်ကျေးရွာ၌ ကွင်းဆင်းဆောင်ရွက်ခဲ့သည်။

မိုင်းခတ်၌ စာဖတ်ရှိန်မြှင့်တင်ရေး Mobile Library စနစ်ဖြင့် စာအုပ်စာစောင်များ အခမဲ့ငှားရမ်းပေး

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းခတ်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ Mobile Library စနစ်ဖြင့် စာအုပ်စာစောင်များ အခမဲ့ငှားရမ်းပေးခြင်းနှင့် စာအုပ်များ အသစ်လဲလှယ်ပေးခြင်းကို အပတ်စဉ်ကွင်းဆင်း ဆောင်ရွက်လျက်ရှိရာ ယနေ့မွန်းလွဲ(၁)နာရီအချိန်က မိုင်းခတ်မြို့နယ်၊ အမှတ်(၂)ရပ်ကွက်မှ စာဖတ်ပရိသတ်များထံ စာအုပ်များငှားရမ်း ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

တာလေမြို့၌ စာဖတ်ရှိန်မြှင့်တင်ရေး နယ်လှည့်စာကြည့်တိုက်စနစ်ဖြင့် စာအုပ်၊ စာစောင်များ ငှားရမ်းပေး

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ တာလေမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန သည် စာဖတ်ရှိန်မြှင့်တင်ရေး နယ်လှည့်စာကြည့်တိုက်စနစ်ဖြင့် စာဖတ်ပရိသတ်ထံလက်ဝယ်အရောက် စာအုပ်၊ စာစောင်များ ငှားရမ်းပေးခြင်းကို အပတ်စဉ် ကွင်းဆင်းဆောင်ရွက်ပေးလျက်ရှိရာ ယနေ့နံနက် (၉:၃၀)နာရီအချိန်က  ဌာနဆိုင်ရာရုံးများထံ သွားရောက်အခမဲ့ငှားရမ်းပေးခဲ့ကြသည်။
Subscribe to ရှမ်းပြည်နယ်