မိုင်းရှူး မေ ၂၄
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ မိုင်းရှူးခရိုင်၊ မိုင်းရှူးမြို့နယ်တွင် ခရိုင်အဆင့်၊မြို့နယ်အဆင့် ၂၀၂၅-၂၀၂၆ ပညာသင်နှစ်၊ ကျောင်းအပ်နှံရေးနေ့အခမ်းအနားကို ယနေ့နံနက်(၉)နာရီခွဲ အချိန်က အခြေခံပညာအထက်တန်းကျောင်း၊ ခရေဆောင်ခန်းမ၌ ကျင်းပခဲ့သည်။
အဆိုပါအခမ်းအနားကို ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမောင်မောင်လွင်က အဖွင့်အမှာစကားပြောကြားပြီး ခရိုင်ပညာရေးမှူးရုံးမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်မေစန္ဒာက ကျောင်းအပ်နှံရေးနေ့ကိစ္စနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့သည်။
ထို့နောက် ခရိုင်နှင့်မြို့နယ်အဆင့်ဌာနဆိုင်ရာအကြီးအကဲများက ထက်ဆင့်၊ လယ်ဆင့်၊ မူဆင့် ကျောင်းသား၊ ကျောင်းသူများအား ပုံနှိပ်၊ ဗလာ၊ ဘောပင်၊ ခဲတံ၊ သင်ထောက်ကူပစ္စည်းများကို အခြေခံပညာကျောင်းအုပ်ကြီးများထံ ပေးအပ်ခဲ့သည်။ ယင်းနောက် ခရိုင်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း၊ အမျိုးသမီးရေးရာအဖွဲ့နှင့် ကျောင်းအကျိုးတောင်ဆောင်များက ကျောင်းအပ်နှံပေးနေမှုများကို လိုက်လံကြည့်ရှုကြကြောင်း သိရသည်။
သန်းလူ(ပြန်/ဆက်)