ရှမ်းပြည်နယ်

မိုးနဲမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၌ လူကုန်ကူးမှုတိုက်ဖျက်ရေးနေ့အထိမ်းအမှတ်အကြို စစ်တုရင်ပြိုင်ပွဲ ကျင်းပ

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ နမ့်စန်ခရိုင်၊ မိုးနဲမြို့နယ် ဥယျာဉ်ရပ်ကွက် ဌာနစုပေါင်းရုံးဝန်းအတွင်းရှိ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Center) ခန်းမ၌ ယမန်နေ့နံနက်ပိုင်းအချိန်က အခြေခံပညာဦးစီးဌာနနှင့် ပူးပေါင်းကာ လူကုန်ကူးမှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်အကြို စစ်တုရင်ပြိုင်ပွဲကျင်းပ ပြုလုပ်လျက်ရှိကြောင်း သိရသည်။

မိုးနဲမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာန၌ နို့တိုက် မိခင်များအား အသိပညာပေးစာစောင်များ ဖြန့်ဝေခြင်းနှင့် ဗီတာမင်နှင့် မင်နရယ်ပေါင်ဒါအခမဲ့ ဖြန့်ဝေပေး

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ နမ့်စန်ခရိုင်၊ မိုးနဲမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာန၌ နို့တိုက်မိခင်များအား အသိပညာပေးစာစောင်များအား ဖြန့်ဝေခြင်းနှင့် ဗီတာမင်နှင့် မင်နရယ်ပေါင်ဒါအခမဲ့ ဖြန့်ဝေပေးခြင်းကို ယမန်‌နေ့နံနက်ပိုင်းက မိခင်နှင့်ကလေးစောင့်ရှောက်ရေးဌာန၌ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

မိုင်းခတ်မြို့၌ ရှမ်းတိုင်းရင်းသားများ၏ ရိုးရာဓလေ့ ဝေဿန္တရာဇာတ်တော်ခင်းပွဲ (ပွဲတန်ထမ်း) ကျင်းပ

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းခတ်မြို့နယ်တွင် ဒေသခံရှမ်းတိုင်းရင်းသားများ၏ ရိုးရာဓလေ့ ဝေဿန္တရာဇာတ်တော် (ပွဲတန်ထမ်း) ပွဲတော်ကို စက်တင်ဘာ ၄ ရက်မှ ၅ ရက်နေ့ထိ မိုင်းခတ်မြို့၊ အမှတ် (၂) ရပ်ကွက် (ဝမ်နောင်မို)ဘုန်းကြီးကျောင်း၌ ကျင်းပပြုလုပ်ခဲ့ကြသည်။

မိုင်းယုမြို့၌ တောင်သူပညာပေးဆွေးနွေးခြင်းနှင့် အသိပညာပေးဟောပြောပွဲ ပြုလုပ်

ရှမ်းပြည်နယ်အရှေ့ပိုင်း၊ မိုင်းယောင်းခရိုင်၊ မိုင်းယုမြို့ စိုက်ပျိုးရေးဦးစီးဌာနနှင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့သည် ပြည်သူများအား တောင်သူအသိပညာပေးဆွေးနွေးပွဲနှင့် စာဖတ်ရှိန်မြှင့်တင်ရေးနှင့် အသိပညာပေးဟောပြောပွဲကို ယမန်နေ့ နေ့လယ်ပိုင်းက မိုင်းလွေကျေးရွာအုပ်စု၊ ဝမ်ဆလီကျေးရွာ၌ ပြုလုပ်ခဲ့သည်။

ရှမ်းပြည်နယ်ဝန်ကြီးချုပ် (ကျောက်နီစိုက်ကွင်း) ရှိ နွားမွေးမြူရေးဇုန်အား ကွင်းဆင်းကြည့်ရှုစစ်ဆေး

ကျောက်နီမွေးမြူရေးဇုန်တွင် လုပ်ငန်းများ အရှိန်အဟုန်မြှင့်ဆောင်ရွက်နိုင်ရေးအတွက် ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးအောင်အောင်၊ ပြည်နယ်လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး၊ ပြည်နယ်၊ ခရိုင်၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများနှင့် တာဝန်ရှိသူများသည် ယမန်နေ့နံနက် (၉) နာရီခွဲက တောင်ကြီးမြို့နယ်၊ ကွန်လုံကျေးရွာအုပ်စု၊ စိုက်ပျိုးရေးဦးစီးဌာနပိုင် (ကျောက်နီစိုက်ကွင်း) အတွင်းရှိ နွားမွေးမြူရေးဇုန်အား ကွင်းဆင်းကြည့်ရှုစစ်ဆေးကြကြောင်း သိရသည်။

ဆေးတက္ကသိုလ် (တောင်ကြီး) တွင် “ကျန်းမာရေးဝန်ထမ်းအချင်းချင်း အပြန်အလှန်သင်ယူခြင်းအား လက်တွေ့အကောင်အထည်ဖော်ဆောင်ရွက်ခြင်း” (Practical Implementation of Inter-professional Education in Taunggyi IPE Zone)” အလုပ်ရုံဆွေးနွေးပွဲ ကျင်းပ

ဆေးတက္ကသိုလ် (တောင်ကြီး) တွင် “ကျန်းမာရေးဝန်ထမ်းအချင်းချင်း အပြန်အလှန်သင်ယူခြင်းအား လက်တွေ့အကောင်အထည်ဖော်ဆောင်ရွက်ခြင်း” (Practical Implementation of Inter-professional Education in Taunggyi IPE Zone)” အလုပ်ရုံဆွေးနွေးပွဲ ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့ နံနက် ၈ နာရီခွဲက ဆေးတက္ကသိုလ်(တောင်ကြီး) Cherry Blossom Ballroom ခန်းမ၌ ကျင်းပသည်။

မိုင်းခုတ်မြို့တွင် လူငယ်ကဏ္ဍဖွံ့ဖြိုးရေးဟောပြောပွဲ ပြုလုပ်

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်ခရိုင်၊ မိုင်းခုတ်မြို့ အခြေခံပညာအထက်တန်းကျောင်းခန်းမတွင် ယနေ့မွန်းလွဲပိုင်းက လူငယ်ကဏ္ဍဖွံ့ဖြိုးရေးဟောပြောပွဲဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ကျိုင်းတုံမြို့၌ မြန်မာအီလက်ထရောနစ်မဲပေးစက် (MEVM) ဆိုင်ရာ အသိပညာပေးခြင်းနှင့်  လက်တွေ့စမ်းသပ်ဆန္ဒမဲပေးခြင်းများ‌ ဆောင်ရွက်

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့နယ် ရွေးကောက်ပွဲကော်မှရှင်အဖွဲ့ခွဲရုံးမှ မြန်မာအီလက်ထရောနစ်မဲပေးစက် (MEVM) ဆိုင်ရာ အသိပညာပေးခြင်းနှင့် လက်တွေ့စမ်းသပ်ဆန္ဒမဲပေးခြင်းကို ယမန်နေ့က မြို့တော်ခန်းမ၌ ကျင်းပရာ တြိဂံဒေသတိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်စိုးလှိုင်နှင့် အဖွဲ့ဝင်များ၊ အရာရှိစစ်သည်၊ မိသားစုဝင်များနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ တက်ရောက်ကြသည်။

မိုင်းခတ်၌ ဌာနဆိုင်ရာများပါဝင်သောအဖွဲ့မှ ဒေသဖွံ့ ဖြိုးတိုးတက်ရေးလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းခတ်မြို့နယ်တွင် မြို့ပေါ်ကျေးရွာနှင့်ဝေးလံသော တောင်ပေါ်ကျေးရွာများ၌ နယ်မြေစိုးမိုးရေး၊ အုပ်ချုပ်ရေး၊လုံခြုံရေးနှင့် ဒေသဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်လျက်ရှိရာ မြို့နယ်အဆင့်ဌာနဆိုင်ရာများပါဝင်သော စစ်ကြောင်းကြီး (၅) ကြောင်းအဖွဲ့သည် ယမန်နေ့နံနက်ပိုင်းက ပါပွန်းကျေးရွာအုပ်စု၊‌ ဘာမိုင်ကျေးရွာ၌‌ ပြုလုပ်ခဲ့ကြောင်း သိရသည်။

ပင်လုံမြို့၌ မဲဆန္ဒရှင်ပြည်သူများအား မြန်မာအီလက်ထရောနစ်မဲပေးစက် (MEVM) ​ဖြင့် ဆန္ဒမဲပေးနည်းအသိပညာပေးခြင်း ဆောင်ရွက်

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လွိုင်လင်ခရိုင်၊ ပင်လုံမြို့၌ မဲဆန္ဒရှင်ပြည်သူများအား မြန်မာအီလက်ထရောနစ်မဲပေးစက် (MEVM)​ ဖြင့် ဆန္ဒမဲပေးနည်းအသိပညာပေးခြင်းကို စက်တင်ဘာလ (၃) ရက်နေ့ နံနက် (၁၀) နာရီက ပင်လုံတက္ကသိုလ်ဘက်စုံခန်းမ၌ ကွင်းဆင်းဆောင်ရွက်ခဲ့သည်။
Subscribe to ရှမ်းပြည်နယ်