နောင်ချိုမြို့နယ်၌ (၇၉)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် အလံတင်အခမ်းအနားနှင့် သဝဏ်လွှာဖတ်ပွဲ အခမ်းအနားကျင်းပ
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နောင်ချိုမြို့နယ်၌ ၂၀၂၆ခုနှစ်၊ ဖေဖော်ဝါရီလ ၁၂ ရက်နေ့တွင်ကျရောက်သော (၇၉)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် နိုင်ငံတော်အလံ လွှင့်တင်ခြင်းအခမ်းအနားကို ယနေ့နံနက် ၅နာရီခွဲက မြစိမ်းသာပန်းခြံတွင် ကျင်းပပြုလုပ်ခဲ့ရာ မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ နိုင်ငံတော်အလံအား တိုင်ထိပ်သို့လွှင့်တင်ပြီး ဂုဏ်ပြုတပ်ဖွဲ့နှင့်အတူ တက်ရောက်လာကြသည့် ဌာနဆိုင်ရာအကြီးအကဲများနှင့်ဝန်ထမ်းများက နိုင်ငံတော်အလံအား အလေးပြုခဲ့ကြသည်။