ရှမ်းပြည်နယ်

ကျိုင်းတုံမြို့၌ မြန်မာအီလက်ထရောနစ်မဲပေးစက်(MEVM)ဖြင့် ဆန္ဒမဲပေးနည်း အသိပညာပေး

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့နယ် ရွေးကောက်ပွဲကော်မှရှင်အဖွဲ့ခွဲရုံးက ဒေသခံပြည်သူများသို့  မြန်မာအီလက်ထရောနစ်မဲပေးစက်(MEVM)ဖြင့် ဆန္ဒမဲပေးနည်း အသိ ပညာပေးခြင်းကို လွယ်လုံကျေးရွာရှိ  ဘုန်းတော်ကြီးကျောင်း၌ ကျင်းပပြုလုပ်ခဲ့သည်။

အခြေခံပညာအထက်တန်းကျောင်း (ခွဲ) မိုင်းအော့ကျေးရွာ၌ လူငယ်ရေးရာအသိပညာပေးဟောပြောပွဲ ကွင်းဆင်းဆောင်ရွက်

ရှမ်းပြည်နယ်တောင်ပိုင်း၊ မိုင်းရှူးမြို့နယ်တွင် လူငယ်ရေးရာအသိပညာပေးဟောပြောပွဲကို ယမန်နေ့မွန်းလွဲ (၁) နာရီခွဲအချိန်က အခြေခံပညာအထက်တန်းကျောင်း (ခွဲ)၊ မိုင်းအော့ကျေးရွာ၌ ကွင်းဆင်းဆောင်ရွက်ခဲ့သည်။

ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဦးစီးအဖွဲ့ဥက္ကဋ္ဌ ဦးခွန်ရဲထွေး ဟိုပုံးမြို့နယ်၌ ရေထွက်ကြီးတွင် ရေကန်နှင့် ပတ်ဝန်းကျင်သန့်ရှင်းသာယာလှပစေရေးနှင့် ပြည်သူများလာရောက် အပန်းဖြေနိုင်ရေးတို့အတွက် စု‌ပေါင်းသန့်ရှင်းရေးဆောင်ရွက်နေမှုအား ကြည့်ရှု

မူဆယ်မြို့တွင် အ.ထ.က (၂) တွင် သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဟောပြော

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်မြို့၊ အ.ထ.က (၂) တွင် သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဟောပြောပွဲကို စက်တင်ဘာ  ၅ ရက်နေ့မွန်းလွဲ ၁ နာရီ မိနစ် ၃၀က အဆိုပါကျောင်းခန်းမတွင်  ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

မိုင်းပျဉ်းမြို့  အ.ထ.က(ခွဲ)ကျောင်း၏ ကျောင်းကောင်စီအသင်းအလိုက် ဓမ္မစကြာဝတ်ရွတ်ပြိုင်ပွဲ အခမ်းအနားကျင်းပ

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းပျဉ်းမြို့နယ် အခြေခံပညာအထက်တန်းကျောင်းခွဲ၏ ၂၀၂၅-၂၀၂၆ ပညာသင်နှစ် ကျောင်းကောင်စီအသင်းအလိုက် ဓမ္မစကြာဝတ်ရွတ်ပြိုင်ပွဲ အခမ်းအနားကို စက်တင်ဘာလ(၄)ရက်နေ့မွန်းလွှဲပိုင်းက အဆိုပါကျောင်းဘုရားခန်း၌ ကျင်းပခဲ့ကြောင်း သိရသည်။

နမ့်စန်မြို့နယ် အမှတ်(၅)ကျေးရွာတွင် မြန်မာအီလက်ထရောနစ်မဲပေးစက်(MEVM)ဆိုင်ရာ အသိပညာပေး 

ရှမ်းပြည်နယ်(တောင်ပိုင်း) နမ့်စန်ခရိုင် နမ့်စန်မြို့နယ်၌ မြန်မာအီလက်ထရောနစ် မဲပေးစက်(MEVM)ဆိုင်ရာ အသိပညာပေးခြင်းနှင့်လက်တွေ့စမ်းသပ်မဲပေးခြင်းကို စက်တင်ဘာ ၅ ရက်က    အမှတ်(၅)ကျေးရွာဓမ္မာရု ၌ ပြုလုပ်ခဲ့ကြောင်းသိရသည်။

မိုင်းခတ် (အ.ထ.က) ကျောင်း၌ သန့်ရှင်း၍ စိမ်းလန်းစို‌‌ပြေသော ကျောင်းဖော်ဆောင်ရေး Clean and Green School ဆောင်ရွက်မှုများ ကွင်းဆင်းကြည့်ရှု

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းခတ်မြို့နယ် အခြေခံပညာအထက်တန်းကျောင်း (မိုင်းခတ်) ၌ သန့်ရှင်း၍ စိမ်းလန်းစို‌‌ပြေသောကျောင်းဖော်ဆောင်ရေး Clean and Green School ဆောင်ရွက်ထားရှိမှုအခြေအနေကို စက်တင်ဘာ ၆ ရက်နေ့ နံနက် (၉) နာရီက မြို့နယ်တာဝန်ရှိသူများက ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။ 

ရှမ်းပြည်နယ်အစိုးရအဖွဲ့သို့ ရှမ်းပြည်နယ်(အရှေ့ပိုင်း) ကျိုင်းတုံမြို့၏ မြို့ပြဖွံ့ဖြိုးရေးစီမံကိန်းရေး ဆွဲခြင်းလုပ်ငန်းနှင့်စပ်လျဥ်း၍ ရှင်းလင်းတင်ပြ

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့၏ မြို့ပြဖွံ့ဖြိုးရေးစီမံကိန်းရေးဆွဲခြင်း လုပ်ငန်းနှင့်စပ်လျဥ်း၍ ရှမ်းပြည်နယ်အစိုးရအဖွဲ့သို့ ရှင်းလင်းတင်ပြခြင်းကို ယမန်နေ့ နံနက်(၁၀)နာရီအချိန်က တောင်ကြီးမြို့၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့ရုံး၊ အစည်းအဝေးခန်းမ၌ ကျင်းပသည်။

မိုင်းယောင်းမြို့နယ်တွင် လက်တွေ့စမ်းသပ်မဲပေးခြင်း ဆောင်ရွက်

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယောင်းခရိုင်၊ မိုင်းယောင်းမြို့နယ် မိုးလုံလေလုံအားကစားခန်းမ၌ ယမန်နေ့က မြန်မာအီလက်ထရောနစ်မဲပေးစက်ဖြင့် လက်တွေ့စမ်းသပ်မဲပေးခြင်း ဆောင်ရွက်သည်။

မောက်မယ်မြို့နယ်၌ (၆) တန်းသွား လက်ဆွဲမျိုးစေ့ချကိရိယာ (Drum Seeder) ဖြင့် မိုးစပါးစိုက်ပျိုးသရုပ်ပြ

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မောက်မယ်မြို့နယ်တွင် စိုက်ပျိုးရေးဦးစီးဌာနနှင့် သမဝါယမဦးစီးဌာနတို့ပူးပေါင်း၍၂၀၂၅−၂၀၂၆ခုနှစ်မိုးစပါးစိုက်ပျိုးသည့်တောင်သူများအား (၆) တန်းသွား လက်ဆွဲမျိုးစေ့ချကိရိယာ (Drum Seeder) ဖြင့် မိုးစပါးစိုက်ပျိုးသရုပ်ပြအခမ်းအနားကို ယနေ့နံနက် ၈ နာရီခွဲက မြို့မအုပ်စု ကွင်းအမှတ် (၂၁) ဦးပိုင်အမှတ် (၃) ရှိ တောင်သူဦးလုံးစောန၏ လယ်မြေ (၄) ဧကအတွင်း၌ ကျင်းပပြုလုပ်ခဲ့ရာ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမင်းသက်နိုင်၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် ဒေသခံတောင်သူများ တက်ရောက်ကြောင်း သိရသည်။
Subscribe to ရှမ်းပြည်နယ်