မာန်အောင်မြို့နယ်တွင် ကျေးလက်နေပြည်သူများအား စားသုံးဆီများကို စျေးနှုန်းသက်သာစွာရောင်းချပေး
ရခိုင်ပြည်နယ်၊ မာန်အောင်မြို့နယ်တွင် မြန်မာနိုင်ငံဆီကုန်သည်နှင့်ဆီလုပ်ငန်းရှင်များ အသင်းအစီအစဉ်ဖြင့် ရခိုင်ပြည်နယ် ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်းမှ ကျေးလက်နေပြည်သူများအား စားသုံးဆီများကို စျေးနှန်းသက်သာစွာဖြင့် ဝယ်ယူစားသုံးနိုင်ရန် ယမန်နေ့ နေ့လယ် ၁၂ နာရီခွဲက မင်းဆိပ်ပြင်ကျေးရွာအုပ်စု၊ မင်းဆိပ်ပြင်ကျေးရွာ၌ ရောင်းချပေးခဲ့ကြောင်း သိရသည်။