ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်း နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် ဆောင်ရွက်မည့် ဆီထွက်သီးနှံ စီမံကိန်းနှင့် ပတ်သက်၍ ညှိနှိုင်းအစည်းအဝေးတက်ရောက်
နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် ဆောင်ရွက်မည့် ဆီထွက်သီးနှံ (မြေပဲ၊ နှမ်း၊ နေကြာ) စီမံကိန်းနှင့် ပတ်သက်၍ ညှိနှိုင်းအစည်း အဝေးကို ယနေ့ နံနက်ပိုင်းက ရခိုင်ပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ကျင်းပရာ ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်း၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ပြည်နယ်ဌာန ဆိုင်ရာများ၊ ဆီလုပ်ငန်းရှင်များအသင်းမှ တာဝန်ရှိသူများ တက်ရောက်ကြပြီး ခရိုင်နှင့် မြို့နယ် စိုက်ပျိုးရေး ကြီးကြပ်မှုကော်မတီများက Videoconfrence စနစ်ဖြင့် တက်ရောက်ကြသည်။