မွန်ပြည်နယ်

မွန်ပြည်နယ် ဝန်ကြီးချုပ် မွန်ပြည်နယ်ဒေသဆိုင်ရာ လုပ်ငန်းကော်မတီ လုပ်ငန်းညှိနှိုင်းအစည်း အဝေး အမှတ်စဉ် (၁/ ၂၀၂၄) တက်ရောက်

နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်မှု အကောင်အထည်ဖော်ရေး မွန်ပြည်နယ်ဒေသဆိုင်ရာ လုပ်ငန်းကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေး အမှတ်စဉ် (၁/ ၂၀၂၄) ကို ယမန်နေ့မွန်းလွဲပိုင်းက ပြည်နယ်အစိုးရအဖွဲ့ရုံး၊ အောင်ဆန်းခန်းမ၌ ကျင်းပပြုလုပ်ရာ မွန်ပြည်နယ်ဒေသဆိုင်ရာလုပ်ငန်းကော်မတီဥက္ကဋ္ဌ၊ ပြည်နယ်ဝန်ကြီးချုပ်က မွန်ပြည်နယ်အနေဖြင့် နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများရဲ့ ဖွံ့ဖြိုးတိုးတက်မှု အကောင်အထည်ဖော်ရေးနဲ့ စပ်လျဉ်းပြီး အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရန်အတွက် မွန်ပြည်နယ်ဒေသဆိုင်ရာ လုပ်ငန်းကော်မတီနှင့် လုပ်ငန်းအလိုက် ဆပ်ကော်မတီများ ဖွဲ့စည်းဆောင်ရွက်ထားပြီးဖြစ်ကြောင်း၊ နယ်စပ်ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ အရှိန်အဟုန်မပြတ် ဆောင်ရွက်နိုင်ရန်အတွက် စနစ်တကျ ဆောင်ရွက်သွားကြရန်လိုအပ်ပြီး ပြည်နယ်ဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်ရာမှာ လုပ်ငန်းကဏ္ဍ အသီးသီးမှာ ဆောင်ရွက်နေသည့် လုပ်ငန်းများအားလုံးသည် တိုင်းရင်းသားလူမျိုးများ၏ ဖွံ့ဖြိုးတိုးစေအတွက် ရည်ရွယ်၍ အထူးအလေးထား ဆောင်ရွက်ပေးသွားကြရမည်ဖြစ်ကြောင်းနှင့် နယ်စပ်ဒေသဖွံ့ဖြိုးရေး လုပ်ငန်းစဉ်များ အောင်မြင်အောင် ဝိုင်းဝန်းကြိုးပမ်း ဆောင်ရွက်သွားကြပါလို့ တိုက်တွန်းလိုပါကြောင်းဖြင့် အမှာစကားပြောကြားခဲ့သည်။

သထုံမြို့၊ အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း၌ မုန်တိုင်းဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး စုပေါင်းဇာတ်တိုက်လေ့ကျင့်

မွန်ပြည်နယ်၊ သထုံခရိုင် သဘာဝဘေးစီမံခန့်ခွဲမှုကော်မတီ၏ ဦးဆောင်မှုဖြင့် မုန်တိုင်းဘေးအန္တရာယ်ဖြစ်ပွားလာပါက ကြိုတင်ကာကွယ်နိုင်ရေး စုပေါင်းဇာတ်တိုက်လေ့ကျင့်ခြင်းကို ယမန်နေ့မွန်းလွဲပိုင်းက သထုံမြို့၊ လိပ်အင်းရပ်ကွက်ရှိ အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း၌ ပြုလုပ်ခဲ့ကြသည်။

သထုံခရိုင် လူထုအခြေပြုဗဟိုဌာန၌ စာဖတ်ဝိုင်းဆွေးနွေးပွဲ ကျင်းပ

မွန်ပြည်နယ်၊ သထုံခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ ဘင်လှိုင်ရပ်ကွက်၊ ဝါးတော အခြေခံပညာမူလတန်းလွန်ကျောင်းမှ ကျောင်းသား၊ကျောင်းသူများအား ယမန်နေ့ မွန်းလွဲပိုင်းက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ စာဖတ်ဝိုင်း ကျင်းပပြုလုပ်‌ပေးခဲ့ကြသည်။

မွန်ပြည်နယ် ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း ကိုယ်ကာယကြံ့ခိုင်ရေးလေ့ကျင့်ခန်း အားကစားလှုပ်ရှားမှု အခမ်းအနားတက်ရောက်

၂၀၂၄ ခုနှစ် ဇူလိုင်လ (၃) ရက်နေ့တွင် ကျရောက်မည့် မြန်မာအမျိုးသမီးများနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် မွန်ပြည်နယ် အားကစားနှင့်ကာယပညာဦးစီးဌာနနှင့် မွန်ပြည်နယ် အမျိုးသမီးကော်မတီတို့ ပူးပေါင်ကျင်းပသော ကိုယ်ကာယကြံ့ခိုင်ရေးလေ့ကျင့်ခန်း အားကစားလှုပ်ရှားမှုအခမ်းအနားကို ယနေ့ နံနက်ပိုင်းက မော်လမြိုင် ရာမညအားကစားကွင်း၌ ကျင်းပပြုလုပ်ရာ ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်းနှင့် ဇနီး၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ ဝင်ဝန်ကြီးများနှင့် ဇနီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ဖိတ်ကြားထားသော ဧည်သည်တော်များ တက်ရောက်သည်။

မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း အငြိမ်းစားနိုင်ငံ့ဝန်ထမ်းများအား ထောက်ပံ့မှုပေးခြင်းနှင့် ကျန်းမာရေးစောင့်ရှောက်မှုပေးခြင်းအခမ်းအနား တက်ရောက်

မွန်ပြည်နယ်အစိုးရအဖွဲ့၏ဦးဆောင်မှုဖြင့် အငြိမ်းစားနိုင်ငံ့ဝန်ထမ်းများအား ကျန်းမာရေးစောင့်ရှောက်မှုပေးခြင်းနှင့် ထောက်ပံ့မှုပေးခြင်းအခမ်းအနားကို ယနေ့ မွန်းလွဲပိုင်းက မော်လမြိုင်မြို့ မြန်မာ့စီးပွားရေးဘဏ် ဘဏ်ခွဲ(၁)၌ ကျင်းပပြုလုပ်ရာ မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း၊ ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ အငြိမ်းစားနိုင်ငံ့ဝန်ထမ်းများ တက်ရောက်ခဲ့ကြသည်။

ကျိုက်မရော၌ စားသုံးသူ၏ အခွင့်အရေးနှင့် တာဝန်များ အသိပညာပေးဟောပြော

မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်တွင် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန မော်လမြိုင်ခရိုင်၊ စားသုံးသူရေးရာဦးစီးဌာနမှ စားသုံးသူပြည်သူများ၏ အခွင့်အရေးများနှင့်တာဝန်များအကြောင်း အသိပညာပေးဟောပြောပွဲကို ယမန်နေ့နံနက်က ရှင်စောပုရပ်ကွက်ရှိ မေသရဖူပရဟိတ အသင်းရုံး၌ ပြုလုပ်သည်။

မုဒုံမြို့ ဖယ်ကူးကျေးရွာတွင် မြစိမ်းရောင်စီမံကိန်းရန်ပုံငွေများထုတ်ချေး

မွန်ပြည်နယ်၊ မုဒုံမြို့နယ်၊ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက မြစိမ်းရောင်ကျေးရွာစီမံကိန်း အရင်းမပျောက်လည်ပတ်ရန်ပုံငွေများကို ယမန်နေ့က ဖယ်ကူးကျေးရွာ၌ ထုတ်ချေးပေးသည်။

မုဒုံမြို့၌ အဂတိလိုက်စားမှုတိုက်ဖျက်ရေးဆိုင်ရာ အသိပညာပေး စာစီစာကုံးပြိုင်ပွဲကျင်းပ

မွန်ပြည်နယ်၊ မုဒုံမြို့နယ်တွင် အခြေခံပညာဦးစီးဌာနနှင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့ ပူးပေါင်းကျင်းပသည့် အဂတိလိုက်စားမှုတိုက်ဖျက်ရေးဆိုင်ရာ အသိပညာပေး စာစီစာကုံးပြိုင်ပွဲကို ယနေ့နံနက် ၁၀ နာရီက လူထုအခြေပြုဗဟိုဌာနခန်းမ၌ ကျင်းပသည်။

မော်လမြိုင်မြို့တွင် သဘာဝဘေးလျော့ပါးရေးစေတနာ့ဝန်ထမ်း လူငယ် (ဆင့်ပွား) သင်တန်း ဖွင့်ပွဲအခမ်းအနားကျင်းပ

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ မော်လမြိုင်မြို့နယ်ဦးစီးမှူးရုံးမှ ဦးဆောင်၍ သဘာဝဘေးလျော့ပါးရေး စေတနာ့ဝန်ထမ်းလူငယ် (ဆင့်ပွား) သင်တန်းဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက မော်လမြိုင်မြို့နယ် စုပေါင်းရုံး၊ (၆) ထပ်ရုံး အစည်းအဝေးခန်းမတွင် ကျင်းပခဲ့သည်။

မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း အမှတ် (၄) တပ်မတော်တန်းမြင့် လေ့ကျင့်ရေးကျောင်း ပြည်သူ့စစ်သင်တန်းအမှတ်စဥ် (၃/၂၀၂၄) သင်တန်းဖွင့်ပွဲ အခမ်းအနားတက်ရေက်

မွန်ပြည်နယ် ပြည်သူ့စစ်မှုထမ်းသင်တန်းအမှတ်စဥ် (၃/၂၀၂၄) သင်တန်းဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက သံဖြူဇရပ်မြို့နယ်၊ ဝဲကလိကျေးရွာ အမှတ် (၄) တပ်မတော်တန်းမြင့် လေ့ကျင့်ရေးကျောင်း၌ ကျင်းပရာ သင်တန်းဖွင့်ပွဲသို့ မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်းနှင့် အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ တိုင်းဦးစီးချုပ် (အရှေ့တောင်တိုင်းစစ်ဌာနချုပ်)၊ သံဖြူဇရပ်တပ်နယ််၊ တပ်နယ်မှူးနှင့်အရာရှိများ၊ သံဖြူဇရပ််မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးများ၊ မြို့နယ်စစ်မှုထမ်းဟောင်းအဖွဲ့ဝင်များနှင့် သင်တန်းသားများတက်ရောက်ခဲ့သည်။
Subscribe to မွန်ပြည်နယ်