မွန်ပြည်အတွင်းရှိ အသေးစားကုန်ထုတ် လုပ်ငန်းရှင်များသည် ဒီဂျစ်နည်းပညာများ အသုံးချ၍ Digital Marketing ဆောင်ရွက်ရာတွင် အောင်မြင်မှုများရရှိစေရန် ရည်ရွယ်၍ သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ မွန်ပြည်နယ်အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီး ဌာန၊ ဒီဂျစ်တယ်အသိပညာ၊ ခံယူချက်နှင့် အလေ့အကျင့်ဆိုင်ရာသင်တန်းဖွင့်ပွဲ အခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက မွန်ပြည်နယ်အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနရုံးခန်းမတွင် ကျင်းပပြုလုပ်သည်။ အခမ်းအနားတွင် မွန်ပြည်နယ်အသေးစားစက်မှု လက်မှုလုပ်ငန်းဦးစီးဌာန ညွှန်ကြားရေးမှူး ဒေါ်အိကလျာနိုင်က MSMEs လုပ်ငန်းများကို ဒီဂျစ်တယ် နည်းပညာဖြင့် ဈေးကွက်ပိုမိုအောင်မြင်မှု ရရှိစေရန်ဖြစ်ပါကြောင်း၊ ဒီဂျစ်တယ်နည်းပညာကို အသုံးပြု၍ အွန်လိုင်းမှတဆင့် လုပ်ငန်းမှတ်ပုံတင်များ ဆောင်ရွက်ပေးနိုင်ရေးအတွက် E-Commerce Website ကို ဆောင်ရွက်နေပြီဖြစ်ပါကြောင်း ၊ Online Registration အသုံးပြုနိုင်မည်ဆိုပါက ပိုမိုလွယ်ကူ အဆင်ပြေမည်ဖြစ်ပါကြောင်းနှင့် ကုန်ပစ္စည်းများ ထုတ်လုပ်ရောင်းချသူများအနေဖြင့် Online စနစ်ဖြင့်ရောင်းချရတွင် မှတ်ပုံတင်နိုင်ရေး အတွက် စားသုံးသူရေးရာဦးစီးဌာနတွင် ရှင်းလင်းဆွေးနွေးတင်ပြသွားမည်ဖြစ်ပါကြောင်းနှင့် လုပ်ငန်းရှင်များအနေဖြင့် Digital Economy ရရှိအောင် ကြိုးစားဆောင်ရွက်ရာမှဖြစ်ပါကြောင်း ဆွေးနွေးပြောကြားခဲ့သည်။