မွန်ပြည်နယ်

ကျိုက်ထိုမြို့နယ်တွင် ၂၀၂၄-၂၀၂၅ ပညာသင်နှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲဖြေဆို

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်အတွင်းရှိ စာစစ်ဌာန (၂) ခု၌ ၂၀၂၄-၂၀၂၅ ပညာသင်နှစ် တက္ကသိုလ်ဝင်တန်း (Grade-12) စာမေးပွဲကို ယနေ့နံနက် (၉) နာရီအချိန်က မြန်မာစာဘာသာရပ်ကို စတင်ဖြေဆိုခဲ့ကြသည်။

ချောင်းဆုံမြို့နယ်၌ ၂၀၂၅ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲဖြေဆို

မွန်ပြည်နယ် ချောင်းဆုံမြို့နယ်၌ ၂၀၂၅ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ (Grade-12) ကို ယနေ့ နံနက်ပိုင်းက ချောင်းဆုံ (အ.ထ.က) စာစစ်ဌာနတွင် စာမေးပွဲပထမနေ့ (မြန်မာစာ) ဘာသာရပ်ကို ကျောင်းသား၊ ကျောင်းသူများဖြေဆိုနေမှုအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဇော်နိုင်ဝင်းနှင့် အဖွဲ့ဝင်များမှ ကြည့်ရှုစစ်ဆေးခဲ့ကြသည်။

၂၀၂၅ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ ပထမနေ့ စတင်ဖြေဆို

မွန်ပြည်နယ် ကျိုက်မရော မြို့နယ် ၌ ၂၀၂၄-၂၀၂၅ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲကို ပထမနေ့အဖြစ် မတ် ၁၇ ရက် နံနက် ၉ နာရီက မြန်မာစာဘာသာရပ်ကို ဖြေဆိုလျက်ရှိသည်။

မုဒုံမြို့နယ်ရှိ ကျောင်းသား၊ ကျောင်းသူများ တက္ကသိုလ်ဝင်စာမေးပွဲ စတင်ဖြေဆို

၂၀၂၄-၂၀၂၅ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲကို နိုင်ငံတစ်ဝန်းလုံး၌ ယနေ့ နံနက် ၉ နာရီမှ စတင်၍ မြန်မာစာဘာသာရပ်ကို ဖြေဆိုလျက်ရှိရာ မုဒုံမြို့နယ်ရှိ စာစစ်ဌာနနှစ်ခုတွင် ကျောင်းသား/သူများ ဖြေဆိုလျက်ရှိသည်။

မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း (၅၁) နှစ်မြောက် မွန်ပြည်နယ်နေ့အထိမ်းအမှတ် ဂေါက်သီးရိုက်ပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားတက်ရောက်

(၅၁) နှစ်မြောက် မွန်ပြည်နယ်နေ့အထိမ်းအမှတ် ဂေါက်သီးရိုက်ပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက မော်လမြိုင်မြို့၊ ငန်း​တေး​ဂေါက်ကွင်း၌ကျင်းပရာ မွန်ပြည်နယ်ဝန်ကြီးချုပ် ဦး​​အောင်ကြည်သိန်း၊ ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ တာဝန်ရှိသူများ၊ ပြိုင်ပွဲဝင် ဂေါက်သီးရိုက်အားကစားသမားများ၊ ဖိတ်ကြားထားသည့် ဂေါက်သီးရိုက်အားကစားဝါသနာရှင်များတက်​ရောက်၍ အခမ်းအနားတွင် ပြည်နယ်ဝန်ကြီးချုပ်က မွန်ပြည်နယ်အနေဖြင့် ပြည်နယ်၏ အားကစားအဆင့်အတန်း တိုးတက်မြင့်မားရေးအတွက် ကဏ္ဍပေါင်းစုံကနေ ပံ့ပိုး​ဆောင်ရွက်​ပေးလျက်ရှိပါ​ကြောင်း၊ ဂေါက်သီးရိုက်အားကစားသည် ကမ္ဘာပေါ်တွင်ထင်ရှားသော အားကစားနည်းတစ်ခုဖြစ်သလို ပျော်ရွှင်မှုများရရှိနိုင်စေခြင်း၊ သက်တူရွယ်တူအချင်းချင်း အားပေးဖော်များကောင်းမွန်စေခြင်း၊ အသင်းအဖွဲ့နှင့်နေတတ်ခြင်း၊ ကောင်းသောယှဉ်ပြိုင်လိုစိတ်အလေ့အထကို ရရှိစေခြင်းစသော အကျိုးကျေးဇူးများကို ရရှိစေမှာဖြစ်​ကြောင်း၊ မျိုးဆက်သစ်ဂေါက်သီးရိုက်အားကစားများအား ဂေါက်သီးရိုက်အားကစားနည်းစနစ်ပိုင်းဆိုင်ရာ ကျွမ်းကျင်မှုများကို စနစ်တကျ လေ့ကျင့်ပျိုးထောင်​မွေးထုတ်ပေးကာ ပြည်နယ်၏ ဂေါက်သီးရိုက်အားကစားကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ​ဆောင်ရွက်​ပေးကြရန်လိုကြောင်း၊ ပြိုင်ပွဲကို အောင်မြင်စွာကျင်းပနိုင်ရေးအတွက် အဖက်ဖက်မှလိုအပ်သည်များကို ဝိုင်းဝန်းကူညီဆောင်ရွက်ပေးခဲ့ကြတဲ့သူများနှင့် အနယ်နယ်အရပ်အရပ်မှ အားတက်သရော ပါဝင်ယှဉ်ပြိုင်ကြတဲ့ ​ဂေါက်သီးရိုက်အားကစားများအားလုံးကို အထူးကျေးဇူးတင်ရှိကြောင်းဖြင့် အမှာစကား​ပြောကြားခဲ့သည်။

မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း ပြည်သူ့စစ်မှုထမ်းသင်တန်း အမှတ်စဉ်(၁၁)(၃/၂ဝ၂၅)သို့ တက်ရောက်မည့် သင်တန်းသားများအား သွားရောက်တွေ့ဆုံ၍ ချီးမြှင့်ငွေပေးအပ်

မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများသည် မွန်ပြည်နယ်မှ ပြည်သူ့စစ်မှုထမ်းသင်တန်း အမှတ်စဉ်(၁၁) (၃/၂ဝ၂၅)သို့တက်ရောက်မည့် သင်တန်းသားများအား ယမန်နေ့ နံနက်ပိုင်းတွင် မော်လမြိုင်မြို့၊ နယ်မြေခံသင်တန်းကျောင်း၌ သွားရောက်တွေ့ဆုံခဲ့သည်။

ပေါင်မြို့နယ်၌ ဆောင်းသီးနှံစိုက်ပျိုးရာသီ နေကြာဧက ( ၁၅၂၃ )  စိုက်ပျိုးပြီးစီး

မွန်ပြည်နယ်၊ ပေါင်မြို့နယ်၌ ဆောင်းသီးနှံစိုက်ပျိုးရာသီ၌ နေကြာ (၁၅၂၃) ဧက စိုက်ပျိုးပြီးစီးပြီဖြစ်ကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။

မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း မြို့သန့်ရှင်းသာယာလှပရေး စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်နေမှုအပေါ် ကြည့်ရှုအားပေး

မွန်ပြည်နယ်အတွင်း မြို့နယ်များအားလုံးတွင် သန့်ရှင်း၍ သာယာလှပြီး မြို့အင်္ဂါရပ်များနှင့် ကိုက်ညီစေရေး အလေးထားဆောင်ရွက်လျက်ရှိရာ မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း၊ ပြည်နယ်ဝန်ကြီးများနှင့် တာဝန်ရှိသူများသည် ယမန်နေ့နံနက်ပိုင်းက မော်လမြိုင်၊ တောင်ဝိုင်းတစ်‌လျှောက်နှင့် မော်လမြိုင်လေဆိပ် အနီးပတ်ဝန်းကျင်တွင် သစ်ပင်ခြုံနွယ်ပိတ်ပေါင်းများကို ခုတ်ထွင်ရှင်းလင်းခြင်း၊ အမှိုက်များ ကောက်ယူရှင်းလင်းခြင်း၊ သစ်ပင်သစ်ကိုင်းများ ရှင်းလင်းခြင်းများကို ဌာနဆိုင်ရာများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့နှင့် ရပ်ကွက်နေပြည်သူများမှ စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်နေမှုအပေါ် ကြည့်ရှုအားပေးခဲ့ကြသည်။

မွန်ပြည်နယ်ဝန်ကြီးချုပ် (၅၁) နှစ်မြောက် မွန်ပြည်နယ်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ချောင်းဆုံမြို့နယ် (ရွာလွတ် - ကတောင်စိန် တောင်ဖြတ်လမ်း (စိန်မြတောင်အပိုင်း) ကတ္တရာလမ်း ဖွင့်ပွဲအခမ်းအနားအား တက်ရောက်

မွန်ပြည်နယ်၊ ချောင်းဆုံမြို့နယ်တွင် (၅၁) နှစ်မြောက် မွန်ပြည်နယ်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ ယနေ့ နံနက် (၁၀) နာရီက (ရွာလွတ် - ကတောင်စိန် တောင်ဖြတ်လမ်း (စိန်မြတောင်အပိုင်း) ကတ္တရာလမ်းဖွင့်ပွဲအခမ်းအနားကို ကျင်းပခဲ့ရာ မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်းနှင့် ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ပြည်နယ်၊ ခရိုင် သက်ဆိုင်ရာတာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။

မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း (၅၁)နှစ်မြောက် မွန်ပြည်နယ်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ချောင်းဆုံမြို့နယ် မုဒွန်းအရှေ့ အခြေခံပညာမူလတန်းကျောင်း ကျောင်းဆောင်သစ်ဖွင့်ပွဲ အခမ်းအနားတက်ရောက်

မွန်ပြည်နယ်၊ ချောင်းဆုံမြို့နယ်၌ (၅၁)နှစ်မြောက် မွန်ပြည်နယ်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့်  မုဒွန်းကျေးရွာရှိ  ကျောင်းသား၊ကျောင်းသူများ လွယ်ကူချောမွေ့စွာ ပညာသင်ကြားနိုင်ရေးအတွက်  အခြေခံပညာမူလတန်းကျောင်း  ကျောင်းဆောင်သစ် ဖွင့်ပွဲ အခမ်းအနားကို ယနေ့နံနက် ၈ နာရီခွဲက မုဒွန်းကျေးရွာ (မုဒွန်း-အရှေ့) မူလတန်းကျောင်းတွင် ကျင်းပရာ မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်းနှင့် ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများ ပြည်နယ်၊ ခရိုင်တာဝန်ရှိသူများ တက်ရောက်ခဲ့သည်။
Subscribe to မွန်ပြည်နယ်