ခေတ္တချင်းပြည်နယ်ဝန်ကြီးချုပ် ဗိုလ်မှူးကြီး ခင်မောင်ထွေး ဟားခါးမြို့နယ်အတွင်းရှိရပ်ကွက်/ကျေးရွာ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ၊ မဲရုံမှူး ၊ ဒုမဲရုံမှူးများ လုပ်ငန်းလမ်းညွှန်ဆိုင်ရာသင်တန်းဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်
ဟားခါးမြို့နယ်အတွင်းရှိရပ်ကွက်/ကျေးရွာ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ၊ မဲရုံမှူး ၊ ဒုမဲရုံမှူး များ လုပ်ငန်းလမ်းညွှန်ဆိုင်ရာသင်တန်းဖွင့်ပွဲအခမ်းအနားကို နိုဝင်ဘာလ ၂၅ ရက် နံနက် ၉ နာရီခွဲက ဟားခါးမြို့နယ်စုပေါင်းရုံး အစည်းအဝေးခန်းမ၌ ကျင်းပရာ ခေတ္တချင်းပြည်နယ်ဝန်ကြီးချုပ် ၊ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ခင်မောင်ထွေး၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ် ဦးနေစိုး ၊ စီးပွားရေးရာဝန်ကြီး ဒေါက်တာ လျန်ဇခုပ် ၊ သယံဇာတရေးရာဝန်ကြီး ဦးကောလ်လျန်ထန်း ၊ ပြည်နယ် ၊ ခရိုင် ၊ မြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဝင်များနှင့် သင်တန်း တက်ရောက်မည့် ရပ်ကွက်/ကျေးရွာ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဝင်များနှင့် မဲရုံမှူး ၊ ဒုမဲရုံမှူး များ တက်ရောက်ကြသည်။