ရေဇွာမြို့တွင် ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ်နိုင်ရန်အတွက် ထမင်းဆိုင်များနှင့် လက်ဖက်ရည် ဆိုင်များအား ပါဆယ်စနစ်ဖြင့် ရောင်းချရန် အသိပညာပေး လုပ်ငန်းဆောင်ရွက်
ချင်းပြည်နယ်၊ မင်းတပ်ခရိုင်၊ ရေဇွာမြို့တွင် ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ် တားဆီးကာကွယ် နိုင်ရေးအတွက် စည်ပင်သာယာ နယ်နိမိတ်အတွင်း ဖွင့်လှစ်ရောင်းချ လျက်ရှိသော ထမင်းဆိုင်များနှင့် လက်ဖက်ရည်ဆိုင် များအား ဆိုင်ထိုင်ရောင်းချခြင်း မပြုဘဲ ပါဆယ်စနစ်ဖြင့် ရောင်းချရန် အသိပညာပေး လုပ်ငန်းဆောင်ရွက်ခြင်းကို မြို့နယ်အဆင့် ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ကုသရေး ကော်မတီဥက္ကဋ္ဌနှင့် ကော်မတီဝင်များနှင့် လူငယ်များပူးပေါင်းပြီး ယနေ့ နံနက် ၁၀ နာရီအချိန်က ဆောင်ရွက်ခဲ့ကြောင်း သိရသည်။