ချင်းပြည်နယ်

မင်းတပ်မြို့၌ အသွားအလာကန့်သတ်စောင့်ကြည့်နေရာ နေထိုင်ပြီးစီးသူများအား လက်မှတ်များပေးအပ်

မင်းတပ်မြို့ ပြည်သူ့ဆေးရုံဝင်း ဝန်ထမ်းအိမ်ရာနှစ်ထပ်ဆောင်၌ ယမန်နေ့ ညနေပိုင်းတွင် Facility Quarantine နေထိုင်ပြီးသူငါးဦးအား မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမင်းဧရာထိုက်နှင့် တာဝန်ရှိသူများက အိမ်ပြန်ခွင့်လက်မှတ်များပေးအပ်ကြောင်း သိရသည်။

မတူပီမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ရပ်ကွပ်/ကျေးရွာအုပ်စုစာရေးဝန်ထမ်းများအား ဒုတိယ အကြိမ် ငွေကျပ်(၇၂)သိန်း ထောက်ပံ့

ချင်းပြည်နယ်၊ မတူပီမြို့အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ရပ်ကွက်/ကျေးရွာအုပ်စု စာရေးဝန်ထမ်း များအား အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန(ရုံးချုပ်)မှ ပေးပို့သည့် ထောက်ပံ့ငွေများ ပေးအပ်ပွဲ အခမ်းအနားကို ယမန်နေ့က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

ဟားခါး−ဂန့်ဂေါလမ်းတွင် မော်တော်ယာဉ်တစ်စီး အရှိန်လွန်ချောက်ထဲထိုးကျတိမ်းမှောက်မှုဖြစ်ပွား

ချင်းပြည်နယ် ဟားခါးမြို့မှ (၂၄)မိုင်ခန့်အကွာ ဟားခါး−ဂန့်ဂေါလမ်းတွင် ဂန့်ဂေါမှ ဟားခါးသို့ ထွက်ခွာလာသော ယာဉ်အမှတ် MDY- ခြောက်ဘီးကားအဖြူရောင်ယာဉ်သည် ​ယမန်နေ့ ည ၁၀ နာရီအချိန်ခန့်က ယာဉ်မောင်း အိပ်ငိုက်ရာမှ ယာဉ်အရှိန်လွန်ပြီး ပေ(၅၀)ခန့်ချောက်ထဲသို့ ထိုးကျတိမ်းမှောက်၍ အခင်းဖြစ်ပွားရာနေရာ၌ ယာဉ်မောင်း သေဆုံး ခဲ့ကြောင်း သိရသည်။

ဟားခါးမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ရပ်ကွပ်/ကျေးရွာအုပ်စုစာရေးများအတွက် ဒုတိယအကြိမ် ငွေကျပ်(၃၈)သိန်း ထောက်ပံ့

ဟားခါးမြို့နယ် အထွေထွေအုပ်ချုပ်ရေးဉီးစီးဌာန၊ ရပ်ကွက်၊ ကျေးရွာအုပ်စုစာရေး ဝန်ထမ်းများ အနေဖြင့် မူလလုပ်ငန်းတာဝန်အပြင် COVID-19 ကာကွယ်၊ တားဆီး၊ ထိန်းချုပ်ရေးဆိုင်ရာကိစ္စရပ် များတွင် ပူးပေါင်းပါဝင်ဆောင်ရွက်ခြင်း၊ အသိပေးကြေညာချက်များအား ရပ်ကွက်၊ ကျေးရွာများ အတွင်း နေ့စဉ်လှည့်လည်ကြေညာခြင်း၊ ခြေခံလူတန်းစားများအား ထောက်ပံ့ပေးအပ်ရန် အတွက် စာရင်းဇယား ပြုစု၊ ထောက်ပံ့ခြင်းနှင့် ၂၀၂၀ပြည့်နှစ်အထွေထွေရွေးကောက်ပွဲအတွက် လူဦးရေစာရင်း ကောက်ခံခြင်း၊ မဲစာရင်းများပြုစုခြင်း၊ ပြင်ဆင်၊ ဖြည့်စွက်ခြင်းလုပ်ငန်း တာဝန်များကို ထမ်းဆောင်ပေးလျက်ရှိသဖြင့် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန(ရုံးချုပ်)မှ ပေးပို့သည့် ထောက်ပံ့ငွေများ ပေးအပ်ပွဲအခမ်းအနားကို ယနေ့မွန်းလွဲ ၂ နာရီက ဟားခါးမြို့၊ မြို့နယ်စုပေါင်းရုံး အစည်းအဝေးခန်းမ၌ ကျင်းပခဲ့ကြောင်း သိရှိရသည်။

ဖလမ်းမြို့ စည်ပင်သာယာရေးနယ်နိမိတ်အတွင်း ဆောင်ရွက်မည့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ အတွက် တင်ဒါခေါ်ယူ

ဖလမ်းမြို့နယ်စည်ပင်သာယာရေးအဖွဲ့က ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်အတွင်း စည်ပင်သာ ယာရေးနယ်နိမိတ်အတွင်းဆောင်ရွက်မည့် ငွေကျပ်သန်း(၈၁၈ ဒသမ ၅၀၀)တန်းဖိုးရှိ ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများအတွက် စက်တင်ဘာ ၂၉ ရက်မှစ၍ လုပ်ငန်းတင်ဒါများ ခေါ်ယူလျက်ရှိကြောင်းသိရသည်။

တီးတိန်၌ ကိုဗစ်-၁၉ ရောဂါ တားဆီးကာကွယ်၊ ထိန်းချုပ်ရေး ပါးစပ်/နှာခေါင်းစည်း အခမဲ့ဖြန့်ဝေ

ချင်းပြည်နယ်၊တီးတိန်မြို့၌ ကိုဗစ်- ၁၉ ရောဂါ တားဆီးကာကွယ်၊ ထိန်းချုပ်ရေးအတွက် မြို့နယ်သန္ဓေမီးသတ် တပ်ဖွဲ့ဝင်များနှင့် အရန်မီးသတ်တပ်ဖွဲ့ဝင်များ ပူးပေါင်းပြီး ယနေ့နေ့လယ် ၁၁ နာရီခွဲက မြို့မရပ်ကွက်၊ နာရီစင်အနီးတွင် ပါးစပ်/နှာခေါင်းစည်း(Mask)အခဲ့ဖြန့်ဝေခဲ့ကြောင်း သိရသည်။

ခိုင်ကမ်းမြို့တွင် ကိုဗစ်-၁၉ ရောဂါကြိုတင်ကာကွယ်ရေး လမ်းညွှန်ချက်များနှင့်အညီ ပုံမှန်ကာကွယ်ဆေးထိုးနှံခြင်းလုပ်ငန်း ဆောင်ရွက်

ချင်းပြည်နယ် ဖလမ်းခရိုင် တီးတိန်မြို့နယ် ခိုင်ကမ်းမြို့တွင် ကိုဗစ်-၁၉ ရောဂါကြိုတင်ကာ ကွယ်ရေး လမ်းညွှန်ချက်များနှင့်အညီ မွေးကင်းစ ကလေးမှ အသက် နှစ်နှစ်ထိ ပုံမှန်ကာကွယ်ဆေး ထိုးနှံခြင်းကို ယနေ့ နံနက်ပိုင်းမှစ၍ မြို့ ကျေးလက်ကျန်းမာရေးဌာနခွဲတွင် ထိုးနှံပေးလျက်ရှိ ကြောင်း သိရှိရသည်။

ခိုင်ကမ်းမြို့တွင်းရှိ စေတနာ့ဝန်ထမ်းများသို့ အမျိုးသားအဆင့်စေတနာ့ဝန်ထမ်းဦးဆောင်အဖွဲ့ ဥက္ကဋ္ဌ မှချီးမြှင့်သည့် ဂုဏ်ပြုမှတ်တမ်းလွှာများ ပေးအပ်

ချင်းပြည်နယ် ဖလမ်းခရိုင် တီးတိန်မြို့နယ် ခိုင်ကမ်းမြို့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ယမန်နေ့ နံနက် ၉ နာရီခွဲအချိန်တွင် ခိုင်ကမ်းမြို့ ကိုဗစ်-၁၉ ကူးစက် ရောဂါ ကာကွယ် ထိန်းချုပ် ကုသရေးဆိုင်ရာ အမျိုးသားအဆင့် စေတနာ့ဝန်ထမ်းများသို့ အမျိုးသားအဆင့်စေတနာ့ ဝန်ထမ်းဦးဆောင် အဖွဲ့ဥက္ကဋ္ဌ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်မှ ချီးမြှင့်သော ဂုဏ်ပြုမှတ်တမ်းလွှာများပေးအပ်ခြင်း အခမ်းအနား ကျင်းပခဲ့သည်။

ကျီခါးမြို့၌ ဒုတိယအကြိမ် Door To Door စနစ်ဖြင့် မဲစာရင်း ပိုမိုပြည့်စုံမှန်ကန်ရေး တစ်အိမ်တက် တစ်အိမ်ဆင်း ကွင်းဆင်းစစ်ဆေး

ချင်းပြည်နယ် ၊ ဖလမ်းခရိုင်၊ ကျီခါးမြို့၌ ၂၀၂၀ပြည့်နှစ်၊ နို၀င်ဘာလ(၈)ရက်နေ့တွင်ကျင်းပမည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲအောင်မြင်စွာကျင်းပရာတွင် ဆန္ဒမဲပေးပိုင်ခွင့်ရှိသော မဲဆန္ဒရှင်ပြည်သူများ မဲပေးခွင့်မဆုံးရှုံးစေရေးနှင့်မဲစာရင်း ပိုမိုပြည့်စုံမှန်ကန်စေရေးအတွက် Door To Door စနစ်ဖြင့် အိမ်ထောင်စုအလိုက် မဲစာရင်းတိုက်ဆိုင်စစ်ဆေးခြင်းကို ယနေ့နံနက် (၇)နာရီအချိန်က တာဝန်ရှိသူများက ပူးပေါင်းကွင်းဆင်းဆောင်ရွက် ခဲ့ကြကြောင်းသိရသည်။

လိုင်လင်းပီမြို့၌ အသက် (၈၀) မှ (၈၅) နှစ်ကြား ဘိုးဘွားများအား ထောက်ပံ့ငွေပေးအပ်

ကိုဗစ်-၁၉ ရောဂါကာလ စီးပွားရေးကုစားမှုအစီအစဉ်အရ နိုင်ငံတော်မှထောက်ပံ့ပေးသည့် အသက်(၈၀)မှ (၈၅)နှစ်ကြား ဘိုးဘွားများအား ထောက်ပံ့ငွေပေးအပ်ခြင်းကို ချင်းပြည်နယ်၊ မတူပီမြို့နယ်၊ လိုင်လင်းပီမြို့၌ ယနေ့ နံနက်(၁၁)နာရီအချိန်တွင် ရပ်ကွက်အုပ်ချုပ်ရေး အဖွဲ့ဝင်များမှ အိမ်တိုင်ရာရောက်ပေးအပ်ခဲ့ကြသည်။
Subscribe to ချင်းပြည်နယ်