ချင်းပြည်နယ်

မဲရုံမှူး/ဒုမဲရုံမှူးသင်တန်းပို့ချနိုင်ရေး ခရိုင်အဆင့်လုပ်ငန်းညှိနှိုင်းအစည်းအဝေး မင်းတပ်မြို့၌ ကျင်းပ

မင်းတပ်ခရိုင်အတွင်းရှိ မဲရုံများ၌ တာဝန်ထမ်းဆောင်ကြမည့် မဲရုံမှူး/ဒုမဲရုံမှူးများအား သင်တန်းပို့ချ နိုင်ရေးအတွက် ခရိုင်အဆင့်လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယနေ့နံနက် ၁၀ နာရီအချိန်က ခရိုင် ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲရုံး အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။

မင်းတပ်မြို့နယ်ရှိ မဲရုံများတွင် တာဝန်ထမ်းဆောင်မည့် ပညာရေးဝန်ထမ်းများအား RDT Test Kit ဖြင့် ကျန်းမာရေးစစ်ဆေး

မင်းတပ်မြို့နယ်အတွင်းရှိ မဲရုံများ၌ မဲရုံမှူး၊ ဒုမဲရုံမှူးတာဝန်ထမ်းဆောင်ကြမည့် ပညာရေးဝန်ထမ်း များအား RDT Test Kit ဖြင့် ကိုဗစ်-၁၉ ရောဂါရှိ/မရှိ စစ်ဆေးခြင်းကို ယနေ့မွန်းလွဲ ၂ နာရီအချိန်မှစ၍ ဦးဝမ္မသူးမောင်းပန်းခြံရှိ ကျန်းမာရေးစစ်ဆေးရေးဂိတ်တွင် ဆောင်ရွက်ပေးလျက် ရှိသည်။

ကိုဗစ်-၁၉ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများတွင် အသုံးပြုနိုင်ရန်အတွက် ငွေကျပ်(၂၅) သိန်းလှူဒါန်း

ဟားခါးပြည်သူ့ဆေးရုံကြီးတွင် ဆေးကုသမှုခံယူနေသည့် ကိုဗစ်-၁၉ရောဂါ ပိုးတွေ့လူနာ (၅)ဦးအထိ ရှိလာပြီး ဟားခါးပြည်သူ့ဆေးရုံကြီးတွင် ကိုဗစ်-၁၉ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး လုပ်ငန်းများ၌ အသုံးပြုနိုင်ရန်အတွက် ငေွကျပ်(၂၅)သိန်းပေးအပ် လှူဒါန်းခြင်းကို ယမန်နေ့က ဟားခါးမြို့၊ ပြည်သူ့ ဆေးရုံကြီး၌ ကျင်းပခဲ့ကြောင်း သိရသည်။

ရိခေါ်ဒါရ်မြို့၌ မူးယစ်ဆေးဝါးအန္တရာယ် တားဆီးကာကွယ်ရေးဆိုင်ရာ ဆွေးနွေးပွဲ Talk Show ပြုလုပ်

ချင်းပြည်နယ်၊ ဖလမ်းခရိုင်၊ ရိခေါ်ဒါရ်မြို့ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၏ စီစဉ်မှုဖြင့် မူးယစ်ဆေးဝါးအန္တရာယ် တားဆီးကာကွယ်ရေးဆိုင်ရာ ဆွေးနွေးပွဲ Talk Show အစီအစဉ်ကို ယမန်နေ့ နံနက် ၁၁ နာရီတွင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနရုံး လူထုအခြေပြုဗဟိုဌာနခန်းမ၌ ပြုလုပ်သည်။

ကျီခါးမြို့ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနရုံးရှေ့ မြေစိုက်နံရံကပ်ပြဘုတ်တွင် ကိုဗစ်-၁၉ ဆိုင်ရာ သတင်းအချက်အလက် အသိပညာပေး နံရံကပ်စာ‌စောင်ပြသ ဆောင်ရွက်ပေး

ချင်းပြည်နယ်၊ ဖလမ်းခရိုင်၊ ကျီခါးမြို့ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနရုံးရှေ့ မြေစိုက် နံရံကပ်ပြဘုတ်တွင် ကိုဗစ်-၁၉ဆိုင်ရာ သတင်းအချက်အလက် အသိပညာပေး နံရံကပ် စာစောင်ပြသ ဆောင်ရွက်ခြင်းကို ယမန့် မွန်းလွဲ၁ နာရီအချိန်က ပြသဆောင်ရွက် ပေးလျက်ရှိသည်။

မတူပီမြို့၌ ကုသလျက်ရှိသည့် ကိုဗစ်-၁၉လူနာ case 27886 မှာ ရောဂါပိုး မတွေ့ရှိရတော့သဖြင့် ဆေးရုံဆင်းခွင့်ရရှိ

ချင်းပြည်နယ်၊ မတူပီခရိုင်၊ မတူပီမြို့တွင် ကိုဗစ်-၁၉ရောဂါ ပိုးတွေ့ရှိသဖြင့် ဆေးကုသမှု ခံယူလျက်ရှိသော လူနာ case 27886 မှာ ရောဂါပိုးမတွေ့ရှိတော့သဖြင့် ယမန်နေ့တွင် မတူပီမြို့ ပြည်သူ့ဆေးရုံကြီးမှဆင်းခွင့် ရရှိခဲ့ပြီ ဖြစ်ကြောင်း သိရသည်။

လိုင်လင်းပီ၌ မြို့ အဝင်/ အထွက် ပူးပေါင်းစစ်ဆေးရေး ဂိတ်များတွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်ရေး စစ်ဆေးမှုလုပ်ငန်းများ အရှိန်အဟုန်မြှင့် ဆောင်ရွက်

ချင်းပြည်နယ်၊ မတူပီခရိုင်၊ လိုင်လင်းပီမြို့၌ ဒေသခံ ပြည်သူများ ၊ ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှု မရှိစေရေးအတွက် ကြိုတင်ကာကွယ်ရေး လုပ်ငန်းများကို အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိ‌ရာ မြို့အဝင်/ ထွတ် ဂိတ်(၂)ခု၌ အထူးကြပ်မတ်‌ဆောင်ရွက်လျက်ရှိကြောင်းသိရသည်၊၊

ရေဇွာမြို့ စည်ပင်သာယာရေးအဖွဲ့၏ ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်ငွေလုံးငွေရင်း ခွင့်ပြုရန် ပုံငွေကျပ် (၁၀)သန်း အောက်ဖြင့် ဆောင်ရွက်မည့်လုပ်ငန်း(၂)ခုအား တင်သွင်းလွှာရောင်းချ

ချင်းပြည်နယ်၊ မတူပီခရိုင်၊ ရေဇွာမြို့ စည်ပင်သာယာရေးအဖွဲ့၏ ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်အတွင်း ငွေလုံးငွေရင်း ခွင့်ပြုရန်ပုံငွေကျပ်(၁၀)သန်း အောက်ဖြင့် ဆောင်ရွက် မည့်လုပ်ငန်း(၂)ခုအား အဆိုပြု တင်သွင်းလွှာ စတင်ရောင်းချခြင်းကို အောက်တိုဘာလ(၆)ရက်နေ့မှ စတင်ရောင်းချခဲ့ကြောင်းသိရသည်။

ရိခေါ်ဒါရ်မြို့၌ အဆင့်မြင့်ဈေးတည်ဆောက်မည့် မြေနေရာရရှိရေးအတွက် လယ်ယာမြေပိုင်ရှင်များနှင့် တွေ့ဆုံညှိနှိုင်းဆွေးနွေး

ချင်းပြည်နယ်၊ ရိခေါ်ဒါရ်မြို့ အုပ်ချုပ်ရေးမှူး ဦးကျင်လမ်းခိုင်၏ ဦးဆောင်မှု၊ မြို့စည်ပင် သာယာရေးအဖွဲ့၊ မြို့စည်ပင်သာယာရေးကော်မတီဝင်များ၊ ရပ်ကွက်လယ်ယာမြေ စီမံခန့်ခွဲမှု ကော်မတီဝင်များနှင့် လယ်ယာမြေပိုင်ရှင်များပူးပေါင်းပြီး ရိခေါ်ဒါရ်မြို့၌ အဆင့်မြင့်ဈေး တည်ဆောက်ရန် မြေနေရာ ရရှိရေးအတွက် တွေ့ဆုံညှိနှိုင်း ဆွေးနွေးခြင်းကို အောက်တိုဘာ ၁၄ ရက် မွန်းလွဲ ၁ နာရီအချိန်ခန့်တွင် ရိခေါ်ဒါရ်မြို့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ပြုလုပ်သည်။

တွန်းဇံမြို့၌ အထူးရဲသင်တန်းသားများအား မြို့နယ်အုပ်ချုပ်ရေးမှူးမှ သွားရောက်အားပေး

ချင်းပြည်နယ်၊ တွန်းဇံမြို့၌ ၂၀၂၀ ပြည့်နှစ်၊ ယမန်နေ့နံနက် (၁၀) နာရီအချိန်တွင် အခြေခံပညာ အထက်တန်းကျောင်းတွင် သင်တန်းတက်ရောက်နေကြသော အထူးရဲသင်တန်းသားများအား မြို့နယ် အုပ်ချုပ်ရေးမှူး ဦးဆလိုင်းထောင်မှ သွားရောက်အားပေး အမှာစကား ပြောကြားခဲ့သည်။
Subscribe to ချင်းပြည်နယ်