ချင်းပြည်နယ်

တွန်းဇံမြို့၌ မဲရုံလုံခြုံရေး ဆောင်ရွက်ပေးမည့် အထူးရဲများအား Rapid Test ဖြင့် ကိုဗစ်-၁၉ ရောဂါပိုး ရှိ/မရှိ စစ်ဆေး

ချင်းပြည်နယ်၊ တွန်းဇံမြို့နယ်အတွင်း ၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာလတွင် ကျင်းပမည့် ပါတီစုံ အထွေထွေ ရွေးကောက်ပွဲ ကျင်းပရာတွင် မဲရုံလုံခြုံရေး ဆောင်ရွက်ပေးမည့် အထူးရဲများအား Rapid Test ဖြင့် ကိုဗစ်-၁၉ ရောဂါပိုး ရှိ/မရှိကို ယနေ့နံနက် (၈) နာရီခွဲအချိန်တွင် စစ်ဆေးပေးလျက် ရှိသည်။

မင်းတပ်မြို့၌ ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားနေသည့်ကာလအတွင်း အခြေခံစားသောက် ကုန်စည်များ ပြတ်လပ်မှု မရှိစေရေး ကြပ်မတ်ဆောင်ရွက်

ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားနေသည့် ကာလအတွင်း မင်းတပ်မြို့ရှိ စျေးဆိုင်များတွင် အခြေခံ စားသောက်ကုန်စည်များ ပြတ်လပ်မှုမရှိစေရေးအတွက် မြို့နယ်စီမံခန့်ခွဲမှုကော်မတီမှ ကြပ်မတ်ဆောင်ရွက်လျက်ရှိကြောင်းသိရသည်။

ဟားခါးမြို့နယ် စိုက်ပျိုးရေးဦးစီးဌာန၌ ဌာနအတွင်း ဝန်ထမ်းစွမ်းရည်မြှင့်သင်တန်း ပို့ချ

ဟားခါးခရိုင်စိုက်ပျိုးရေးဦးစီးဌာနနှင့် ဟားခါးမြို့နယ်စိုက်ပျိုးရေးဦးစီးဌာန တို့ပူးပေါင်း၍ ဌာနအတွင်းဝန်ထမ်းများ လုပ်ငန်းများဆောင်ရွက်ရာတွင် ပိုမိုအဆင်ပြေ ချောမွေ့စေရန် ရည်ရွယ်၍ ဝန်ထမ်းစွမ်းရည်မြှင့်သင်တန်းကို ကိုဗစ်-၁၉ ​ရောဂါထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကာလအတွင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ကျန်းမာရေး ဆိုင်ရာ ထုတ်ပြန်ကြေညာချက်များနှင့်အညီ ယနေ့ နံနက် ၉ နာရီအချိန်တွင် ဟားခါးမြို့၊ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

ကျီခါးမြို့ မီးသတ်ဦးစီးဌာနမှ ကိုဗစ်-၁၉ ရောဂါနှင့်ပတ်သက်၍ ကျန်းမာရေးနှင့် အားကစား၀န်ကြီးဌာန၏ အသိပေး ထုတ်ပြန်ချက်များအား ကျေးရွာများသို့ လှည့်လည်အသိပေးနှိုးဆော်

ချင်းပြည်နယ်၊ ဖလမ်းခရိုင်၊ ကျီခါးမြို့ မီးသတ်ဦးစီးဌာနမှ တပ်ဖွဲ့၀င်များသည် ကိုဗစ်-၁၉ ရောဂါနှင့် ပတ်သက်၍ ကျန်းမာရေးနှင့် အားကစား၀န်ကြီးဌာန၏ အသိပေးထုတ်ပြန်ချက်များအား ကျေးလက်နေ ပြည်သူများ ကျယ်ကျယ်ပြန့်ပြန့် သိရှိနိုင်ရေးအတွက် ယနေ့နံနက် (၁၀) နာရီအချိန်က ကန့်ဆောက် ကျေးရွာအုပ်စု၊ ခေါဒမ် ကျေးရွာသို့ အသံချဲ့စက်ဖြင့် လှည့်လည်အသိပေး နှိုး‌ဆော်ခြင်းများ စုပေါင်းဆောင် ရွက်ခဲ့ကြကြောင်း သိရသည်။

ဟားခါးမြို့နယ်အတွင်း မော်တော်ယာဉ်စီးနင်းသူများ ပိုမိုများပြားလာသည်နှင့်အမျှ ယာဉ်တိုက်မှုလျော့နည်း ပပျောက်စေရေး ရောင်ပြန်(Sticker)များကပ်နှိပ်ပေး

ချင်းပြည်နယ် ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်ကင်းရှင်းရေး ကော်မတီ၏ လမ်းညွှန်မှုဖြင့် ဟားခါးမြို့နယ် အတွင်း မော်တော်ယာဉ်စီးနင်းသူများ ပိုမိုများပြားလာသည့်အတွက် ယာဉ်တိုက်မှု လျော့နည်းပပျောက်စေရေး ရည်ရွယ်၍ ​ ရောင်ပြန်(Sticker)များ ကပ်နှိပ်ပေးခြင်းကို ယနေ့နံနက် ၉ နာရီအချိန်က ဟားခါးမြို့ လမ်းဆုံ နေရာများတွင် အမှတ်(၁၆)ယာဉ်ထိန်းရဲ တပ်ဖွဲ့မှူးရုံး (ဟားခါး)မှ ရဲအုပ်ကိုကိုမောင် ဦးဆောင်သည့် ယာဉ်ထိန်းရဲတပ်ဖွဲ့ဝင်များက ဆောင်ရွက် ပေးခဲ့ကြသည်။

ချင်းပြည်နယ်၊ မတူပီမြို့နယ်၌ ပြည်နယ်ဘတ်ဂျတ်ဖြင့် ဘောလုံးကွင်းများ တို့ချဲ့တူးဖော်ရန် ကျေးရွာများသို့ သတ်မှတ် နေရာများ ကြည့်ရှုစစ်ဆေး

၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်တွင်၊ ချင်းပြည်နယ်၊ မတူပီခရိုင်၊ မတူပီမြို့နယ်အတွင်းရှိ ကျေးရွာများ၌ ပြည်နယ် ဘတ်ဂျတ်ဖြင့် ဘောလုံးကွင်းများ တူးဖော်ရန်အတွက် သတ်မှတ်ထားသော နေရာများကို အားကစားနှင့် ကာယပညာ ဦးစီးဌာန၊ မြို့နယ်အားကစားမှူးနှင့် ဖနိုင်ဘောလုံးကွင်းတူးဖော်ရေး ကော်မတီများပူးပေါင်းကာ အောက်တိုဘာလ ၁၂ ရက်နေ့က ဖနိုင်ကျေးရွာသို့ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

ဟားခါးမြို့၌ Facility Quarantine ဝင်ရောက်သူများ ကျား(၂)ဦးနှင့် ကုန်တင်ယာဉ်မောင်းနှင့် ယာဉ်နောက်လိုက် ကျား(၂)ဦး စုစုပေါင်း(၄)ဦးတွင် ကိုဗစ်-၁၉ ရောဂါပိုးထပ်မံတွေ့ရှိ

ချင်းပြည်နယ် ဟားခါးမြို့ နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူငယ်များ ဖွံ့ဖြိုးရေးသင်တန်းကျောင်း၌ Facility Quarantine ဝင်ရောက်နေသူ အသက်(၂၅)နှစ်နှင့် အသက်(၁၉)နှစ် ကျား(၂)ဦးနှင့် ဟားခါးမြို့ ဂန့်ဂေါလမ်း မြို့အဝင် ပူးပေါင်းစစ်ဆေးရေးဂိတ်တွင် ကုန်တင်ယာဉ်မောင်းနှင့် ယာဉ်နောက်လိုက် ကျား(၂)ဦး စုစုပေါင်း(၄)ဦးတွင် ကိုဗစ်-၁၉ ရောဂါပိုး တွေ့ရှိကြောင်း ဟားခါးမြို့နယ် ကိုဗစ်−၁၉ရောဂါ ကာကွယ်ရေးနှင့် တုံ့ပြန်ဆောင်ရွက်ရေး လုပ်ငန်းကော်မတီ ထံမှ သိရသည်။

ဟားခါးမြို့၌ Facility Quarantine ဝင်ရောက်သူများ ကျား (၂) ဦးနှင့် ကုန်တင်ယာဉ်မောင်းနှင့် ယာဉ်နောက်လိုက် ကျား (၂) ဦး စုစုပေါင်း (၄) ဦးတွင် ကိုဗစ်-၁၉ ရောဂါပိုးထပ်မံတွေ့ရှိ

ချင်းပြည်နယ် ဟားခါးမြို့ နယ်စပ်ဒေသနှင့် တိုင်းရင်းသား လူငယ်များ ဖွံ့ဖြိုးရေးသင်တန်းကျောင်း၌ Facility Quarantine ဝင်ရောက်နေသူ အသက် (၂၅) နှစ်နှင့် အသက် (၁၉) နှစ် ကျား (၂) ဦးနှင့် ဟားခါးမြို့ ဂန့်ဂေါလမ်း မြို့အဝင် ပူးပေါင်းစစ်ဆေးရေးဂိတ်တွင် ကုန်တင်ယာဉ်မောင်းနှင့် ယာဉ်နောက်လိုက် ကျား (၂) ဦး စုစုပေါင်း (၄) ဦးတွင် ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိကြောင်း ဟားခါးမြို့နယ် ကိုဗစ် - ၁၉ ရောဂါကာကွယ်ရေးနှင့် တုံ့ပြန် ဆောင်ရွက်ရေး လုပ်ငန်းကော်မတီထံမှ သိရှိရသည်။

အပြည်ပြည်ဆိုင်ရာ သဘာဝဘေးအန္တရာယ် ထိခိုက်ဆုံးရှုံးနိုင်ခြေလျော့ချရေးနေ့ အထိမ်းအမှတ် နှာခေါင်းစည်း Mask များ နှင့် တစ်ကိုယ်ရည်သန့်ရှင်းရေး အသုံးအဆောင်ပစ္စည်း (Hygiene Kits)များ ထောက်ပံ့

၂၀၂၀ ပြည့်နှစ် အောက်တိုဘာလ ၁၃ ရက်နေ့တွင် ကျရောက်သည့် အပြည်ပြည်ဆိုင်ရာ သဘာဝဘေးအန္တရာယ် ထိခိုက်ဆုံးရှုံးနိုင်ခြေ လျော့ချရေးနေ့ အထိမ်းအမှတ်အနေဖြင့် ချင်းပြည်နယ် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဦးစီးဌာနမှ ဟားခါးမြို့ Facility Quarantine Centers များသို့ ယမန်နေ့က နှာခေါင်းစည်း Maskများနှင့် တစ်ကိုယ်ရည် သန့်ရှင်းရေး အသုံးအဆောင်ပစ္စည်း(Hygiene Kits)များ အခမဲ့ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

ချင်းပြည်နယ် ဟားခါးမြို့နယ်အတွင်း ဆောင်းသီးနှံကုလားပဲ စမ်းသပ်စိုက်ပျိုးမည်

ချင်းပြည်နယ် ဟားခါးမြို့နယ်အတွင်း စိုက်ပျိုးရေးဦးစီးဌာနမှ မျိုးကောင်းမျိုးသန့် သီးနှံမျိုးစေ့ ရရှိနိုင်ရန်အတွက် စိုက်ပျိုးရေးဦးစီးဌာန(ရုံးချုပ်)မှ ပေးပို့သည့်ဆောင်းသီးနှံ ကုလားပဲ ဒေသနှင့် ကိုက်ညီမှု ရှိ/မရှိကို အောက်တိုဘာလအတွင်း ဟားခါးမြို့၊ စျေးဟောင်းရပ်ကွက် ဟိုင်တလန် စိုက်ပျိုးရေးခြံတွင် စမ်းသပ်စိုက်ပျိုးသွားမည်ဖြစ်ကြောင်း သိရှိရသည်။
Subscribe to ချင်းပြည်နယ်