ဟားခါး နိုဝင်ဘာ ၁၂
ချင်းပြည်နယ်၏ မြို့တော် ဟားခါးမြို့၊မြို့သစ်ရပ်ကွက် ခုစီလိုဘိုပန်းခြံတွင် လွတ်လပ်ရေး ကျောက်တိုင် တည်ဆောက်ပြီးစီးမှုအခြေအနေများအား ပြည်နယ်စည်ပင်သာယာရေး၊ လျှပ်စစ်နှင့်စက်မှုလက်မှု ဝန်ကြီး ဦးစိုးထက်နှင့် တာဝန်ရှိသူများက နိုဝင်ဘာလ ၁၂ ရက်နေ့က လိုက်လံကွင်းဆင်းစစ်ဆေး ကြည့်ရှုခဲ့ကြောင်း သိရှိရသည်။
အဆိုပါ လွတ်လပ်ရေးကျောက်တိုင်ကို ချင်းပြည်နယ်စည်ပင်သာယာရေးဦးစီးဌာန၏ ၂၀၁၉ -၂၀၂၀ ဘဏ္ဍာနှစ် ငွေလုံးငွေရင်း(GRF)ခွင့်ပြုရန်ပုံငွေ ကျပ်သန်း (၅၀)၊ ၂၀၁၉-၂၀၂၀ဘဏ္ဍာနှစ် ငွေလုံး ငွေရင်း ခွင့်ပြုရန်ပုံငွေ ကျပ် ၁၁.၆သန်း စုစုပေါင်းကျပ် ၆၁.၆သန်းဖြင့် အမြင့် ၇၅ပေ၊အချင်း၁၄ပေ ကို ချင်းကာလီလီကုမ္ဗဏီမှ တာဝန်ယူကာ ဇူလိုင်လမှစတင် တည်ဆောက်ခဲ့ပြီး ယခုတွင် တည်ဆောက်မှု ရာခိုင်နှုန်း ၁၀၀ရာခိုင်နှုန်းပြီးစီးခဲ့ကြောင်း မြို့နယ်စည်ပင်သာယာရေးအဖွဲ့ထံမှ သိရှိရသည်။
အောင်ခွီရှိန်း