ချင်းပြည်နယ်

ကျေးရွာများတွင် သဘာဝဘေးကျရောက်လာပါက တုန့်ပြန်နိုင်ရန် တုန့်ပြန်နိုင်စွမ်းအားကောင်းသော လူထုဖွံ့ဖြိုးရေးစီမံကိန်း( RCDP )ကို ဖလမ်းမြို့နယ်အတွင်း ကျေးရွာအားလုံးတွင် ဆောင်ရွက်မည်

သဘာဝဘေးဒဏ်များ ကျရောက်လာပါက တုန့်ပြန်နိုင်ရန် တုန့်ပြန်နိုင်စွမ်း အားကောင်းသော လူထုဖွံ့ဖြိုးရေးစီမံကိန်း( Resilient Community Development Project )ကို ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်မှစ၍ ဖလမ်းမြို့နယ်အတွင်း ကျေးရွာများအားလုံးတွင် အကောင်အထည်ဖော်ဆောင်ရွက်မည် ဖြစ်သည်။

ဒုတိယအကြိမ် ချင်းပြည်နယ်လွှတ်တော် (၂၃)ကြိမ်မြောက် ပုံမှန်အစည်းအဝေး ဒုတိယနေ့ ဆက်လက်ကျင်းပ

ဒုတိယအကြိမ် ချင်းပြည်နယ်လွှတ်တော် (၂၃)ကြိမ်မြောက် ပုံမှန်အစည်းအဝေး ဒုတိယနေ့ကို ယနေ့နံနက် ၁၀ နာရီက ဟားခါးမြို့၊ ချင်းပြည်နယ်လွှတ်တော် အစည်းအဝေးခန်းမ၌ ဆက်လက်ကျင်းပရာ ချင်းပြည်နယ် အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဦးဆလိုင်းလျန်လွယ်၊ ပြည်နယ်လွှတ်တော်ဉက္ကဋ္ဌ ဦးဇိုဘွဲ၊ ပြည်နယ်အဆင့် အဖွဲ့အစည်းဝင်များနှင့် ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်(၂၁)ဦး တက်ရောက်ကြပြီး အစည်းအဝေးကို အစီအစဉ်(၁၀)ခုဖြင့် ကျင်းပခဲ့ကြောင်း သိရသည်။

ကန်ပက်လက်မြို့၌ သူနာပြုသားဖွားအသင်းမှ ပြည်သူများအား mask များအခမဲ့ဖြန့်ဝေပေး

ချင်းပြည်နယ်၊ မင်းတပ်ခရိုင်၊ ကန်ပက်လက်မြို့ ခေါနူးစုမ်လမ်းမ၊စံပါယ်လမ်းနှင့် ချယ်ရီလမ်း ဆုံ၌ ကန်ပက်လက်မြို့ သူနာပြုသားဖွားအသင်းမှ ယနေ့ နံနက် ၉ နာရီတွင် mask များအခမဲ့ ပေးဝေခဲ့ကြောင်းသိရသည်။

ဟားခါးမြို့၌ စားသောက်ဆိုင်များ ဆိုင်ထိုင်စနစ်ဖြင့် ပြန်လည်ရောင်းချခွင့်ပြုနိုင်ရေး တာဝန်ရှိသူများ ကွင်းဆင်းစစ်ဆေး

ချင်းပြည်နယ် COVID-19​​ ကာကွယ်၊ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေး ကာလအတွင်းမှာ ပါဆယ်ဖြင့်သာရောင်းချခွင့်ပြုပြီး ဆိုင်ထိုင်ရောင်းချခြင်းကို ခေတ္တယာယီပိတ်ထားခဲ့ရာမှ ယခုအခါ ဆိုင်ထိုင်စနစ်ဖြင့် ပြန်လည်ရောင်းချခွင့်ပြုနိုင်ရေး ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ထုတ်ပြန်ထားသော ညွှန်ကြားချက်များနှင့်အညီ ဆောင်ရွက်ထားခြင်း ရှိ၊မရှိ ယမန်နေ့တွင် မြိုနယ် COVID-19​​ ရောဂါ ကာကွယ်ရေးနှင့် တုံ့ပြန်ဆောင်ရွက်ရေး လုပ်ငန်းကော်မတီနှင့် တာဝန်ရှိသူ များက ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရှိရသည်။

ချင်းပြည်နယ်၊ လိုင်လင်းပီမြို့ တိုက်နယ်ဆေးရုံအတွက် ECG စက်ကို Win-Win Organization မှလှူဒါန်း

ဝေးလံခေါင်သီပြီး လမ်းပန်းဆက်သွယ်ရေးအလွန်ခက်ခဲသည့် ချင်းပြည်နယ်၊ မတူပီခရိုင်၊ လိုင်လင်းပီမြို့၌ နှလုံးလျှပ်စစ် မှတ်သည့်စက် ECG ( Electrocardiograph) ကျပ်ကိုးသိန်းနှစ်သောင်းငါးထောင်တန်ဖိုးရှိ စက်လှူဒါန်းခြင်းကို တိုက်နယ်ဆေးရုံတွင် နံနက် ၁၀နာရီအချိန် ပြုလုပ် ခဲ့ကြသည်။

တီးတိန်မြို့ပြည်သူ့ဆေးရုံ၌ ဆေးကုသမှုခံယူသည့် ကိုဗစ် -၁၉ ရောဂါပိုးတွေ့အတည်ပြုလူနာ Case- 79482 ဆေးရုံမှဆင်း

ချင်းပြည်နယ်၊ တီးတိန်မြို့ပြည်သူ့ဆေးရုံ၌ စောင့်ကြပ်ဆေးကုသမှုခံယူသည့် ကိုဗစ်- ၁၉ ရောဂါပိုးတွေ့အတည်ပြုလူနာ Case -79482 သည် ကျန်းမာရေးကောင်းမွန်သဖြင့် ယမန်နေ့ နံနက် ၁၀ နာရီတွင် ဆေးရုံမှ ဆင်းခွင့်ပြု လိုက်ပြီဖြစ်ကြောင်း သိရသည်။

လိုင်လင်းပီမြို့၌ ကိုဗစ်-၁၉ ရောဂါကြိုတင်ကာကွယ်ရေးအတွက် ကျန်းမာရေး အသိပညာပေးခြင်းနှင့် Mask Campaign လုပ်ငန်းဆောင်ရွက်

ချင်းပြည်နယ်၊ မတူပီခရိုင်၊ လိုင်လင်းပီမြို့၌ ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်နိုင်ရေးအတွက် ကျန်းမာရေးအသိပညာပေးခြင်းနှင့် နှာခေါင်းစည်း(Mask) မဖြစ်မနေ တပ်ဆင်ရေးလှုပ်ရှားမှု (Mask Campaign) လုပ်ငန်းကို လိုင်လင်းပီမြို့ကျန်းမာရေးဌာန၏ ဦးဆောင်မှုဖြင့် ဌာနဆိုင်ရာများ ပူးပေါင်း၍ မြို့ဝင်/ထွက်စစ်ဆေးရေးဂိတ်များနှင့် မြို့တွင်းလမ်းဆုံနေရာတို့၌ ယနေ့နံနက် (၉) နာရီအချိန်မှစ၍ ဆောင်ရွက်ခဲ့ကြသည်။

၂၀၂၀ ပြည့်နှစ် အပြည်ပြည်ဆိုင်ရာ မသန်စွမ်းသူများနေ့ အထိမ်းအမှတ်အခမ်းအနားသို့ ချင်းပြည်နယ် မသန်စွမ်းသူအခွင့်အရေးများဆိုင်ရာကော်မတီ ဒုတိယဥက္ကဋ္ဌ ပြည်နယ် လူမှုရေး ဝန်ကြီး ဦးပေါင်လွန်းမင့်ထန် တက်ရောက်

၂၀၂၀ ပြည့်နှစ် အပြည်ပြည်ဆိုင်ရာ မသန်စွမ်းသူများနေ့ အထိမ်းအမှတ်အခမ်းအနားကို ဒီဇင်ဘာလ ၃ရက်နေ့ မွန်းလွဲ ၁နာရီခွဲက ဟားခါးမြို့၊ ပြည်နယ်လူမှုဝန်ထမ်းဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပရာ ချင်းပြည်နယ် မသန်စွမ်းသူအခွင့်အရေးများဆိုင်ရာကော်မတီဒုတိယဥက္ကဋ္ဌ ပြည်နယ်လူမှုရေးဝန်ကြီး ဦးပေါင်လွန်းမင့်ထန် တက်ရောက်အမှာစကား ပြောကြားခဲ့သည်။

ဒုတိယအကြိမ် ချင်းပြည်နယ်လွှတ်တော် (၂၃) ကြိမ်မြောက် ပုံမှန်အစည်းအဝေး ပထမနေ့ စတင်ကျင်းပ

ဒုတိယအကြိမ် ချင်းပြည်နယ်လွှတ်တော် (၂၃) ကြိမ်မြောက် ပုံမှန်အစည်းအဝေး ပထမနေ့ကို ဒီဇင်ဘာ ၃ ရက်နံနက် ၁၀ နာရီက ဟားခါးမြို့၊ ချင်းပြည်နယ်လွှတ်တော် အစည်းအဝေးခန်းမ၌ စတင် ကျင်းပရာ ချင်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဦးဆလိုင်းလျန်လွယ်၊ ပြည်နယ် လွှတ်တော်ဥက္ကဋ္ဌ ဦးဇိုဘွဲ၊ ပြည်နယ်အဆင့် အဖွဲ့အစည်းဝင်များနှင့် ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် (၂၂) ဦးတက်ရောက်ကြပြီး အစည်းအဝေးကို အစီအစဉ်(၁၀)ခုဖြင့် ကျင်းပခဲ့ကြောင်း သိရသည်။

မတူပီမြို့၌ ကိုဗစ်-၁၉ ရောဂါ၊ ကာကွယ် ထိန်းချုပ်ရေး ကော်မတီအဖွဲ့ဝင်များနှင့် အသင်းတော်များမှ ပါစတာများ လုပ်ငန်းညှိနှိုင်း အစည်းဝေးကျင်းပ

ချင်းပြည်နယ်၊ မတူပီခရိုင်၊ မတူပီမြို့၌ ကိုဗစ်-၁၉ ရောဂါ ၊ကာကွယ် ထိန်းချုပ်ရေး ကော်မတီဝင်များနှင့် အသင်းတော်များမှ ပါစတာများ လုပ်ငန်း​ညှိနှိုင်း အစည်းအဝေးကို ယမန်နေ့ မွန်းလွဲ (၂) နာရီအချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေး ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
Subscribe to ချင်းပြည်နယ်