Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
တံတားဦးမြို့တွင် အသက်(၂)နှစ်အောက်ကလေးငယ်(၆၅)ဦးနှင့် ကိုယ်ဝန်ဆောင်မိခင်(၁၅)ဦးအား ပုံမှန်ကာကွယ်ဆေးထိုးနှံပေး
Aug 04,2025
တံတားဦးခရိုင်၊ တံတားဦးမြို့နယ်တွင် ကျန်းမာရေးဝန်ထမ်းများက ပုံမှန်ကာကွယ်ဆေးထိုးခြင်းနှင့် တိုက်ကျွေးလုပ်ငန်းကို တံတားဦးမြို့ပေါ်ရှိ ရပ်ကွက်( ၁ ၊ ၂ ၊ ၃ )အုပ်အုစုများမှ ရပ်ကွက်များအတွင်းရှိ အသက်(၂)နှစ်အောက်ကလေးငယ်များနှင့် ကိုယ်ဝန်ဆောင်မိခင်များအား ယနေ့နံနက်ပိုင်းက အမှတ် (၁ ၊ ၂ ၊ ၃ )ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံး အသီးသီးတွင် ကာကွယ်ဆေးများကို ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
နတ်မောက်မြို့၌ အာဟာရဖွံ့ဖြိုးရေးရက်သတ္တပတ်လှုပ်ရှားမှု အသိပညာပေးဆောင်ရွက်
Aug 04,2025
မကွေးတိုင်းဒေသကြီး နတ်မောက်မြို့၌ အာဟာရဖွံ့ဖြိုးရေး ရက်သတ္တပတ်လှုပ်ရှားမှု အသိပညာပေးဆောင်ရွက်ခြင်းကို ယမန်နေ့ နံနက်ပိုင်းက မြို့နယ်မိခင်နှင့်ကလေးကျန်းမာရေးဌာန၌ ကျင်းပဆောင်ရွက်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
နတ်မောက် မြို့မဈေးအတွင်းရှိ ဆိုင်ခန်းရှင်များ ကျုးကျော်တည်ခင်းရောင်းချမှုရှိ/မရှိ ကွင်းဆင်းဆောင်ရွက်
Aug 04,2025
မကွေးတိုင်းဒေသကြီး နတ်မောက်မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ အမှုဆောင်အရာရှိ၏ ဦးဆောင်ကြီးကြပ်မှုဖြင့် ယမန်နေ့နံနက်ပိုင်းက မြို့မဈေးအတွင်းရှိ ဆိုင်ခန်းရှင်များ ကျူးကျော်တည်ခင်းရောင်းချမှုရှိ/မရှိ ကွင်းဆင်းဆောင်ရွက်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
မင်းဘူး (စကု) မြို့နယ်၌ ယခုနှစ်မိုးစပါးကို ဧကပေါင်း ၄၀၀၀၀ ကျော် လျာထားစိုက်ပျိုး
Aug 04,2025
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူး(စကု)မြို့နယ်၌ ယခုနှစ် မိုးစပါး စိုက်ပျိုးရာသီတွင် ဒေသတွင်း ဆန်၊ စပါး ဖူလုံပေါများစေရန် မိုးစပါးကို ဧကပေါင်း ၄၀၀၀၀ ကျော် စိုက်ပျိုးသွားရန် လျာထားဆောင်ရွက်လျက်ရှိကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။
အပြည့်အစုံ ဖတ်ရန်
အမရပူရမြို့နယ်တွင် သမဝါယမအသင်းသားများအား မိုးစပါးပန်းတိုင်အထွက်နှုန်း ရရှိရေးစိုက်ပျိုးရေးသွင်းအားစုများ ထောက်ပံ့ပေးအပ်
Aug 04,2025
မန္တလေးတိုင်းဒေသကြီး၊ အမရပူရခရိုင်၊ အမရပူရမြို့နယ် တမုတ်ဆိုးကျေးရွာအုပ်စု၊ သာလှအေးကျေးရွာ၊ သာလှအေး (စိုက်/ထွေ) သမဝါယမအသင်းနှင့် အောင်မြင့်မြတ် (စိုက်/ထွေ) သမဝါယမအသင်း နှစ်သင်း၏ အသင်းသားတောင်သူ ၂၆ ဦးတို့စိုက်ဧက ၁၁၀ ဧကအတွက် တိုင်းဒေသကြီးဘတ်ဂျက်ရန်ပုံငွေဖြင့် တန်ဖိုးကျပ် သိန်း ၂၂၀ နှင့်ညီမျှသော သွင်းအားစုများကို အမရပူရမြို့နယ် သမဝါယမဦးစီးဌာန၊ ဦးစီးအရာရှိ ဦးမောင်မောင်လေးက သာလှအေးသမဝါယမအသင်းစုဥက္ကဋ္ဌ နေအိမ်၌ သြဂုတ်လ ၁ ရက်နေ့က ထောက်ပံ့ပေးအပ်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ကျောက်ဆည်ခရိုင် လူထုအခြေပြုဗဟိုဌာနတွင် စနစ်တကျအမှိုက်စွန့်ပစ်ရေး အသိပညာပေး ဟောပြောပွဲနှင့် သရုပ်ပြပွဲ ကျင်းပ
Aug 04,2025
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ခရိုင်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနတို့ပူးပေါင်း၍ ယနေ့နံနက်ပိုင်းက ခရိုင်ပြည်သူ့စာကြည့်တိုက် လူထုအခြေပြုဗဟိုဌာနတွင် အမှိုက်စနစ်တကျစွန့်ပစ်ရေး အသိပညာပေးဟောပြောပွဲနှင့် သရုပ်ပြပွဲ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
မြိတ်မြို့တွင် ခရိုင်အဆင့် ရှာဖွေကယ်ဆယ်ရေးသင်တန်းအမှတ်စဉ် (၂/၂၀၂၅) သင်တန်းဖွင့်လှစ်
Aug 04,2025
တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့တွင် သဘာဝဘေးအန္တရာယ်များ ဖြစ်ပွားလာပါက ပြည်သူလူထု၏ အသက်အိုးအိမ်စည်းစိမ်များကို လူမှုကယ်ဆယ်ရေးအဖွဲ့များမှ မီးသတ်ဦးစီးဌာနနှင့်ပူးပေါင်း၍ အချိန်နှင့်တပြေးညီ ကူညီကယ်ဆယ်နိုင်ရန်အတွက် ခရိုင်အဆင့် ရှာဖွေကယ်ဆယ်ရေးသင်တန်းအမှတ်စဉ် (၂/၂၀၂၅) သင်တန်းကို ယနေ့နံနက်ပိုင်းက မြိတ်ခရိုင်မီးသတ်ဦးစီးဌာနရုံးခန်းမတွင် ဖွင့်လှစ်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
သံတောင်ကြီးဒေသထွက် မင်းကွတ်သီးများ လှိုင်လှိုင်ထွက်ရှိချိန်တွင်ဈေးနှုန်းအနည်းငယ်ကျဆင်း
Aug 04,2025
ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့တွင် ဒေသခံပြည်သူများသည် ဉယျာဉ်ခြံလုပ်ငန်းများဖြစ်သော နှစ်ရှည်ပင်များကို အဓိကစိုက်ပျိုးလုပ်ကိုင်လျက်ရှိရာ မင်းကွတ်သီးပင်များကို နှစ်ရှည်ခံပင်များ နှင့်တွဲဖက်၍ တစ်နိုင်တစ်ပိုင် စိုက်ပျိုးလျက်ရှိကြောင်းသိရသည်။ မင်းကွတ်ပင်များသည် စိုက်ပျိုးပြီး (၉)နှစ်ခန့်တွင် အသီးများ စတင်သီးပြီး မိုးဦးကာလဖြစ်သော မေလမှ သြဂုတ်လအထိ အသီးသီးကာ အပင်ငယ်တစ်ပင်လျှင် အသီးအလုံးရေ (၁၀၀ မှ ၃၀၀)လုံးအထိလည်းကောင်း၊ အပင်ကြီး တစ်ပင်လျှင် အသီးအလုံးရေ (၄၀၀ မှ၈၀၀) လုံးအထိ အသီးရှိသည်။ သံတောင်ကြီးဒေသထွက်မင်းကွတ်သီးများယခု လှိုင်လှိုင်ထွက်ရှိချိန်တွင်ဈေးနှုန်း အနည်းငယ်ကျဆင်းကြောင်းသိရသည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
3659
Page
3660
Page
3661
Page
3662
Current page
3663
Page
3664
Page
3665
Page
3666
Page
3667
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department