Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
>
မိုးရွာသွန်းမှုကြောင့် ညောင်ရွှေမြို့နယ်အတွင်းရှိ စပါးစိုက်ခင်းအချို့ ရေနစ်မြုပ်
Aug 06,2020
ပြီးခဲ့သည့်ရက်ပိုင်းအတွင်းက ညောင်ရွှေမြို့နယ်နှင့် ပတ်ဝန်းကျင်ဒေသများတွင် မိုးရွာသွန်းမှုကြောင့် ညောင်ရွှေ မြို့နယ်အတွင်းသို့စီးဝင်သည့် တာယောချောင်းနှင့် ဟိုနမ့်ချောင်းတို့ မှ ရေကြီးရေလျှံမှုဖြစ်ပေါ်ခဲ့ပြီး တိလော ကျေးရွာအုပ်စုအတွင်းရှိ တောင်သူ(၂၁)ဦး၊ ရွာသာကျေးရွာ အုပ်စုအတွင်းရှိ တောင်သူ(၁၀၁)ဦး၊ တောင်ပို့ကြီးကျေးရွာအုပ်စုရှိ တောင်သူ(၃၇)ဦး စုစုပေါင်း တောင်သူ(၁၅၉)ဦး၏ စုစုပေါင်း နွေစပါးနှင့် မိုးစပါး စိုက်ဧက (၄၁၅.၂၆)ဧက ရေနစ်မြှုပ်လျှက်ရှိ ကြောင်း သိရှိရသည်။
အပြည့်အစုံ ဖတ်ရန်
ကုန်စုံဆိုင်များနှင့် စားသောက်ဆိုင်များ ကျန်းမာရေး ညွှန်ကြားချက်များနှင့်အညီ ဖွင့်လှစ်ရောင်းချခြင်း ရှိ၊ မရှိ ကွင်းဆင်း စစ်ဆေး
Aug 06,2020
ချင်းပြည်နယ်၊ ရေဇွာမြို့၊ မြို့စည်ပင်သာယာ နယ်နိမိတ်အတွင်းရှိ စားသောက်ဆိုင်များနှင့် ကုန်စုံဆိုင်များအနေဖြင့် ကျန်းမာရေး ညွှန်ကြားချက်များနှင့်အညီ ဆောင်ရွက်ထားရှိမှု ရှိ၊ မရှိကို ယနေ့ နံနက် ၁၀ နာရီ အချိန်က ကွင်းဆင်းစစ်ဆေးခဲ့ကြသည်။
အပြည့်အစုံ ဖတ်ရန်
စစ်ကိုင်းတိုင်းဒေသကြီး ရေဦးမြို့တွင် လူမှုရေးရာသင်တန်းဖွင့်လှစ်
Aug 06,2020
လူမှု၀န်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး၀န်ကြီးဌာန လူမှု၀န်ထမ်းဦးစီးဌာန စစ်ကိုင်းတိုင်းဒေသ ကြီး ရွှေဘိုခရိုင်လူမှု၀န်ထမ်းရုံးက ကြီးမှုးဖွင့်လှစ်သော လူမှုရေးရာသင်တန်းဖွင့်ပွဲအခမ်းအနားကို ယနေ့ နံနက် ၉ နာရီက ရေဦးမြို့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ရွှေနဒီဦးခန်းမတွင် ကျင်းပ
အပြည့်အစုံ ဖတ်ရန်
အင်တောမြို့ ကျောက်ဆုံကျေးရွာ၌ ကျေးရွာမတည်ရန်ပုံငွေစီမံကိန်း (VRFP) ငွေကျပ်သိန်း (၃၀၀) ထုတ်ချေး
Aug 06,2020
ရှမ်းပြည်နယ်တောင်ပိုင်း၊ ရပ်စောက်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ကြီးကြပ်၍ ကျေးရွာမတည်ရန်ပုံငွေ စီမံကိန်း(VRFP)အား COVID-19ကာလအတွင်း ပြည်သူများ လူမှုစီးပွားထိခိုက်မှုများ ဖြစ်ပေါ်နေပြီး လုပ်ကွက်ငယ်တောင်သူများ၊ ထုတ်လုပ်ရောင်းချသူများ၊ အသေးစား စီးပွားရေး လုပ်ကိုင်နေ သူများ အနေဖြင့် စီးပွားရေးလုပ်ငန်းများ ပြန်လည်စတင်နိုင်ရန် သွင်းအားစုနှင့် ငွေကြေးအရင်းအနှီးများ ထောက်ပံ့ပေးနိုင်ရန် ရည်ရွယ်ပြီး COVID-19 စီးပွားရေး ကုစားမှု အစီအစဉ်အရ အင်တောမြို့ ကျောက်ဂူ ကျေးရွာအုပ်စု၊ ကျောက်ဆုံကျေးရွာ၌ ယမန်နေ့ မွန်းလွှဲ ၂ နာရီအချိန်က အဆိုပါကျေးရွာဘုန်းတော်ကြီး၌ ကျေးရွာမတည်ရန်ပုံငွေကျပ်သိန်း(၃၀၀) ငွေထုတ်ချေး ပေးခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
မြင်းမူမြို့တွင် အခြေခံပညာစတုတ္ထတန်း(GRADE-4)သင်ရိုးသစ်သင်ကြားရေး အထောက်အကူပစ္စည်းများ စာသင်ကျောင်းအသီးသီးသို့ဖြန့်ဝေ
Aug 06,2020
စစ်ကိုင်းခရိုင်၊ မြင်းမူမြို့နယ်အတွင်းရှိအခြေခံ ပညာကျောင်းများသို့ ယခုနှစ်ကျောင်းဖွင့်ရာသီ စတုတ္ထတန်း(GRADE-4) အတန်းသို့ တက်ရောက်ပညာသင်ကြားကြမည့် ကျောင်းသား/ သူများအတွက် သင်ထောက်ကူပစ္စည်းများကို ပြန်လည်ဖြန့်ဝေပေးလျက်ရှိကြောင်း သိရှိရသည်။
အပြည့်အစုံ ဖတ်ရန်
မကွေးတိုင်းဒေသကြီး ရေစကြိုမြို့နယ်စည်ပင်သာယာရေးနယ်နိမိတ်ရှိ မြို့တွင်းလမ်းကတ္တရာခင်းခြင်းလုပ်ငန်းများ ပြီးစီးမှုအခြေအနေအား တာဝန်ရှိသူများကွင်းဆင်းစစ်ဆေး
Aug 06,2020
ရေစကြိုမြို့နယ်တွင် မြို့နယ်စည်ပင် သာယာရေးနယ်နိမိတ်ရှိ မြို့တွင်းလမ်းကတ္တရာခင်းခြင်းလုပ်ငန်းများ ပြီးစီးမှုအခြေ အနေကို ယနေ့ နံနက် ၈ နာရီအချိန်ကကွင်း ဆင်းစစ်ဆေးသည်။
အပြည့်အစုံ ဖတ်ရန်
မလှိုင်မြို့နယ်တွင် ကိုဗစ်-၁၉ စီးပွားရေးကုစားမှုအစီအစဉ်ဖြင့် လူသုံးကုန်ဆပ်ပြာထုတ်လုပ်နည်းသင်တန်းဖွင့်လှစ်
Aug 06,2020
မန္တလေးတိုင်းဒေသကြီး ၊ မလှိုင်မြို့နယ်တွင် ကိုဗစ်-၁၉ စီးပွားရေးကုစားမှုအစီအစဉ်ဖြင့် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ ဖွင့်လှစ်သော လူသုံးကုန် လက်တွေ့ ( ရိုးရိုးဆပ်ပြာထုတ်လုပ်နည်း ) သင်တန်းဖွင့်ပွဲကို ယမန်နေ့နံနက်ပိုင်းက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းဝေးခန်းမ၌ကျင်းပခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
တောင်ဥက္ကလာပမြို့နယ်အတွင်းရှိ ဘာသာစကားသင်တန်းနှင့် မော်တော်ယာဉ်စက်ပြင် သင်တန်းများအား ကိုဗစ်−၁၉ ရောဂါကာကွယ်၊ ထိန်းချုပ်ရေး လမ်းညွှန်ချက်များနှင့်အညီ ဖွင့်လှစ်န…
Aug 06,2020
ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ တောင်ဥက္ကလာပမြို့နယ်အတွင်းရှိ ဘာသာစကား သင်တန်းနှင့် မော်တော်ယာဉ်စက်ပြင် သင်တန်းများအား ကိုဗစ် − ၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ် ရေး လမ်းညွှန်ချက်များနှင့်အညီ ဖွင့်လှစ်နိုင်ရေးကို ယမန်နေ့ နံနက် (၁၀)နာရီ၌ ကွင်းဆင်း စစ်ဆေးခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
29432
Page
29433
Page
29434
Page
29435
Current page
29436
Page
29437
Page
29438
Page
29439
Page
29440
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department