Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
>
လှိုင်းဘွဲမြို့နယ်တွင် ကိုရိုနာဗိုင်းရပ်(စ်) ရောဂါနှင့် ပတ်သက်ပြီး ကျန်းမာရေးအသိပညာပေး ဗီနိုင်းများ စိုက်ထူ
Mar 23,2020
ကရင်ပြည်နယ် လှိုင်းဘွဲမြို့နယ်တွင် ကိုရိုနာဗိုင်းရပ်(စ်) ရောဂါ ကာကွယ်တားဆီးနိုင်ရေးနှင့် ပတ်သက်ပြီး မြို့ပေါ် ရပ်ကွက်များနှင့် ကျေးရွာများအားလုံးတွင် မြို့နယ်အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာန မြို့နယ် အုပ်ချုပ်ရေးမှူး ဦးမင်းသိန်း ဦးဆောင်ကာ ကိုရိုနာဗိုင်းရပ်(စ်) ရောဂါအကြောင်း ပြည်သူများ ကျယ်ကျယ်ပြန့်ပြန့် သိရှိ နားလည် နိုင်စေရေးအတွက် ကျန်းမာရေးအသိပညာပေး ဗီနိုင်းများ စိုက်ထူခြင်းကို ယနေ့ နံနက် ပိုင်းက စတင်ဆောင်ရွက် ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ချင်းပြည်နယ်၌ ကိုရိုနာဗိုင်းရပ်စ် ရောဂါ ကြိုတင်ကာကွယ်ရေး (Cyclone Shelter) အဆောက်အဦများကို ယာယီဆေးခန်းဖွင့်လှစ်နိုင်ရေး ကြိုတင်ပြင်ဆင်သွားမည်ဖြစ်ကြောင်း ပြည်နယ်…
Mar 23,2020
ချင်းပြည်နယ်အတွင်း ကိုရိုနာဗိုင်းရပ်စ် ရောဂါ ကူးစက်ပြန့်ပွားမှု မရှိစေရေးအလေးထားဆောင်ရွက်လျက်ရှိပြီး ကြိုတင်ပြင်ဆင်မှုများလည်း ဆောင်ရွက်လျက်ရှိရာ အကယ်၍ သံသယလူနာတွေ့ရှိပါက ထားရှိဆောင်ရွက်နိုင်ရေးအတွက် ချင်းပြည်နယ် အတွင်းရှိ Cyclone Shelter များကို ယာယီဆေးကုသ ဆောင်များအဖြစ် ပြင်ဆင်ထားရှိသွားမည်ဖြစ်ကြောင်း မတ်လ ၂၀ ရက်နေ့ ချင်းပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည့် (COVID-19) ရောဂါကြိုတင်ကာကွယ်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေးတွင် ချင်းပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူး ဦးတိုးဝင်းက ဆွေးနွေးပြောကြားခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
မြေပြိုဘေးအန္တရာယ် ကြိုတင်ကာကွယ်နိုင်ရေး ဟားခါးမြို့သို့ ဂျပန်နိုင်ငံ (JICA) မှ ပညာရှင်များ ကွင်းဆင်းလေ့လာ
Mar 22,2020
ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ မိုးလေဝသနှင့်ဇလဗေဒ ဦးစီးဌာနနှင့် ဂျပန်နိုင်ငံ (JICA) အဖွဲ့တို့ပူးပေါင်း၍ ချင်းပြည်နယ်၊ ဟားခါးမြို့အတွင်း မြေပြိုဘေးအန္တရာယ် ကြိုတင် ကာကွယ်နိုင်ရေးအတွက် ယမန်နေ့က ဂျပန်နိုင်ငံ (JICA) မှ ပညာရှင်များ ကွင်းဆင်းလေ့လာ ခဲ့ကြကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
COVID-19 အသိပညာပေးလက်ကမ်းစာစောင်နှင့် မူခင်ကျဆင်းရေး အသိပညာပေး လက်ကမ်း စာစောင်းများ ဖြန့်ဝေ
Mar 22,2020
မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ဒုတိယဦးစီးမှူး ဦးထွန်းထွန်းလင်း၊ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးဝင်းဇော်လင်း၊ မြို့နယ်ကျန်းမာရေးမှူး ဒေါက်တာရဲလင်းစိုး၊ မိခင်နှင့်ကလေး စောင့်ရှောက်ရေး အသင်း၊ အမျိုးသမီးရေးရာအဖွဲ့တိုသည် COVID-19 အသိပညာပေး လက်ကမ်း စာစောင်နှင့် မူခင်ကျဆင်းရေး အသိပညာပေး လက်ကမ်စာစောင်းများ ဖြန့်ဝေခြင်းကို ယနေ့နံနက် ၉ နာရီမှ ၁၀ နာရီ အထိ ဖရူဆိုမြို့ မြို့မဈေး၌ ဖြန့်ဝေခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
စုကလိမြို့ ရွံ့စေးဖြူ ထုတ်လုပ်ရေးလုပ်ကွက်သို့ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်နှင့်အဖွဲ့ ကွင်းဆင်းစစ်ဆေး
Mar 22,2020
ကရင်ပြည်နယ်၊ မြဝတီမြို့နယ် မဲဆန္ဒနယ်အမှတ်(၂)မှ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးအိုက်ကျန်ခမ်း၊ အမှတ်(၁)သတ္တုတွင်းဝန်ကြီးဌာန (နေပြည်တော်)မှ လက်ထောက်မန်နေဂျာ ဦးမျိုးလွင်နှင့် တာဝန်ရှိသူများသည် မွန်မြတ်အလင်း ရွံ့စေးဖြူထုတ်လုပ်ရေးကုမ္ပဏီမှ တာဝန်ယူဆောင်ရွက်လျက်ရှိသည့် ရွံ့စေးဖြူ လုပ်ကွက်သို့ ယမန်နေ့ နံနက်(၁၁)နာရီက ကွင်းဆင်းစစ်ဆေး ဆောင်ရွက်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
မူဆယ်မြို့၌ COVID – 19 ရောဂါ ထိရောက်စွာကြိုတင်ကာကွယ်နိုင်ရေး မော်တော်ယာဉ်များကို ပိုးသတ်ဆေးဖြန်းခြင်းများ အရှိန်အဟုန်မြှင့်ဆောင်ရွက်
Mar 22,2020
ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ မူဆယ်မြို့၊ အဝေးပြေး သိန်းသန်းချီကားကွင်း၌ ယမန်နေ့ နံနက်ပိုင်းက မူဆယ်မြို့မှတစ်ဆင့် မြန်မာပြည်အနှံ့သို့ ထွက်ခွာသွားမည့် ယာဉ်များကို COVID – 19 ရောဂါ ကြိုတင်ကာကွယ်ရေး လုပ်ငန်းများ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ကော်မတီ (မူဆယ်) မှ အဖွဲ့ဝင်များ၊ အမှတ် (၁၂၃) ယာဉ်ထိန်းရဲတပ်ဖွဲ့ဝင်များ၊ စေတနာပရဟိတ အသင်းဝင်များနှင့် နှလုံးလှပရဟိတ အသင်းဝင်များက ပိုးသတ်ဆေးရည်ဖြန်းခြင်းများ ဆောင်ရွက်သည်။
အပြည့်အစုံ ဖတ်ရန်
သန့်ရှင်းသော သောက်သုံးရေပေးဝေနိုင်ရေး နောင်လုံကန်နှင့် ဥယျာဉ်ရေ ထွက်ကန်တို့အား စုပေါင်း သန့်ရှင်းရေး ဆောင်ရွက်
Mar 22,2020
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မိုးနဲမြို့နယ် စီမံခန့်ခွဲမှုကော်မတီ၏ ဦးဆောင်မှု ဖြင့် မြို့တွင်း သောက်သုံးရေ ဖြန့်ဝေပေးလျက်ရှိသော နောင်လုံကန်နှင့်ဥယျာဉ်ကန် သဘာဝ ရေထွက် တို့တွင် နွေရာသီ ရေခမ်းခြောက်မှုမဖြစ်ပေါ်စေရေး၊ သန့်ရှင်းသော သောက်သုံး ရေရ ရှိရေးနှင့် ရေထွက်အား ကောင်းမွန်စေရေးတို့အတွက် စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်ခြင်းကို ယမန်နေ့နံနက် ၈ နာရီအချိန်က အဆိုပါ ရေထွက်ကန် နေရာများတွင် အသီးသီးဆောင်ရွက်ခဲ့ကြသည်။
အပြည့်အစုံ ဖတ်ရန်
COVID-19 ရောဂါ ကြိုတင်ကာကွယ်နိုင်ရေး လက်အိတ်များနှင့် နှာခေါင်းစည်းများ ဖြန့်ဝေ ဆောင်ရွက်
Mar 22,2020
ကရင်ပြည်နယ် ကော့ကရိတ်ခရိုင် ကျိုက်ဒုံမြို့ အမှတ်(၄)ရပ်ကွက်၊ မြို့မဈေးတွင် ယမန်နေ့က ကျိုက်ဒုံမြို့အုပ်ရေးမှူးဦးမင်းဇော်၊ ကျေးလက်ကျန်းမာရေးမှူး ဦးမိုးမြင့်ဝင်း၊ စည်ပင်ဦးစီးမှူး ဦးသန့်ဇော်၊ မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနမှ ရုံးတာဝန်ခံ ဦးစောပန်းစိန်တို့သည်
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
28813
Page
28814
Page
28815
Page
28816
Current page
28817
Page
28818
Page
28819
Page
28820
Page
28821
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department