Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
>
ချင်းပြည်နယ် ကြက်ခြေနီတပ်ဖွဲ့မှ ပြည်သူများအား ကိုရိုနာဗိုင်းရပ်(စ်) ရောဂါ အသိပညာပေးလက်ကမ်း စာစောင်များနှင့် Mask N-95 အမျိုးအစား(၂၆၀)ကျော် အခမဲ့ဖြန့်ဝေ
Mar 25,2020
ချင်းပြည်နယ်အတွင်း ကိုရိုနာဗိုင်းရပ်(စ်)ရောဂါ ကာကွယ်ထိန်းချုပ် ကုသနိုင်ရေး အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိရာ မတ်လ ၂၅ ရက်နေ့က မြန်မာနိုင်ငံ ကြက်ခြေနီ အသင်းအဖွဲ့ခွဲ၊ ချင်းပြည်နယ် ကြက်ခြေနီတပ်ဖွဲ့မှ ပြည်သူများအား အသိပညာပေး လက်ကမ်းစာစောင်များ လက်ဝယ်အရောက် အခမဲ့လိုက်လံ ဖြန့်ဝေပေးလျက်ရှိပြီး ဟားခါးမြို့၊ပြည်သူ့ဆေးရုံနှင့် စျေးအတွင်း Mask N-95 အမျိုးအစား (၂၆၀)ကျော် အခမဲ့ ဖြန့်ဝေပေးလျက်ရှိကြောင်း သိရှိရသည်။
အပြည့်အစုံ ဖတ်ရန်
ပျဉ်းမနားမြို့နယ်အတွင်းရှိ ရထားဘူတာနှင့် ကားဂိတ်များတွင် ကိုရိုနာဗိုင်းရပ်စ် ရောဂါ ကာကွယ်ထားရှိမှုအား ကြည့်ရှုစစ်ဆေး
Mar 25,2020
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဒကိ္ခဏခရိုင်၊ ပျဉ်းမနားမြို့နယ်အတွင်းရှိ ရထားဘူတာနှင့် ကားဂိတ်များတွင် ခရီးသွားပြည်သူများနှင့် ဝန်ထမ်းများ ကိုရိုနာဗိုင်းရပ်စ် ရောဂါကာကွယ် ထားရှိမှုများအား နေပြည်တော်ကောင်စီဝင် ဉီးတင်ထွန်းနှင့် တာဝန်ရှိသူများက ယနေ့၊ နံနက်ပိုင်းတွင် ကွင်းဆင်းကြည့်ရှု စစ်ဆေးခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
မုံးကိုးမြို့၌ ကိုရိုနာဗိုင်းရပ်စ် ကြိုတင်ကာကွယ်ရေး လှည့်လည်ကြေညာ
Mar 25,2020
မူဆယ်ခရိုင်၊ မုံးကိုးမြို့၌ ကိုရိုနာဗိုင်းရပ်စ် ကြိုတင်ကာကွယ်ရေးအတွက် မြို့အုပ်ချုပ်ရေးမှူး ဦးမျိုးလွင် ဦးဆောင်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ရပ်ကွက်များအတွင်း လှည့်လည်၍
အပြည့်အစုံ ဖတ်ရန်
တွန်းဇံမြို့၌ ကိုရိုနာဗိုင်းရပ်စ် ရောဂါကြိုတင်ကာကွယ်ရေးနှင့် ကျန်းမာရေးစစ်ဆေးမှု ဆောင်ရွက်
Mar 25,2020
ချင်းပြည်နယ်၊ တွန်းဇံမြို့၌ ယနေ့ နံနက်(၇)နာရီအချိန်မှ စတင်၍ ကိုရိုနာဗိုင်းရပ်စ် ရောဂါ ကြိုတင်ကာကွယ်ရေး လုပ်ငန်းများနှင့် ကျန်းမာရေးစစ်ဆေးမှုများ ဆောင်ရွက်ခဲ့ကြသည်။
အပြည့်အစုံ ဖတ်ရန်
မော်လမြိုင်မြို့ အမှတ် (၁) ဈေးကြီးအား ပိုးသန့်စင် ဆေးပက်ဖျန်း
Mar 25,2020
ကိုရိုနာဗိုင်းရပ်စ် ရောဂါ ကူးစက်ပြန့်ပွားမှုမရှိစေရေး ကြိုတင်ကာကွယ်မှုလုပ်ငန်းအဖြစ် မော်လမြိုင်မြို့ အမှတ်(၁)ဈေးကြီးအား ကျန်းမာရေးဦးစီးဌာနမှ သတ်မှတ်ထားသော Bleaching Powder 35% (Calcium Hypo Chlorite) ပိုးသန့်စင်ဆေး ပက်ဖြန်းခြင်းလုပ်ငန်းကို
အပြည့်အစုံ ဖတ်ရန်
မယ်စဲ့ကုန်သွယ်ရေးစခန်း ပူးပေါင်းစစ်ဆေးရေးဂိတ်တွင် ကိုရိုနာဗိုင်းရပ်စ်ရောဂါ ကြိုတင်ကာကွယ် ထိန်းချုပ်ရေး စစ်ဆေးခြင်းလုပ်ငန်းများ အရှိန်အဟုန်မြှင့် ဆောင်ရ…
Mar 25,2020
ကယားပြည်နယ်၊ ဘောလခဲခရိုင်၊ မယ်စဲ့မြို့နယ်တွင် နှစ်နိုင်ငံနယ်စပ်ဂိတ် (ဘီပီ-၁၃) နှင့် (ဘီပီ-၁၄) တို့ကို မတ်၂၁ရက်မှစ၍ တရားဝင်ပိတ်ထားပြီး တရားမဝင် နယ်စပ်ဖြတ်ကျော် သွားလာမှု မရှိစေရေးနှင့် ခရီးသွား ပြည်သူများ ကိုရိုနာဗိုင်းရပ်ရောဂါ ကူးစက်မှုမရှိစေရေးအတွက် ကြိုတင် ကာကွယ်ရေး လုပ်ငန်းများကို အရှိန်အဟုန်မြင့် ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက် ၆ နာရီခွဲက မြို့နယ်အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာန၊ မြို့နယ်ရဲတပ်ဖွဲ့၊ မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဦးစီးဌာန၊ မြို့နယ်မီးသတ် ဦးစီးဌာန၊ မြို့နယ်ကျန်းမာရေး ဦးစီးဌာနတို့ ပူးပေါင်း၍ မယ်စဲ့ ကုန်သွယ်ရေးစခန်း ပူးပေါင်းစစ်ဆေးရေးဂိတ်၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ကျိုင်းတုံမြို့တွင် ကိုရိုနာဗိုင်းရပ်(စ်) ကြိုတင်ကာကွယ်ရေး မြို့ဝင်ဂိတ်၌ ကျန်းမာရေးစစ်ဆေးမှုများ ဆောင်ရွက်
Mar 25,2020
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့နယ်၊ နောင်နွန်းပူးပေါင်းဂိတ်၌ ကျန်းမာရေးဌာနနှင့် ဌာနဆိုင်ရာများပူးပေါင်း၍ ကိုရိုနာဗိုင်းရပ်(စ်) ကြိုတင်ကာကွယ်ရေး ကျန်းမာရေးစစ်ဆေးမှုများ ပြုလုပ်လျက်ရှိသည်။
အပြည့်အစုံ ဖတ်ရန်
ခါမ်းပါတ်မြို့တွင် ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ရေးအတွက် ပိုးသတ်ဆေးဖျန်းခြင်းလုပ်ငန်းများ ဆောင်ရွက်
Mar 25,2020
စစ်ကိုင်းတိုင်းဒေသကြီး၊ ခါမ်းပါတ်မြို့တွင် မြို့စည်ပင်သာယာရေးအဖွဲ့က ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ရေးအတွက် ပိုးသတ်ဆေးဖျန်းခြင်းလုပ်ငန်များကို ခါမ်းပါတ်မြို့မစျေး၊ ဘုတ်ကန် ကျေးလက်စျေးနှင့် ကနန်ကျေးလက်စျေးတို့တွင် ယနေ့နံနက်ပိုင်းက ဆောင်ရွက်ခဲ့ကြောင်း မြို့စည်ပင်သာယာရေးကော်မတီအမှုဆောင်အရာရှိ ဦးအောင်ဝင်းထံမှ သိရှိရသည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
28807
Page
28808
Page
28809
Page
28810
Current page
28811
Page
28812
Page
28813
Page
28814
Page
28815
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department