Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
>
တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ တနင်္သာရီမြို့နယ်အတွင်း လေပြင်းတိုက်ခတ်မှုဒဏ်ကြောင့် ပြိုကျပျက်စီးခဲ့သည့်နေအိမ်များအတွက် ဆန်ဖိုးငွေနှင့် တစ်ကိုယ်ရည်သုံးပစ္…
Aug 04,2020
တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ တနင်္သာရီမြို့နယ်အတွင်း ယမန်နေ့ နံနက် ၅ နာရီခွဲအချိန်ခန့်က မိုးသည်းထန်စွာရွာသွန်းမှုနှင့်အတူ လေပြင်းတိုက်ခတ်မှုကြောင့် နေအိမ်ပြိုကျပျက်စီးမှုများဖြစ်ပွားခဲ့သဖြင့် မြို့နယ်သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုကော်မတီ၏လမ်းညွှန်မှုအရ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးမင်းသန်းထိုက်စိုး၊ ဒုတိယတိုင်းကြက်ခြေနီတပ်ဖွဲ့မှူး ဒေါ်အေးသန်း၊ မြိတ်ခရိုင် ကြက်ခြေနီသူနာပြုတပ်ဖွဲ့မှူး ဦးထက်မြက်စိုးနှင့် တပ်ဖွဲ့ဝင်များ၊ တနင်္သာရီမြို့နယ် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန ဦးစီးမှူး ဦးကျော်ဆန်း၊ မြို့နယ်ကြက်ခြေနီကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ ဦးဇော်ဇော်အောင်နှင့် တပ်ဖွဲ့ဝင်များသည် ယမန်နေ့ မွန်းလွဲ ၁ နာရီအချိန်မှစ၍ ချက်ခြင်းပင် နေအိမ်ပြိုကျပျက်စီးမှုဖြစ်ပွားခဲ့သော ရပ်ကွက်/ကျေးရွာမှ အုပ်ချုပ်ရေးမှူးများနှင့်အတူ ငွေနှင့် ထောက်ပံ့ပစ္စည်းများကို သွားရောက်ထောက်ပံ့ပေးကြကြောင်း သိရှိရသည်။
အပြည့်အစုံ ဖတ်ရန်
ဟင်္သာတ၌ သဘာဝရေဘေးအန္တရာယ် ကာကွယ်ရန်အတွက် တည်ဆောက်ထားသည့် ဦးမိုးလေး ဖြတ်တာ (၁) မြစ်ရေတိုက်စားပြိုကျပြီး ရေများဝင်ရောက်
Aug 04,2020
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတမြို့နယ် ဧရိယာအတွင်းရှိ မြို့၊ ရွာနှင့် သီးနှံစိုက်ခင်းများ ရေကြီးရေလျှံမှုမှ ကာကွယ်ရန် ဧရာဝတီ ဟင်္သာတတာ တာမိုင် အလျား - ၁၅ မိုင် ၅ ဖာလုံကို လည်းကောင်း၊ ဟင်္သာတ - ကမ်းနားတာ တာမိုင် ၆ မိုင် ၅ ဖာလုံကို လည်ကောင်း၊ ဧရာဝတီ-ဟင်္သာတတာနှင့် ဟင်္သာတ-ကမ်းနားတာကြား ရေကြီးတိုက်စားမှု ကာကွယ်ရန်၊ အင်းမပန်းတာ၊ ဦးမိုးလေး ဖြတ်တာ (၁) ၊ ဖြတ်တာ (၂)၊ ဖြတ်တာ (၃) တို့ကို တည်ဆောက်ထားရှိသည့် အနက် ယနေ့နံနက် ၉ နာရီအချိန်ခန့်က ဦးမိုးလေးဖြတ်တာ (၁) မှာ ဧရာဝတီမြစ်ရေ တိုက်စားမှုကြောင့် ပြိုကျပျက်စီးခဲ့ပြီး တာတမံအတွင်း မြစ်ရေများ ဝင်ရောက်လျက်ရှိကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
နောင်ချိုမြို့၌ ဒေသခံလူထုအခြေပြု မြို့နယ်ခရီးသွားလုပ်ငန်းမြှင့်တင်ရေး လုပ်ငန်းညှိနှိုင်းဆွေးနွေး
Aug 04,2020
ကျောက်မဲခရိုင်၊နောင်ချိုမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ယနေ့နံနက်ပိုင်း က မြို့နယ်ခရီးသွားလုပ်ငန်းမြှင့်တင်ရေးလုပ်ငန်းညှိနှိုင်းဆွေးနွေးပွဲကို ဆောင်ရွက်ခဲ့ကြောင်းသိရသည်။
အပြည့်အစုံ ဖတ်ရန်
စစ်ကိုင်းတိုင်းဒေသကြီး တမူးမြို့နယ်တွင် မိုးစံပါး မျိုးသန့်မျိုးစေ့ထုတ် စံပြကွက်များ စိုက်ပျိုး
Aug 04,2020
တမူးမြို့နယ်တွင် ကိုဗစ်-၁၉ စီးပွားရေးကုစားမှုအစီအစဉ်ဖြင့် မိုး စပါး စီးပွားဖြစ်မျိုးသန့် မျိုးစေ့ထုတ် စိုက်ပျိုး ခြင်း လုပ်ငန်းများကို မြို့နယ်အတွင်းရှိ ကျေးရွာများတွင် အကောင်အထည်ဖော် စိုက်ပျိုးဆောင်ရွက် လျက်ရှိ ကြောင်း သိရှိရသည်။
အပြည့်အစုံ ဖတ်ရန်
တန့်ယန်းမြို့နယ်တွင် Grade - 4 သင်ရိုးသစ် မြို့နယ်အဆင့် နောက်ဆက်တွဲသင်တန်း ဖွင့်လှစ်
Aug 04,2020
ရှမ်းပြည်နယ်(မြောက်ပိုင်း) တန့်ယန်းမြို့နယ်တွင် ၂၀၂၀-၂၀၂၁ ပညာသင်နှစ်အတွက် အခြေခံပညာ မူလတန်း အဆင့် Grade - 4 သင်ရိုးသစ်အတွက် မြို့နယ်အဆင့် နောက်ဆက်တွဲ သင်တန်းကို သြဂုတ်လ ၁ ရက်နေ့မှ စတင်၍ အမှတ်(၉)အခြေခံပညာမူလတန်းလွန်ကျောင်း၌ ဖွင့်လှစ်နေသည်။
အပြည့်အစုံ ဖတ်ရန်
မိုးညိုမြို့နယ်တွင် ဧရာဝတီမြစ်ရေ ဝင်ရောက်မှုကြောင့် ရွှေ့ပြောင်းခဲ့ရသော အိမ်ထောင်စုများအား ကျေးရွာအရောက် သွားရောက်ထောက်ပံ့
Aug 04,2020
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မိုးညိုမြို့နယ်၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မြို့နယ်ဦးစီးမှူးရုံးမှ ဦးစီးမှူး ဦးမင်းသူမောင်နှင့် ဝန်ထမ်းများသည် မိုးညိုမြို့နယ်၊ လက်ပံခုံကျေးရွာ အုပ်စု၊ ပြည်တော်သာကျေးရွာနှင့် ဟင်္သာချောင်ကျေးရွာ အုပ်စု၊ ရင်းနှောင်းကုန်းကျေးရွာတို့တွင် ဧရာဝတီ မြစ်ရေဝင်ရောက်မှုကြောင့် ရွှေ့ပြောင်းခဲ့ရသော အိမ်ထောင်စုများအား ယမန် နေ့ မွန်းလွဲ ၁ နာရီခွဲအချိန်က သွားရောက်ထောက်ပံ့ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ခရီးသွားများ ဘုရားဖူးနေရာကောင်းဖြစ်လာမည့် မိုင်းယောင်းမြို့က တောရကျောင်း
Aug 04,2020
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ မိုင်းယောင်းမြို့နယ် ဝမ်ကော်လုန်းကျေးရွာအနီးရှိ ကိုရင်ကြီး (ဖပီလုံ)ပါဝုန်း တောရကျောင်းသည် ဒေသခံဘုရားဖူးပြည်သူများနှင့် အနယ်နယ် အရပ်ရပ်မှ ဘုရားဖူး ပြည်သူများက လာရောက်ဖူးမြှော်သူ များပြားသည့် နေရာတစ်ခုဖြစ်သည်။
အပြည့်အစုံ ဖတ်ရန်
သင်္ဃန်းကျွန်းမြို့နယ်တွင် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်မှ ထုတ်ဝေသော လက်ကမ်းစာစောင်များဖြန့်ဝေ
Aug 04,2020
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်မှ ထုတ်ဝေသော ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲဆိုင်ရာ ပညာပေး လက်ကမ်း စာစောင်များကို ယနေ့နံနက်ပိုင်း အချိန်က သင်္ဃန်းကျွန်းမြို့နယ် ရပ်ကွက်များ၊ ဈေးများ လူစည်ကားရာ နေရာများတွင် ရပ်ကွက် ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲတို့က ဖြန့်ဝေပေးခဲ့ကြသည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
28788
Page
28789
Page
28790
Page
28791
Current page
28792
Page
28793
Page
28794
Page
28795
Page
28796
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department