အမြို့မြို့အနယ်နယ်သတင်းများ

Aug 06,2020
မွန်ပြည်နယ်၊ မော်လမြိုင်မြို့သတ်မှတ်နေရာများ၌ အသွားအလာကန့်သတ်ထားရှိမည့် (၁၀)မြို့နယ်ဆောင်သို့ ယမန်နေ့ ညနေပိုင်း တွင် ကရင်ပြည်နယ် မြဝတီမြို့မှတစ်ဆင့် ဝင်ရောက် လာသောနေရပ်ပြန်ကျား(၅၀)ဦးနှင့်မ(၃၇)ဦး စုစုပေါင်း (၈၇)ဦး ရောက်ရှိလာရာ တာဝန်ရှိသူများက လက်ခံ၍ အဖျားတိုင်းခြင်း၊ ၎င်းတို့တည်းခိုမည့် အဆောင် များသို့ နေရာချ ထားပေးကြောင်း သိရသည်။
Aug 06,2020
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ပန်းတနော်မြို့၌ ၂၀၂၀-၂၀၂၁ ပညာသင်နှစ် စတုတ္တတန်း သင်ရိုးသစ် မြို့နယ်အဆင့် Face to Face သင်တန်းကို ယနေ့နံနက် ၉ နာရီက အ-ထ-က (၁) ကျောင်းတွင် စတင်ပို့ချလျက်ရှိသည်။
Aug 06,2020
စစ်ကိုင်းတိုင်းဒေသကြီး ကလေးမြို့နယ် ရာဇဂြိုဟ်ကျေးရွာအနီးရှိ နတ်မြောင်းချောင်း တာရိုးသည် ၃ရက်ခန့် မိုးဆက်တိုက်ရွာသွန်းခဲ့မှုကြောင့် ချောင်းရေကြီးပြီး ယမန်နေ့ည ၉ နာရီအချိန်ခန့်တွင် ချောင်းတာရိုးကျိုးပေါက်မှုဖြစ်ပွားခဲ့ရာ စိုက်ပျိုးပြီးလယ်မြေများအတွင်းသို့ ဖြတ်သန်းစီးဆင်းခဲ့မှု ကြောင့် လယ်ဧက ၂၀၀ ကျော် ပျက်စီးသွားခဲ့ကြောင်းသိရသည်။
Aug 06,2020
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ရွှေဝါလတ် ခန်းမတွင် ယနေ့နံနက် (၁၀) နာရီက ဌာနဆိုင်ရာများနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးများ တွေ့ဆုံ၍ ဒေသဖွံ့ဖြိုးရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေး ကျင်းပပြုလုပ်ခဲ့သည်။
Aug 06,2020
ရှမ်းပြည်နယ်တောင်ပိုင်း၊ လွိုင်လင်ခရိုင်၊ လဲချားမြို့နယ်တွင် ပုံမှန်ကာကွယ်ဆေးထိုး၊ ဆေးတိုက်ခြင်းကို ယနေ့ နံနက် ၉နာရီတွင် မြို့နယ်မိခင်နှင့်ကလေးကျန်းမာရေးဌာနတွင် ထိုးနှံပေးကြောင်းသိရသည်။
Aug 06,2020
၂၀၂၀ ပြည့်နှစ် ၊ ပါတီစုံဒီမိုက​ရေစီ အ​ထွေ​ထွေ​ရွေး​ကောက်ပွဲ​ အောင်မြင်စွာ ကျင်းပနိုင်​ရေးအတွက် ပထမအကြိမ် မဲဆန္ဒရှင်စာရင်းများကို ဧရာဝတီတိုင်း​ဒေသကြီး၊ ကျုံ​ပျော်မြို့နယ်တွင် ထုတ်ပြန်​ကြေညာ လျက်ရှိရာ ယ​နေ့အထိ မဲစာရင်းကြည့်ရှုသူ ၂၄၅၂၇ ဦးနှင့် ​တောင်းဆို၊ ကန့်ကွက် ပြင်ဆင်သူ​ပေါင်း ၅၇၃ ဦး ရှိ​နေပြီဖြစ်​ကြောင်း သိရသည်။
Aug 06,2020
၂၀၂၀ ပြည့်နှစ် နိုဝင်ဘာလ ၈ ရက်နေ့တွင် ကျင်းပမည့် ပါတီစုံဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက်