Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
>
လျှပ်စစ်အန္တရာယ် ကင်းရှင်းစေရန် အန္တရာယ်ရှိ (အရေးပေါ်) ဓာတ်တိုင်နှစ်တိုင်အား အသစ်လဲလှယ်ခြင်းဆောင်ရွက်
Aug 05,2020
ရန်ကုန်အရှေ့ပိုင်းခရိုင်၊ ဒဂုံမြို့သစ်(အရှေ့ပိုင်း) မြို့နယ်၌ မိုးရာသီကာလအတွင်း အများပြည်သူများ ဓာတ်အားပြတ်တောက်မှု လျော့နည်းရေး၊ ဗို့အားပြည့်ဝစွာရရှိရေး၊ လျှပ်စစ်အန္တရာယ် ကင်းရှင်းရေးတို့ အတွက် ယနေ့ နံနက် (၈)နာရီက အမှတ်(၁၃) ရပ်ကွက် ဆည်တော်(၂)လမ်း၊ ဆည်တော်(၃)လမ်းတို့၌ အန္တရာယ်ရှိ ကျိုးပဲ့နေသော (အရေးပေါ်) ဓာတ်တိုင်နှစ်တိုင်အား လာရောက်လဲလှယ်ပေးခဲ့ကြောင်း သိရ သည်။
အပြည့်အစုံ ဖတ်ရန်
အလုံမြို့နယ်၌ ပုံမှန်ကာကွယ်ဆေးထိုး၊ ဆေးတိုက်ခြင်း လုပ်ငန်းများဆောင်ရွက်
Aug 05,2020
ရန်ကုန်တိုင်းဒေသကြီး၊ အနောက်ပိုင်းခရိုင်၊ အလုံမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ မွေးကင်း စမှစ၍ အသက်(၁) နှစ်ခွဲအထိ ကလေးငယ်များအား ပုံမှန်ကာကွယ်ဆေးထိုး၊ ဆေးတိုက်ခြင်း လုပ်ငန်းကို သြဂုတ်လ(၁)ရက်နေ့မှ စတင်ကာ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူးရုံးတွင် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
မွန်ပြည်နယ် ရေးမြို့ ဇီးဖြူသောင်ကျေးရွာတွင် လှိုင်းဒဏ်စိုးရိမ်မှုကြောင့် လူနေအိမ်များ ယာယီပြောင်းရွေ့
Aug 05,2020
ရေးမြို့နယ်၊ ဇီးဖြူသောင်ကျေးရွာတွင် မုန်တိုင်းအန္တရာယ်သတိပေးထားခြင်းနှင့် လှိုင်းဒဏ် စိုးရိမ်မှုကြောင့် ပင်လယ်ကမ်းနဖူးရှိ လူနေအိမ်(၅၀)ကျော်ကို ရတနာအောင်မြေကျောင်းတိုက် အတွင်းရှိ ဓမ္မာရုံနှင့် ၎င်းတို့၏ နီးစပ်ရာအိမ်များသို့ ယမန်နေ့နေ့လယ်က ယာယီပြောင်းရွေ့ ပေးထားကြောင်း ဇီးဖြူသောင်ကျေးရွာ အုပ်ချုပ် ရေးမှူး ဦးအောင်ဆန်းဦးထံမှ သိရသည်။
အပြည့်အစုံ ဖတ်ရန်
ဒဂုံမြို့သစ်(အရှေ့ပိုင်း) မြို့နယ်တွင် ကွန်ကရစ်လမ်း အဆင့်မြှင့်တင်ခင်းခြင်း လုပ်ငန်းများအား ကွင်းဆင်းကြည့်ရှုစစ်ဆေး
Aug 05,2020
ရန်ကုန်အရှေ့ပိုင်းခရိုင်၊ ဒဂုံမြို့သစ်(အရှေ့ပိုင်း) မြို့နယ်ရှိ ပြည်သူများ လမ်းပန်းဆက်သွယ်ရေး လွယ်ကူ အဆင်ပြေချောမွေ့စေရန် ကွန်ကရစ်လမ်း အဆင့်မြှင့်တင် ခင်းခြင်းလုပ်ငန်းများကို ၂၀၁၉-၂၀၂၀ စည်ပင်သာယာဘတ်ဂျက်ဖြင့် သုံးခွရပ်ကွက် ရွာလယ်လမ်း၌ ယနေ့နံနက်ပိုင်းက ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
နတ်မောက်မြို့နယ်တွင် Cash For Work စီမံကိန်းဖြင့်ဆောင်ရွက်သော မြေသားရေကန်ပြုပြင်တူးဖော်ခြင်းလုပ်ငန်းများကွင်းဆင်းစစ်ဆေး
Aug 05,2020
မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့နယ် ဆုံမကျီးပင်အုပ်စု၊ကြက်သောက်တွင်းကျေးရွာတွင် မြေသား ရေကန် ပြုပြင် တူးဖော်ခြင်းလုပ်ငန်းများကို မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဦးဝင်းသူရ က ယမန်နေ့ ညနေ(၃)နာရီက ကွင်းဆင်းစစ်ဆေးခဲ့ကြောင်းသိရသည်။ “နတ်မောက်မြို့နယ်တွင် ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်တွင် Cash For Work စီမံကိန်းအရ ကျေးရွာတစ်ရွာလျှင် ထောက်ပံ့ရန်ပုံငွေ ကျပ်သိန်း(၁၀၀)စီဖြင့် ကျေးရွာတွင်အမှန်တကယ်လိုအပ်ပြီးပြည်သူလူထု များကို ကိုယ်တိုင် ပါဝင် လုပ်ဆောင်ကာ ချက်ချင်းလုပ်အားခပေးချေမှု စနစ်ဖြစ်သည်။
အပြည့်အစုံ ဖတ်ရန်
သရက်မြို့နယ်၊ စမ်းအိုင့်နှင့် ပိဿလိမ်းကျေးရွာများရှိ ရေဘေးရှောင်အိမ်ထောင်စုများအား ရိက္ခာဖိုးထောက်ပံ့ငွေများပေးအပ်
Aug 05,2020
မကွေးတိုင်းဒေသကြီး၊ သရက်မြို့နယ်အတွင်းရှိ ကျေးရွာများမှ ဧရာဝတီမြစ်ရေမြင့်တက်မှုကြောင့် ရေဝင်ရောက်သည့် ရေဘေးရှောင် အိမ်ထောင်စု(၄၁)စုအတွက် ဆန်ရိက္ခာဖိုးထောက်ပံ့ပေးအပ်ခြင်းကို ယမန်နေ့ နေ့လယ်(၂)နာရီက စမ်းအိုင့်ကျေးရွာဓမ္မာရုံနှင့် ပိဿလိမ်း ကျေးရွာ စာသင်ကျောင်းတို့တွင်သွားရောက် ပေးအပ်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
မိုးအဆက်မပြတ် ရွာသွန်းမှုကြောင့် မျိုးစေ့ထုတ်စပါးခင်းများ ပျက်စီးဆုံးရှုံးမှုမရှိစေရေး ဘားအံခရိုင် စိုက်ပျိုးရေးဝန်ထမ်းများ ကွင်းဆင်းကြည့်ရှု
Aug 05,2020
ကရင်ပြည်နယ်၊ လှိုင်းဘွဲမြို့နယ်တွင် ကိုဗစ်−၁၉ စီးပွားရေးကုစားမှုအစီအစဉ် (CERP)အရ မျိုးစေ့ထုတ် စပါးစိုက်ခင်းဧရိယာများတွင်
အပြည့်အစုံ ဖတ်ရန်
မကွေးတိုင်းဒေသကြီး ဂန့်ဂေါမြို့ ရုံးပေါင်းစုံလမ်း ကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်းဆောင်ရွက်
Aug 05,2020
မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါမြို့နယ် စည်ပင်သာယာရေးအဖွဲ့ ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ် ငွေလုံး ငွေရင်း ရန်ပုံငွေဖြင့် ဆောင်ရွက်လျက်ရှိသော မြို့မရပ်ကွက်ရှိ မြစ်သာမြစ်ရှောင်လမ်းနှင့် ဌာနဆိုင်ရာ ရုံးများသို့ ဆက်သွယ်သည့် ရုံးပေါင်းစုံလမ်း ကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်းကို ၁-၇-၂၀၂၀ ပြည့်နှစ်မှ စ၍ ဆောင်ရွက် လျက်ရှိကြောင်း မြို့နယ်စည်ပင်သာယာရေးအဖွဲ့ထံမှ သိရသည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
28214
Page
28215
Page
28216
Page
28217
Current page
28218
Page
28219
Page
28220
Page
28221
Page
28222
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department